သင်သည် မီးဖိုချောင်တစ်ခု၏
အပြင်အဆင်အထားအသိုအတွက် ဒီဇိုင်းပြုလုပ်ရမည်ဆိုလျှင် မီးဖိုချောင် ဒီဇိုင်းလုပ်ရန်
လိုက်နာသင့်သည့် အခြေခံစည်းမျဉ်းစည်းကမ်းများကို သိရှိနေရပါမည်။ အကယ်၍
ထိုသို့ လေ့လာသိရှိ မနေဘဲ ဒီဇိုင်းပြုလုပ်မိပါက တရုတ်လူမျိုးများ၏ အက္ခရာသင်္ချာပညာရပ်ကို သင်ကြားရခြင်းထက် ပိုမို ခက်ခဲနေပါလိမ့်မည်။
သင်၏မီးဖိုချောင်တည်ရှိသော နေရာသည်
အိမ်အတွင်းပိုင်းသို့ ၀င်ထွက်သွားလာနေသည့် လမ်းကြောင်း အတွင်းမှာရှိမနေသင့်ပါ။
ဆိုလိုသည်မှာ မီးဖိုချောင်အတွက် အဓိကလုပ်ဆောင်ရသည့် (မီးဖို၊ လက်ဆေးကန်၊
ရေခဲသေတ္တာ) ပစ္စည်းသုံးမျိုး ထားရှိသည့် တြိဂံပုံစံတည်ရှိနေမှုကို ဖြတ်သွားသည့်
အနေအထားမျိုး ဖြစ်မနေသင့်ပါ။ အကယ်၍ မဖြစ်မနေ ထားရမည်ဆိုပါက ရေခဲသေတ္တာကို
ချွင်းချက် အနေဖြင့် ထားပေးနိုင်ပါသည်။
ပုံ-၁ (အောက်) တွင် နံရံကပ် အလုံပိတ်မီးဖိုသည် ခန်းမကို
အဝင်အထွက်လုပ်သည့် တံခါး၏ ဘယ်ဘက်ခြင်းတွင် တည်ရှိနေပြီး ချက်ပြုတ်မှု
လုပ်ဆောင်ရသည့်တြိဂံကို
ဖြတ်ပြီး ထားရှိသည်ကို တွေ့နိုင်ပါသည်။ ဤ၀င်ထွက်လမ်း သည် အိမ်တစ်ခုလုံး၏
ဝင်ထွက်လမ်းများအတွက် အဓိက
ဝင်ပေါက် လမ်းကြောင်း သဖွယ်
ဖြစ်နေသဖြင့် နံရံကပ် အလုံပိတ် မီးဖိုကို ဘေးကင်းသည့်နေရာသို့ ရွှေ့ထားရန် အလွန်အရေးကြီးပါသည်။
ပုံ -၁ - လျှောက်လမ်း
အသွားအလာသည် မီးဖိုချောင်လုပ်ငန်းဆောင်တာ တြိဂံကို ဖြတ်သန်းသွားသည်။
ပုံ
(၂) တွင် ဖော်ပြထားသော နံရံကပ်အလုံပိတ် မီးဖိုသည် ဘေးကင်း လုံခြုံရေးအတွက် ပြဿနာ အဖြစ်
ရှိမနေတော့ပါ။ ပုံအရ ရေခဲသေတ္တာနှင့် နံရံကပ် အလုံပိတ် မီးဖိုကို နေရာ
အထားအသို ပြောင်းလဲလိုက်ခြင်း ကြောင့် ဖြစ်ပါသည်။
ပုံ -၂ - နံရံကပ်အလုံပိတ်မီးဖိုကို
ပိုမိုလုံခြုံသောနေရာသို့ ရွှေပြောင်းထားသည်။
ယခုလို ရွှေ့ပြောင်းလိုက်သော နံရံကပ်အလုံပိတ်မီးဖို၏ အနေအထားအသစ်သည်
စည်းမျဥ်းအမှတ်(၁၈) တွင် သတ်မှတ်ထားသော မီးဖိုဘေး၂ဘက်တွင် အနည်းဆုံး ၄၀၀ မီလီမီတာ (၁၆ လက်မ) ချန်ထားရမည်
