Tuesday, June 18, 2013

တရားအားထုတ်ရန် အခန်းလေးတစ်ခန်းအား ဖန်တီးကြည့်ခြင်း


တရားအားထုတ်ရန် အခန်းလေးတစ်ခန်းအား ဖန်တီးကြည့်ခြင်း 

 
တရားအားထုတ်ရန်အခန်း ဒီဇိုင်းတစ်ခုကို ပြင်ဆင်ရတာဟာ ကြည်နူးကျေနပ်စရာကောင်းတဲ့ အလုပ်တစ်ခုပါ။ တကယ်လို့ သင့်မှာတရားထိုင်ဖို့ နေရာတစ်ခုလောက် ရှိမယ်ဆိုရင်တော့ ဒီစာစုဟာ သင့်ကိုယ်ပိုင် အေးချမ်းဆိတ်ငြိမ်တဲ့ နေရာလေးတစ်ခု တည်ဆောက်ဖို့ အကူအညီပေးပါလိမ့်မယ်။
ကျွန်တော့်စိတ်ကူးယဉ် အိမ်ကလေးထဲမှာ တရားထိုင်ဖို့အတွက် ရည်ရွယ်ပြီး အခန်းလေးတစ်ခန်းကို ပြင်ဆင်ထားပါတယ်။ အဲဒီအခန်းလေးဟာ ကျွန်တော့အတွက်တော့ ပြင်ဆင်ရကျိုးနပ်ပြီး ကျွန်တော်အကြိုက်ဆုံး အခန်းလေးတစ်ခန်း ဖြစ်ပါတယ်။
တရားစခန်းကို တက်ရောက်တိုင်း ကျွန်တော်သွားတဲ့နေရာရဲ့ အပြင်အဆင်၊ မွမ်းမံပုံကို အမြဲသတိထားမိပါတယ်။ တရားထိုင်ဖို့နေရာပြင်ဆင်မှုနဲ့ အချိန်ပေါ်မူတည်ပြီး ခြားနားမှုများကို တွေ့နိုင်ပါတယ်။ အခန်းဟာ နွေးထွေးပြီး လေဝင်လေထွက်ကောင်းရင် သင်တန်းတက်ရောက်သူတွေကို စိတ်သက်သာမှုရစေပြီး တရားထိုင်ဖို့အတွက် သမာဓိကိုပါ ခိုင်မာစေပါတယ်။
တရားထိုင်တဲ့ အတွေ့အကြုံကောင်းရနိုင်တဲ့ တရားအားထုတ်ရန် အခန်းအတွက် ဒီစာစုကိုဖတ်ခြင်းဖြင့် အထောက်အကူ ရစေပါလိမ့်မယ်။ ကိုယ်တိုင် အသုံးပြုဖို့ဖြစ်ဖြစ်၊ သင်တန်းပို့ချဖို့ပဲဖြစ်ဖြစ်၊ ဘယ်လိုအနေထားမှာဖြစ်စေ အခန်းပြင်ဆင်မှုနဲ့ လေဝင်လေထွက်ကောင်းမွန်မှုတို့ဟာ ကောင်းမွန်ပြည့်စုံတဲ့ အခန်းတစ်ခန်း ရဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ တရားအားထုတ်ရန် အခန်း
ကောင်းတစ်ခန်း ဖြစ်ဖို့ဆိုရင် အခန်းကိုအသုံးပြုမယ့်လူတွေရဲ့ လိုအပ်ချက်ကို အလေးထားဖို့လိုပါတယ်။ (ဥပမာ- ဘာအရောင်သုတ်မလဲ၊ အခန်းအပူအအေးအတွက် ဘယ်လိုစီမံမလဲ၊ ပြင်ပဆူညံသံများကို ဘယ်လိုကာကွယ်ပေးမလဲ၊ ဘယ်လိုကိရိယာသုံးမလဲ)။