ဆိုသည့် စည်းမျဥ်းအရ ကိုက်ညီနေသဖြင့် ကျေနပ်ဖွယ် ဖြစ်ပေမည်။
တဖန် နေရာသစ်ကိုရွေ့လိုက်သော ရေခဲသေတ္တာ၏ အနေအထားသည်လည်း စည်းမျဥ်းအမှတ်(၂၂) (ရေခဲသေတ္တာတံခါး၏ တံခါးဖွင့်သည့် ဘက်တွင်အနည်းဆုံး ၄၀၀မီလီမီတာ(၁၆ လက်မ) ရှိနေစေရန် လိုအပ်သည်) ဖြင့်လည်း
ကိုက်ညီနေသဖြင့် နှစ်သက်စဖွယ် ဖြစ်နေပါမည်။
ရေခဲသေတ္တာသည် မီးဖိုချောင်၏လုပ်ငန်းဆောင်တာတြိဂံ အပြင်ဘက်တွင် ထားရှိခြင်းသည် သင့်မိသားစုရှိ အခြားအိမ်သားများ
မီးဖိုချောင်းမှ ဖြတ်သွားဖြတ်လာ ပြုလုပ်ကြခြင်းက သင်၏ ချက်ပြုတ်ခြင်း နှင့် ချက်ပြုတ်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများကို
အနည်းငယ်သာ အနှောက်အယှက်ဖြစ်စေ နိုင်ပါသည်။
ထို့ကြောင့် ရေခဲသေတ္တာကို မီးဖိုချောင်လုပ်ငန်းဆောင်တာတြိဂံ၏
ပြင်ပတွင် ထားရှိခြင်းသည်လည်း အဆင်ပြေကြောင်း သတိပြု မှတ်သားသင့်ပါသည်။
မီးဖိုချောင် လုပ်ငန်းဆောင်တာတြိဂံ၏ စုစုပေါင်းအရှည် (မီးဖို-cooktop/
ရေခဲသေတ္တာ-fridge/
လက်ဆေးကန်-sink တို့အကြား စုစုပေါင်း
အကွာအဝေး အရှည်) သည်
၇၀၀၀ မီလီမီတာ (၂၃ပေ) ထက်မပိုစေရ။
မီးဖိုချောင်လုပ်ငန်းဆောင်တာတြိဂံ၏ စံသတ်မှတ်ထားသော
စုစုပေါင်း အရှည်သည် ၄၀၀၀
မီလီမီတာ (၁၃ ပေ)
နှင့် ၆၀၀၀ မီလီမီတာ (၁၉ ပေ)
ကြားတွင်ရှိသည်။
ကြီးမားကျယ်၀န်းသော မီးဖိုချောင် ရှိသူများအတွက် သီးခြားဇုန် ၂ ခု သို့မဟုတ် ၃ ခု ထားရှိရန် စဉ်းစားသင့်သည်။
ပုံ- ၃ မီးဖိုချောင် လုပ်ငန်းဆောင်တာတြိဂံ၏ စုစုပေါင်းအရှည်
တိုင်းတာပုံ။
မီးဖိုချောင်တွင်
ချက်ပြုတ်ပြင်ဆင်သော တြိဂံ အကွာအဝေးကို
တိုင်းတာရာတွင် (မီးဖို၊အလုံပိတ်မီးဖို/ ရေခဲသေတ္တာ/
ပန်းကန်ဆေးကန်)၊
စသည့်ပစ္စည်းများ၏ အလယ်နေရာမှ တိုင်းတာရမည်။ အထက်ပါ ပုံ(၃) တွင် မီးဖိုချောင် ဒီဇိုင်းစည်းမျဉ်းအမှား တစ်ခုကို
ထောက်ပြနိုင်ပါသလား။
ဗီရိုများ၏ အကျဥ်းဆုံး
တံခါး ဖွင့်လှစ်နိုင်မည့်အကွာအဝေးကို 800mm (31 ½လက်မ) ထားရှိရမည်။
မီးဖိုချောင်တွင် သုံးစွဲသည့် ပစ္စည်းများ၏ တံခါးများ (သို့) ဝင်/ထွက် ပေါက်တံခါးများသည်