အခြားမစဉ်းစားမိတဲ့ အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဥပမာ- တရားအားထုတ်ရန်အခန်း ကိုဆေးသုတ်မယ်ဆိုရင် အပူစုတ်ယူမှုအားနည်းတဲ့အရောင်ကို သုံးသင့်တယ်။ ဒါမှသာ တရားအားထုတ်ရန်အခန်း ထဲသို့ မီးခိုးနှင့် အခြားဓာတု ဓာတ် ငွေ့ဝင်ရောက်မှုနည်းမှာဖြစ်ပါတယ်။
အခန်းအပြင်အဆင်နဲ့ ဒီဇိုင်းကိုစဉ်းစားရတာဟာ ပျော်စရာမကောင်းပေမယ့် စဉ်းစားဖန်တီးလိုက်ရင်တော့ သင့်အိပ်မက်ထဲက တရားအားထုတ်ရန်အခန်း ကိုပုံဖော်နိုင်မှာဖြစ်ပါတယ်။ ဒီစာစုကိုဖတ်ပြီးချိန်မှာတော့ သင့်ရဲ့အခန်းလေးကို စိတ်မှန်းနဲ့မြင်နိုင်ပြီး တရားထိုင်စဉ်မှာ လိုအပ်နိုင်မယ့် လိုအပ်ချက်များကို သိရှိနိုင်မှာဖြစ်ပါတယ်။
အကောင်းဆုံးကတော့ သင့်ရဲ့ တရားအားထုတ်ရန်အခန်း ဟာ ရှုပ်ထွေးမှုမရှိဘဲ ငြိမ်းချမ်းနေတဲ့အခန်းလေးဖြစ်သင့်ပါတယ်။ သန့်ရှင်းတဲ့ဒီဇိုင်းမျိုးရှိသင့်ပြီး လေထုကလဲ စိတ်ကိုလန်းဆန်းစေနိုင်မယ့် အပြင်အဆင်မျိုး ဖြစ်သင့်ပါတယ်။ ပရိဘောဂကြောင့်မဟုတ်ဘဲ အပူချိန်နဲ့အလင်းရောင်ကလည်း သက်သောင့်သက်သာ ဖြစ်သင့်ပါတယ်။ တရားထိုင်ဖို့အတွက်လိုအပ်တဲ့ ကိရိယာနဲ့ ပစ္စည်းများအတွက် လုံလောက်တဲ့ နေရာအကျယ်အဝန်းလည်း ရှိရပါမယ်။
ဒီတော့ တရားအားထုတ်ရန်အခန်း ဒီဇိုင်းအတွက် စဉ်းစားရမယ့်အရေးကြီးအချက်များကို သင့်ကိုရှင်းပြပါ့မယ်။



Overall Room Theme

တရားအားထုတ်ရန်အခန်း အဖြစ်ရှိသင့်တဲ့ အပြင်အဆင်ကို အကျယ်စရှင်းပြပါ့မယ်။ အရောင်၊ ပရိဘောဂစတဲ့ဒီဇိုင်း များကိုမစဉ်းစားခင် အကောင်းဆုံးနည်းလမ်းကတော့ သင့် တရားအားထုတ်ရန်အခန်း အတွက် Theme အားလုံးကိုရွေးချယ်ခြင်းပဲဖြစ်ပါတယ်။
တရားအားထုတ်ရန်အခန်း ရဲ့Theme ကိုပုံဖော်ပြီးပြီဆိုရင်တော့ အခြားလိုအပ်မယ့်ဒီဇိုင်းများကို ရွေးချယ်ဖို့ လွယ်ကူသွားပါလိမ့်မယ်။ အခန်းတစ်ခန်းကို ပြင်ဆင်ဖို့အတွက် ဒီဇိုင်းအားလုံးဟာအချိတ်အဆက်ရှိတယ်ဆို တာ သင်မြင်တွေ့နိုင်မှာပါ။ ဒါတွေကတော့ သင့် တရားအားထုတ်ရန်အခန်း အတွက် Theme အချို့ပဲဖြစ်ပါတယ်။ ဒါတွေဟာ သင့်စိတ်ထဲက တရားအားထုတ်ရန်အခန်း ကို ဖန်တီးဖို့ရာ အထောက်အပံ့ပေးတဲ့ ဒီဇိုင်းတွေသာဖြစ်ပါတယ်။



The resort

Resort ဒီဇိုင်း တရားအားထုတ်ရန်အခန်း ကတော့ နိုင်ငံခြားသားများအပန်းဖြေဖို့အတွက် စဉ်းစားပြင်ဆင်ထားတဲ့ ဒီဇိုင်းပါ။ Balinese retreat(သို့) day spa ဟုနာမည်တပ်ပါတယ်။ အားလပ်ရက်မှာ အပန်းဖြေမယ့်နေရာလေးကို စိတ်ကူးကြည့်ပြီး အဲဒီနေရာလေးရဲ့ အပြင်အဆင်လေးကို ကြိုးစားပုံဖော်ကြည့်ပါ။


Spartan / Minimalistic



အခန်းငယ်များကတော့ ထုံးစံအားဖြင့် အလင်းအားများများ၊ ကြားစပ်အရောင်များနှင့်ဖန်တီးပြီး ရှင်းလင်းတဲ့နေရာရှိပါတယ်။ အခန်းငယ်အတွင်း မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းများဖြင့်သာ ဆင်ယင်ကြတယ်။ ၎င်းအမျိုးအစား တရားအားထုတ်ရန်အခန်း ကတော့ရှင်းလင်း အေးချမ်းပြီး ရှုပ်ထွေးမှုအလျင်းမရှိတဲ့အခန်းငယ်ပါ။



The rainbow



သစ်လွင်တောက်ပတဲ့အရောင်တွေနဲ့ပေါ့။ လူတချို့ကမနှစ်သက်ပေမယ့် အချို့အတွက်တော့ လန်းဆန်းစေပါတယ်။ Rainbow theme ဖြင့်တမူထူးတဲ့အရောင်များဖန်တီးနိုင်ပါတယ်။ နံရံတချပ်စီကို အရောင်တစ်မျိုးစီသုတ်ခြင်း၊ ပရိဘောဂများကို အရောင်တောက်တောက်များသုံးခြင်း၊ အရောင်စုံပန်းချီများဖြင့် မွမ်းမံနိုင်ပါတယ်။ တစ်ဝက်တစ်ပျက် မလုပ်ဖို့တော့လိုပါတယ်။ သင့် တရားအားထုတ်ရန်အခန်း ကိုအရောင်မျိုးစုံနဲ့ဆင်ယင်လိုက်ပါ။      


The cocoon


ပိုးအိမ်လေးလို တရားအားထုတ်ရန်အခန်း ကတော့ နွေးထွေးမှု၊ ဖိတ်ခေါ်မှု၊ ခြံရံမှု၊ ဧကစာကျင့်မှုတို့အတွက်ပေါ့။ cocoon effect ကတော့ အခန်းကျယ်မှာပြင်ဆင်ရခက်ခဲတဲ့အတွက် အခန်းကျဉ်းမှာပဲအဆင်ပြေပါတယ်။ အရောင်မှိုင်းမှိုင်းသုံးထားတဲ့အခန်းမှာ သဘာဝဖယောင်းတိုင်အလင်းရောင်လေး နဲ့ပြင်ဆင်လိုက်ရင်တော့ cocoons ဟာသင့်ကို နွေးထွေးမှုနဲ့ ငြိမ်းချမ်းမှုကိုဆောင်ကျဉ်းပေးမှာပါ။        



The Illuminator

လူအတော်များများကတော့ Cocoon ကိုနှစ်သက်ခြင်းမရှိကြပါဘူး။ အလင်းရောင်များတဲ့အခန်းဟာ လွတ်လပ်၊ ကျယ်ပြန့်ပြီး သဘာဝအလင်းရောင်အပြည့်ရရှိပါတယ်။ အလင်းအားပေးတဲ့အရောင်၊ သက်သောင့်သက်သာရှိတဲ့ ပရိဘောဂနဲ့ ပေါ့ပါးတဲ့အဝတ်အစားတို့ဖြင့် ပေါင်းစပ်လိုက်ပါက သန့်စင်တောက်ပတဲ့နေရာကို ခံစားရရှိမှာပါ။       