မီးဖိုချောင် ချက်ပြုတ်ရေး လုပ်ကိုင်ရာတွင် နေရာတွင် အနှောင့်အယှက် မဖြစ်အောင်
ထားရမည်။
မီးဖိုချောင်
လုပ်ငန်းဆောင်တာတြိဂံ (မီးဖို-cooktop/
ရေခဲသေတ္တာ-fridge/ ပန်းကန်ဆေးကန်-sink တို့အကြားအကွာအဝေး)
တွင်ရှိသည့် ပစ္စည်းများ အကြားတွင် မြင်မားသည့် ဗီရိုများ၊
ပစ္စည်းသိုလှောင်ရန် အကန့်များ မထားရှိသင့်ပါ။
ပုံ- ၄ (အောက်တွင်ကြည့်ပါ) ဆေးကြောရေး
နှင့် ချက်ပြုတ်ရေး ပြုလုပ်ရာ နေရာနှစ်ခုကို အလယ်မှ မြင့်မားသည့် ရေခဲသေတ္တာြဖင့်
ပိတ်ကာထားသည်ကို ပြထားသည်။ ရေခဲသေတ္တာကို အခြားနေရာသို့ ပြောင်းရွှေ့မှသာ
ကောင်းမွန်ပေမည်။
ပုံ- ၄ - အဓိက လုပ်ကိုင်ရသည်
နေရာ နှစ်ခု အကြားတွင် မြင့်မားသည့် ကတ်ဘိနက်ကဲ့သို့ ပစ္စည်းများကို လုံးဝ
မထားသင့်ပါ။
ပုံ-၅ (အောက်တွင်ကြည့်ပါ) ရေခဲသေတ္တာကို
ဆေးကြောရေး နေရာ၏ ဘယ်ဘက်သို့ ရွှေ့ထားသည် ကိုပြထားသည်။ မီးဖို ခုံတန်းလျားရှည်ကို တစ်ဖြောင့်တည်း
ရှိနေလျှင် ယခုလို နေရာချထားခြင်းသည် အသင့်လျော်ဆုံး စီစဥ် ထားမှု ဖြစ်သည်။
ပုံ ၅ - အဓိက လုပ်ကိုင်ရသည်
နေရာ နှစ်ခု အကြားတွင် မြင့်မားသည့် ကတ်ဘိနက်ကဲ့သို့ ပစ္စည်းများကို မထား သောပုံ။
မီးဖိုချောင်ခန်း အတွင်းရှိ ကောင်တာ စားပွဲများ နှင့်
မီးဖိုခုံများ အကြား အကွာ အဝေးများကို ထမင်းစားခန်းများ အကြားအနည်းဆုံး ၁၀၀၀ မီလီမီတာ (၃၉လက်မ) ခန့်ထားရန်အကြံပြုသည်။
ပန်းကန်ဆေးစက်နှင့် မီးဖိုချောင်ကျွန်း(the kitchen island)(သို့) မီးဖိုချောင် အလယ်၌ထားသော စားပွဲးခုံ အထိအနည်းဆုံးအကွာအဝေးမှာ ၉၀၀ မီလီမီတာ
(၃၆လက်မ) အထိ
ထားသင့်သည်။
ပုံ -၆
- မီးဖိုခုံထိပ်နှင့် အလယ်ကျွန်းထိပ် အနည်းဆုံးအကွာအဝေ:ပြပုံ။
မီးဖိုချောင်တွင် ချက်ပြုတ်သူနှစ် ဦး ရှိလျှင် တစ်ဦး နှင့် တစ်
ကျောချင်းကပ် ရှောင်တိမ်း ဖြတ်သန်း သွားလာနိုင်ရန် အနည်းဆုံး ၁၂၀၀ မီလီမီတာ (၄၇လက်မ) လိုအပ်သည်။
ပုံ -၇
- လူနှစ်ဦး ကျောချင်းကပ် ဖြတ်နိုင်စေရန် မီးဖိုခုံထိပ် နှင့် အလယ်ကျွန်းထိပ်အနည်းဆုံး အကွာအဝေ:ပြပုံ။
ကောင်တာများအကြား