The Temple

ဘုရားကျောင်းအပြင်အဆင် ဘုရားကျောင်း၊ ဗိမာန်နဲ့ ကိုးကွယ်ရာနေရာများကို နမူနာယူဆောက်လုပ်ထားတာပါ။ အများစုကတော့ သဘာဝကရတဲ့ကျောက်၊ သစ်၊ အမွေးနံ့သာ၊ ဖယောင်းတိုင်များနဲ့ ဆင်ယင်ကြပါတယ်။ အာရှ (သို့) အာဖရိကန်ယဉ်ကျေးမှုများရဲ့ လွမ်းမိုးမှုအောက်မှာရှိတဲ့ ဒီဇိုင်းပါ။


Create your own personal theme

သင့်ရဲ့စိတ်ကူးကကော။ သင့်အတွက်ငြိမ်းချမ်းမှုကို ခံစားစေနိုင်မယ့်နေရာက ဘာပါလဲ။ တရားထိုင်ဖို့၊ အပန်းဖြေဖို့တွေးမိတဲ့အခါ သင့်စိတ်ထဲမှာဘယ်နေရာ၊ ဘာပုံရိပ်တို့ဝင်လာပါသလဲ။ သင့်အတွေးတွေကို လွတ်လပ်စွာထားပြီး သင့်ကိုယ်ပိုင်အရိပ်အမြုံလေးကိုစဉ်းစားကြည့်ပါ။ သင်ကိုယ်တိုင်သုံးဖို့ တရားအားထုတ်ရန်အခန်း ကိုဒီဇိုင်းဆွဲမယ်ဆိုရင် သင့်ကိုယ်ပိုင်စိတ်ကူးကလွဲပြီး အခြားသူတို့စိတ်ကူးကိုမသုံးပါနဲ့။ အကောင်းဆုံးနဲ့ အလှဆုံးဖြစ်အောင်လုပ်ဆောင်လိုက်ပါ။  

  
Colour Schemes


တရားအားထုတ်ရန်အခန်း အတွက်အပြင်အဆင်ကို စဉ်းစားပြီးပြီဆိုရင် အရောင်ကိုစရွေးချယ်လို့ရပါပြီ။ အရောင်ရွေးဖို့ကတော့ ဘာစည်းမျဉ်းစည်းကမ်းမှမလိုပါ။ သင့်အကြိုက်အရသာ အရောင်ရွေးချယ်နိုင်ပါတယ်။ သို့သော် စဉ်းစားရမယ့်အချက်တချို့တော့ရှိပါတယ်။
ပထမကအချက်တော့ အရောင်တွေဟာခံစားချက်ကို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ဒါကိုတော့ အတွင်းစိတ်က သိပြီးသားဖြစ်မှာပါ။ သို့ပေမဲ့ အရောင်တွေကြောင့် စိတ်ခံစားချက်၊ စိတ်လှုပ်ရှားချက်နှင့် ရုပ်ပိုင်းဆိုင်ရာပါပြောင်းလဲသွားခြင်းကို သိပ္ပံနည်းနဲ့စမ်းသပ်ပြီး သက်သေပြနိုင်တာကိုသိရင်တော့ သင်အံ့အားသင့်သွားနိုင်ပါတယ်။ သွေးဖိအား၊ ကိုယ်ခန္ဓာအပူချိန်၊ ဆန္ဒတို့ဟာ အရောင်ပေါ်တည်မီပြီး ပြောင်းလဲနိုင်တဲ့အတွက် အကောင်းဆုံးအကျိုးသက်ရောက်မှုရှိတဲ့ အရောင်များကို ရွေးချယ်ဖို့လိုပါတယ်။
အခန်းထဲဝင်လိုက်ရင် ဘယ်လိုခံစားချက်လိုချင်လဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပါ။ ပြီးရင် သင့်ခံစားချက်ကို အထောက်အကူဖြစ်မယ့်အရောင်မျိုးကို တွေးကြည့်ပါ။

သင့် တရားအားထုတ်ရန်အခန်း ကိုဝင်လိုက်တာနဲ့ ဘယ်လိုခံစားချက်မျိုးလိုချင်လဲဆိုတာကိုဖော်ပြနိုင်အောင် သင့်ခံစားချက်တွေကိုချရေးကြည့်လိုက်ပါ။ ငြိမ်းချမ်းမှု၊ ညီမျှမှု၊ တညငြိမ်မှု၊ လန်းဆန်းမှုစတဲ့စကားလုံးများကို အသုံးပြုပါ။ အရောင်တွေကိုတွေးကြည့်ပြီး သင့်စိတ်ခံစားချက်ကိုပုံဖော်ကြည့်ပါ။ သင်ဘယ်လိုလူဆိုတာခံစားကြည့်ပါ။ သင့်စိတ်ကူးထဲမှာရှိတဲ့အရောင်နဲ့ ကိုက်ညီမှုရှိပါရဲ့လား။

Colours and space perception 

 












သင်ရွေးတဲ့အရောင်ဟာ အခန်းအပေါ်ထားတဲ့ သင့်အတွေးအမြင်ကိုထိရောက်မှုရှိပါတယ်။ ဥပမာ အရောင်ရင့်များဟာစိတ်သက်သာမှုရစေပေမယ့် အခန်းကိုကျဉ်းသယောင်ထင်မြင်မိနိုင်ပါတယ်။ အရောင်နုကတော့ ကျယ်တဲ့အမြင်ရပေမယ့် နွေးထွေးမှုနည်းပါတယ်။

Colors Selection



အတွင်းပြင်ဆင်သူအများစုက အရောင်ရင့်သုံးခြင်းကို ရှောင်ကြပါတယ်။ သို့ပေမယ့် အရောင်ရင့်တွေက သင့်အတွက် သင့်လျော်တယ်ဆိုရင်တော့ အယူအဆတွေကိုမေ့ပြီး သင်ကြိုက်တဲ့အရောင်သာသုံးပါ။ သင့်စိတ်ကြိုက်အပြင်အဆင်ကိုသာ စိတ်ထဲထည့်ပြီး သင့်ဗီဇအတိုင်းသာလုပ်လိုက်ပါ။
တရားအားထုတ်ရန်အခန်း အရောင်နဲ့ပတ်သက်ပြီး ဒွိဟဖြစ်နေရင်တော့ သင့်စိတ်ထဲရှိတဲ့အရောင်ကို နံရံတချပ် နှစ်ချပ်လောက်သုတ်ပြီးစမ်းကြည့်လိုက်ပါ။

More tips on color and paint





60:30:10 design rule ကိုကြားဖူးပါသလား။ အဲဒီ design rule ဟာ အခန်းတစ်ခန်းမှာ သုံးသင့်တဲ့အရောင် အချိုးအစားပဲဖြစ်ပါတယ်၊ ၆၀% dominant colour၊ ၃၀% intermediate colour ၊ ၁၀% accent colour ဖြစ်ပါတယ်။ dominant colour ကတော့ နံရံဧရိယာအများစုအတွက်၊ intermediate colourကတော့ နံရံတချပ်သာသုတ်ရန်အတွက်သုံးပြီး၊ accent colour ကတော့ ပြတင်းပေါက်ဘောင်နဲ့ တံခါးတွေမှာသုံးပါတယ်။ monochromatic room တွေကတော့ နည်းနည်းရိုးစင်းပါတယ်။ သို့ပေမဲ့ အရောင်တွေအရမ်းများလွန်းသွားရင်တော့ စိတ်အာရုံထွေပြားသွားနိုင်ပါတယ်။ 60:30:10 design rule ဟာ ညီမျှမှုရှိဖို့အတွက် သိပ်ကိုကောင်းလှတဲ့ hint ဖြစ်ပါတယ်။ အရောင်ရွေးချယ်ဖို့ အခက်အခဲရှိရင်တော့ ဆေးသုတ်ဆေးဆိုင်ကိုသာ သွားလိုက်ပါ။ အများစုကတော့ အခမဲ့အစမ်း ဆေးသုတ်မပေးရင်တောင် အရောင်ဇယားနဲ့ အရောင်ခန့်မှန်းမှုကို အခမဲ့ပေးပါတယ်။ သုတ်ဆေးထုတ်လုပ်သူတွေကတော့ အရောင်စုံရွေးချယ်တဲ့ ဆော့ဝဲလ်နဲ့ colour scheme advice ပါဝင်တဲ့ online guide ကို offer ပေးပါတယ်။