လူနှစ်ဦး လွတ်လပ် လွယ်ကူစွာ
ရှောင်တိမ်း သွားလာနိုင်ရန် ထားရှိလိုပါက
1500 mm (59လက်မ) လိုအပ်သည်။
ပုံ -၈
- လူနှစ်ဦး လွတ်လပ်စွာ ဖြတ်နိုင်စေရန် မီးဖိုခုံထိပ် နှင့် အလယ်ကျွန်းထိပ်အနည်းဆုံး အကွာအဝေ:ပြပုံ။
မီးဖိုချောင်တွင်
အများဆုံး အသုံးပြုသော နေရာဖြစ်သည့် ဆေးကြောသန့်စင်ရေးပြုလုပ်ရသည့် ပန်းကန်ဆေးကန်
ကို မီးဖိုချောင်လုပ်ငန်းဆောင်တာတြိဂံ၏ အလယ်တွင် ထားရှိသင့်သည်။
ပုံ -၉
- ပန်းကန်ဆေးကန်ကို
မီးဖိုချောင်လုပ်ငန်းဆောင်တာတြိဂံ၏ အလယ်တွင်ထားရန်
ပြထားသည့်ပုံ။
ပန်းကန်ဆေးကန်နှင့် မီးဖိုခုံ ကောင်တာ၏
အတွင်းပိုင်းထောင့်ရှိ အကွာအဝေးကို အနည်းဆုံးတန်
၃၀၀ မီလီမီတာ (၁၂လက်မ)
အထိ ထားရှိသင့်သည်။
ပုံ -၁၀
- ပန်းကန်ဆေးကန်အစွန်းနှင့် မီးဖိုခုံ ကောင်တာ၏
အတွင်းပိုင်းထောင့် အကွာအဝေး ပြပုံ။
ပန်းကန်ဆေးကန် ထားရှိသည့်ဧရိယာ၏
ဘယ်ညာတဖက်တချက်စီရှိ ကောင်တာမျက်နှာပြင်များတွင် နေရာ လွတ်များ ထားရှိသင့်သည်။ ဆေးကြောလုပ်ကိုင်နိုင်သော နေရာကို စုစုပေါင်း
အလျား အရှည် အနည်းဆုံး ၁၀၅၀
မီလီမီတာ (၄၁လက်မ)
ထားသင့်သည်။
ပန်းကန်ဆေးစက်ကို
ကောင်တာ ထောင့်နေရာတွင်
ထားရှိပါက လွယ်ကူစွာ သွားလာ လုပ်ကိုင်နိုင်ရန် ကောင်တာ
အတွင်းထောင့်မှ အနည်းဆုံး မီလီမီတာ ၅၀၀ (၂၀လက်မ) ခွာပြီး
ထားပေးရမည်။
ပုံ -၁၁
- ပန်းကန်ဆေးစက် နှင့် ကောင်တာထောင့် အကွာအဝေး ပြပုံ။
ပန်းကန်ဆေးစက်၏ ရှေ့တွင် အိုးခွက်
ပန်းကန်များ သယ်ယူ ရွေ့ပြောင်း နိုင်ရန် လူတစ်ယောက် ကောင်းစွာ ရပ်၍
လုပ်ကိုင်နိုင်ရန် နေရာထားပေးရမည်။
ပြတင်းပေါက်နှင့် လျှပ်စစ်မီးဖို ထိပ်မှ အကွာအဝေးကို အန္တရာယ်ကင်းသော
အကွာအဝေး
အဖြစ် အနည်းဆုံး
၄၀၀ မီလီမီတာ (၁၆လက်မ) ထားရှိသင့်သည်။
ပြတင်းပေါက်နှင့် ဓာတ်ငွေ့မီးဖို ထိပ်မှ အကွာအဝေးကို အန္တရာယ်ကင်းသော
အကွာအဝေး
အဖြစ် အနည်းဆုံး
၅၀၀ မီလီမီတာ (၂၀လက်မ) ထားရှိသင့်သည်။ (ဒေသန္တရ အစိုးရ၏ လမ်းညွှန်ချက်များ နှင့် တိုက်ဆိုင်
ညှိနှိုင်း စစ်ဆေးခြင်းသည်
အကောင်းဆုံး
ဖြစ်သည်။)
ချက်ပြုတ်သည့် မီးဖို၏ ဘယ်ညာ တစ်ဖက်တစ်ချက်ကို အနည်းဆုံး ၃၀၀ မီလီမီတာ (၁၂လက်မ) အထိ
နေရာလွတ်အဖြစ် ထားပေးရမည်။
ပုံ -၁၂
- မီးဖိုခုံ၏ ဘယ်ညာ တစ်ဖက်တစ်ချက်ကို အနည်းဆုံး အကွာအဝေး
ပြပုံ။
ချက်ပြုတ်သည့် မီးဖို၏ ထိပ်မျက်နှာပြင်အစွန်းမှ ကောင်တာထိပ်၏ အတွင်းဘက်ထောင့်အထိ နေရာကို အနည်းဆုံး ၃၀၀ မီလီမီတာ (၁၂လက်မ) အထိ
ထားရှိသင့်သည်။
ပုံ -၁၃-
မီးဖိုခုံ၏ မျက်နှာပြင် အစွန်းနှင့် ကောင်တာထိပ် အတွင်းထောင့် အနည်းဆုံ အကွာအဝေး
ပြပုံ။
ချက်ပြုတ်သည့် နေရာများတွင် အနံအသက် နှင့်
ညှော်များ စုပ်ထုတ်ရန် လေစုပ်စက်များ လိုအပ်ပါသည်။
ပုံ -၁၄-
ချက်ပြုတ်သည့် နေရာများရှိ အနံစုပ်ထုတ်ရန် လေထုတ်ယူခြင်းကို ပြပုံ။
စည်းမျဉ်း (၁၈)
မီးဖိုဘေးတွင်ဘယ်ညာတွင်
အနည်းဆုံး 400 mm (16″)
သတ်မှတ်ထားသောနေရာရှိရပါမည်။ အကယ်၍ ၎င်းအတိုင်း မဖြစ်နိုင်ပါက မီးဖို၏ ၁၂၀၀ မီလီမီတာ (၄၇လက်မ ) အတွင်းရှိခုံတစ်ခု
အတွင်း ဖြစ်နေလျှင် အဆင်ပြေပါသည်။
(ဤလမ်းကြောင်းသည် အဓိက လျှောက်လမ်းကို
ဖြတ်သွားသောနေရာ မဟုတ်လျှင်)
ပုံ -၁၅
- မီးဖို၏ ဘယ်ညာ တစ်ဖက်တစ်ချက် ထားရမည့် အနည်းဆုံး အကွာအဝေး
ပြပုံ။
မိုက်ကရိုဝေ့
(ဗ်) မီးဖိုဘေး ဘယ်၊ ညာတွင်လည်း အနည်းဆုံး ၄၀၀ မီလီမီတာ (၁၆လက်မ) သတ်မှတ်ထားသော နေရာရှိရမည်။ အကယ်၍ ၎င်းအတိုင်း မဖြစ်နိုင်ပါက မီးဖို၏ ၁၂၀၀ မီလီမီတာ (၄၇လက်မ ) အတွင်းရှိခုံတစ်ခု
အတွင်း ဖြစ်နေလျှင် အဆင်ပြေပါသည်။
(ဤလမ်းကြောင်းသည် အဓိက လျှောက်လမ်းကို
ဖြတ်သွားသောနေရာ
မဟုတ်လျှင်)
မီးဖိုချောင်၏
အလုပ်အရှုပ်ဆုံးနေရာ (သို့) ချက်ပြုတ်လုပ်ကိုင်ရာတွင် လွယ်ကူအဆင်ပြေဆုံး နေရာတွင် မိုက်ကရိုဝေ့ဗ် မီးဖိုကို
အတက်နိုင်ဆုံး ကြိုးစား ထားရှိသင့်သည်။
ကြမ်းပြင်မှ မိုက်ခရိုဝေ့ မီးဖို၏ (အောက်ခြေ) အမြင့်သည် မီလီမီတာ ၉၀၀ (၃၆လက်မ) နှင့် ၁၂၅၀ မီလီမီတာ (၄၉လက်မ) အကြားတွင် ရှိသင့်သည်။
ရေခဲသေတ္တာတံခါး၏ တံခါးအဖွင့်ဘက်တွင် အနည်းဆုံး ၄၀၀ မီလီမီတာ (၁၆လက်မ) အဖွင့်အပိတ်လုပ်ရန်
နေရာလွတ် လိုအပ်သည်။
အကယ်၍