Paint and air quality



တရားအားထုတ်ရန်အခန်း ကိုလေကောင်းလေသန့်ဝင်ရစေလိုပါက ဓာတုဓာတ်ငွေ့စုပ်ယူမှုနည်းတဲ့ low-emission ဆေးကိုသုံးပါ။ off-gasssing လုပ်ငန်းစဉ်မှာတော့ ဆေးခြောက်ပြီးလအတော်ကြာတဲ့အချိန်အထိ သုတ်ဆေးဟာလေထုထဲကို ဓာတုထုတ်လုပ်မှုကမာဏအလွန်နည်းပါတယ်။ low-emission ဆေးကတော့ ဒီ Effect လျှော့ချပေးပါတယ်။ တရားအားထုတ်ရန်အခန်း ကို high-gloss paints သုံးဖို့ရည်ရွယ်ရင်တော့ water-based variety ကိုရွေးချယ်ဖို့လိုအပ်ပါတယ်။ Oil-based hight gloss paints တွေကတော့အမြင်လှပေမဲ့ ဆေးခြောက်ဖို့ရက်ကြာပြီး ဆေးခြောက်တာတောင် ရက်သတ္တပတ်ထိအနံ့တွေရှိနေနိုင်ပါတယ်။

Lighting



အရောင်ပြီးတော့ အလင်းအမှောင်ကဏ္ဍကို ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ အရောင်နဲ့ အလင်းအမှောင်ဟာ တန်ပြန်သက်ရောက်မှုရှိလို့ပါပဲ။ ဥပမာ နွေးထွေးစေတဲ့အရောင်ကိုသုံးပြီး အခန်းဆင်ယင်ပြီးတာတောင် အလင်းအမှောင်ရွေးချယ်မှုမှားရင် အခန်းဟာအေးတယ်လို့ ထင်ရနိုင်ပါတယ်။ အရောင်နဲ့ အလင်းအမှောင်ပေါင်းစပ်သုံးတဲ့ပုံပေါ်မူတည်ပြီး အခန်းတခန်းဟာ အမြင်အရ ပိုကျဉ်းသွားနိုင်သလို ပိုလည်းကျယ်သွားနိုင်စေပါတယ်။ အလင်းအားနည်းရင်တော့ အခန်းမှာသုတ်ထားတဲ့ သုတ်ဆေးအရောင်ကို ပိုရင့်သွားစေပါတယ်။ အလင်းအားများရင်လည်း အခန်းအရောင်ကို ပိုဖျော့သွားစေပါတယ်။

Light Control


တရားအားထုတ်ရန်အခန်း ကိုဒီဇိုင်းပြင်မယ်ဆိုရင် အလင်း Level ကိုထိန်းချုပ်ဖို့လိုပါတယ်။ တရားအားထုတ်ရန်အခန်း မှာပြတင်းပေါက်တွေရှိမယ်ဆိုရင် လိုက်ကာတွေရှိဖို့လိုအပ်ပါတယ်။ ခပ်မှိန်မှိန်အလင်းအတွက်ဆိုရင်တော့ အခန်းရဲ့ အလင်းကို ထိန်းညှိပေးနိုင်တဲ့ overhead lights ကအကောင်းဆုံးဖြစ်ပါတယ်။ လုံးဝမှောင်မိုက်နေတဲ့အခန်းမှာ တရားမထိုင်ဖို့တော့ တိုက်တွန်းပါတယ်။ personal အရဆိုရင် လုံးဝမှောင်မိုက်နေတဲ့အခန်းမှာ တရားထိုင်ရတာ ကျွန်တော်မကြိုက်ပါဘူး၊ အရမ်းလင်းတဲ့အခန်းကိုလဲ မကြိုက်ပါဘူး၊ ဒါကြောင့် ဖယောင်းတိုင် (သို့) overhead lights လေးကိုထွန်းပြီး ထိုင်လေ့ရှိပါတယ်။ ဖယောင်းတိုင်နဲ့ပတ်သက်ပြီးလည်းပြောစရာရှိပါသေးတယ်။