၎င်းကဲ့သို့ မဖြစ်နိုင်ပါက ရေခဲသေတ္တာကို ၁၂၀၀ မီလီမီတာ (၄၇လက်မ) အတွင်းရှိ ခုံတန်းရှည် တစ်ခုအတွင်းမှာ
ဖြစ်နေမည်ဆိုလျှင် အဆင် ပြေပါသည်။ (ဤလမ်းကြောင်းသည် အဓိက လျှောက်လမ်းကို
ဖြတ်သွားသော နေရာ မှလွဲ၍)
ချက်ပြုတ်ပြီးနောက်
စားသောက်ရန်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်ရန် နေရာကိုလည်း ထည့်သွင်းစဉ်းစားပြီး သေချာစွာ နေရာအစီအစဉ်ချရန် လိုအပ်ပါသည်။ မီးဖိုသုံး ပစ္စည်းကိရိယာများ (ဥပမာ - ပန်းကန်ဆေးစက် စသည့်
ပစ္စည်းများ)ကို
အစားသောက် ပြင်ဆင်သည့်နေရာ နှင့် မလှမ်းမကမ်း အလွယ်တကူ သယ်ယူ လုပ်ကိုင် ပြင်ဆင်
နိုင်စေရန် ထားရမည်။
မီးခိုးစမ်းသပ်ရှာဖွေ စက်ကိရိယာများကို အသုံးပြုသော အမျိုးအစား အလိုက် သင့်တော်သောနေရာတွင် တပ်ဆင်ထား သင့်သည်။
မီးဖိုချောင်အတွင်း မီးသတ်ဆေးဗူး နှင့် မီးသတ်စောင်တစ်ခုကို အလွယ်တကူ
ယူငင်သုံးစွဲနိုင်သည့် နေရာတွင် တပ်ဆင်ထားရန် လိုအပ်ပါသည်။
ချက်ပြုတ်ရန် ပြင်ဆင်သည့် နေရာကို အနည်းဆုံး ၉၀၀ မီလီမီတာ (၃၆လက်မ) အကျယ်
ထားရှိသင့်သည်။
အလားတူစွာ အစားသောက်
တည်ခင်းရန် ပြင်ဆသည့် နေရာကိုလည်း အနည်းဆုံး ၉၀၀ မီလီမီတာ (၃၆လက်မ) အကျယ်
ထားရှိသင့်သည်။
အကယ်၍ နှစ်မျိုးသော ချက်စရာများ ပြင်ဆင်ရာတွင် ဖြစ်စေ လူ
နှစ်ယောက် ချက်ပြုတ်ဖို့ပြင်ဆင်လျှင်ဖြစ်စေ ကြိုတင်ပြင်ဆင်ရန်နေရာ ၂ ခုသီးခြား ၉၀၀
မီလီမီတာ (၃၆လက်မ)
မရှိပါက အကျယ်
၁၅၀၀ မီလီမီတာ (၅၉လက်မ)
အကျယ်အဝန်းသည် လုံလောက်ပါသည်။
ပုံမှန် အသုံးပြုနေကျ ပစ္စည်းများကို မျက်စိ
နှင့် ခါးအမြင့် နှစ်ခု အကြားရှိ အမြင့်နေရာများတွင် မြင်လွယ်၊ တွေ့လွယ်၊
အသုံးပြုရ လွယ်ကူအောင် သိမ်းထားပါ။
၁၈၀၀ မီလီမီတာ
(၇၁လက်မ) သည်
အန္တရာယ် ကင်းပြီး စိတ်ချရသော
အမြင့်အဖြစ် မှတ်ယူနိုင်သည်။
ပစ္စည်းများကို ပထမဦးစားပေး သို့မဟုတ် နောက်ဆုံးသုံးရန်စသည်
စီစဥ်စဥ်းစားပြီး သိမ်းဆည်းနေရာချ ထားသင့်သည်။ လေးလံသော စက်ကိရိယာများကို ကြမ်းပြင်နှင့် အနီးဆုံးအမြင့်နေရာတွင်သာ ထားသင့်သည်။
မီးဖို စားပွဲခုံ ကောင်တာ၏ အမြင့်ကို စဉ်းစားသောအခါ ချက်ပြုတ်သည့်
အိုးခွက်များကို မယူသယ်ဆောင် ရာတွင် တံတောင်ဆစ် အထက်သို့ ရောက်သည့်အထိ
မမြှောက်ခြင်း မပြုရအောင် ချက်ပြုတ်သူ အတွက်
သက်သာ လွယ်ကူစေရန် ဒီဇိုင်းပြုလုပ်သင့်သည်။
စားပွဲဝိုင်းရှိထိုင်ခုံ နှင့်
နောက်ဘက်ရှိ နံရံ အကွာအဝေးကို ကုလားထိုင် ဆွဲထုတ်နိုင်ရန်
အနည်းဆုံး ၆၀၀ မီလီမီတာ (၂၄လက်မ) ထားရှိသင့်သည်။
ပုံ -၁၆
- စားပွဲဝိုင်းရှိထိုင်ခုံ နှင့်
နောက်ဘက်ရှိ နံရံ အကွာအဝေးပြပုံ။
လူတစ်ဦးထိုင်နေသော
စားပွဲ၀ိုင်းရှိ ထိုင်ခုံနောက်မှ လူတစ်ယောက် ဘေးတစောင်း ဖြတ်သွားနိုင်စေရန်
အကွာအဝေးကို အနည်းဆုံး ၉၀၀
မီလီမီတာ (၃၆လက်မ)
ထားရှိသင့်သည်။
ပုံ -၁၇
- စားပွဲဝိုင်းရှိလူတစ်ဦးထိုင်နေသောထိုင်ခုံ
နောက်မှ လူတစ်ယောက်ဘေးတစောင်း ဖြတ်သွားနိုင်သည့် အနည်းဆုံး အကွာအဝေး ပြပုံ။
လူတစ်ဦးထိုင်နေသော
စားပွဲ၀ိုင်းရှိ ထိုင်ခုံနောက်မှ လူတစ်ယောက် ပုံမှန် လမ်းလျှောက်
ဖြတ်သွားနိုင်စေရန် အကွာအဝေးကို အနည်းဆုံး၁၁၀၀ မီလီမီတာ (၄၃လက်မ) ထားရှိသင့်သည်။
ပုံ -၁၈ - စားပွဲဝိုင်းရှိလူတစ်ဦးထိုင်နေသောထိုင်ခုံ
နောက်မှ လူတစ်ယောက်ပုံမှန် လမ်းလျှောက်ဖြတ်သွားနိုင်သည့် အနည်းဆုံး အကွာအဝေး
ပြပုံ။
မီးဖိုချောင်သုံး ပစ္စည်းကိရိယာများအတွက် ထုတ်လုပ်သူများ တပ်ဆင်ရန် ညွှန်ကြားထားချက်များကို အမြဲတမ်း ဖတ်ရှုလိုက်နာပါ။
မီးဖိုချောင် ဒီဇိုင်းများအားလုံးသည် သက်ဆိုင်ရာ
နိုင်ငံကသတ်မှတ်ထား မီးဖိုချောင် အသုံးပြုမှုစံနှုန်းများနှင့် ကိုက်ညီသင့်သည်။
မီးဖိုချောင်အတွက် သဘာဝအလင်းရောင်ရရှိစေသော
ဧရိယာသည် မီးဖိုချောင်
စုစုပေါင်း ကြမ်းပြင် ဧရိယာ၏ ၁၀% ထက်မနည်း
ထားရှိခြင်းသည် ကောင်းမွန်လိုက်နာသင့်သော စည်းမျဥ်းဖြစ်သည်။
သဘာဝ လေဝင်လေထွက်ကို ပြတင်းပေါက်များ၊ တံခါးများ သို့မဟုတ် ဖွင့်နိုင် ပိတ်နိုင်သော အခြာ ကိရိယာများ ဖြင့် ပြုလုပ်ရမည်။ အနည်းဆုံး
ဧရိယာသည် စုစုပေါင်း
မီးဖိုချောင် ကြမ်းခင်းဧရိယာ၏ ၅% ထားရှိမှသာ
ခွင့်ပြု သင့်သည်။