Light quality



အလင်းကို အပူနှင့်အအေးဆိုပြီး (အပြာ၊ အဝါ)၂ မျိုးခွဲခြားထားပါတယ်။ တရားအားထုတ်ရန်အခန်း အတွက် နွေးထွေးစေတဲ့အလင်းရောင်ဟာ အသင့်တော်ဆုံးပါပဲ။ မမှန်းဆနိုင်သေးဘူးဆိုရင်တော့ ဖယောင်းတိုင်အလင်းဟာ နွေးထွေးမှုကိုပေးပြီး အခြားအလင်းရောင်ထက် သဘာဝဆန်တဲ့ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်ပါတယ်။
ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ fluorescent lighting ကိုရှောင်ပါ။ fluorescent lighting ဟာအအေးဆုံး၊ အပြာဆုံးနဲ့ sterile အဖြစ်ဆုံးဖြစ်ပါတယ်။ lighting fixtures ဟာအလင်းတည်ငြိမ်မှုမရှိပါ။ အလင်းငြိမ်သက်မှုမရှိဘဲ တလှုပ်လှုပ်ဖြစ်နေပါတယ်။ အချို့လူတွေအတွက်ဆို ဒေါသထွက်စေပြီး ခေါင်းပါကိုက်စေနိုင်ပါတယ်။
အချို့နိုင်ငံတွေမှာတော့ စွမ်းအင်ချွေတာဖို့အတွက် ရိုးရာမီးလုံးတွေကိုအသုံးပြုဖို့ တားဆီးထားပြီး fluorescent globes ကိုသာသုံးစွဲကြပါတယ်။ fluorescent globes ထုတ်လုပ်သူအများစုဟာ fluorescence ရဲ့အေးစေတဲ့ အလင်းထွက်ရှိဟာ ရေပန်းမစားအတွက် ခုနောက်ပိုင်းတော့ warm fluorescent globes ကိုသာ ဒီဇိုင်းဆင်မှာကြပါတော့တယ်။
ရိုးရာသုံး filament light globes and halogen light globes တွေဟာ နွေးထွေးမှုကို ဆောင်ကြဉ်းပေးပါတယ်။ blue-tinted halogen globes ကတော့ အေးစေတဲ့အလင်းရောင်ကို ကြိုက်တဲ့လူတွေအတွက် သင့်တော်တယ်ဆိုတာတော့ နားလည်ထားပါ။ သင်အကြိုက်ဆုံး ပစ္စည်းမဟုတ်ရင်တော့ ယင်းကဲ့သို့ halogen globe ကိုရှောင်ကြဉ်သင့်ပါတယ်။       

Feature lighting and lamps



တရားအားထုတ်ရန်အခန်း ကိုအလင်းနဲ့ ထိန်းညှိမယ်ဆိုရင်တော့ အပိုမီးချောင်းပေါင်းထည့်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ပုံထဲကအတိုင်း အလင်းကိုသင့်အခန်းမှာသုံးမယ်ဆိုရင်တော့ လေထုကိုပါ အကျိုးရှိစေပါတယ်။ Salt crystal lamps တွေကတော့ ယနေ့ခေတ် တရားအားထုတ်ရန်အခန်း အတွက် ရေပန်းစားတဲ့ရွေးချယ်မှုပါပဲ။ သို့ပေမယ့် သင့်အခန်းကို တောက်ပလင်းစေချင်ရင်တော့ ရောင်စုံဖန်ခွက်ထဲထည့်ထားတဲ့ ဖယောင်းတိုင်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
တရားအားထုတ်ရန်အခန်း ကိုဒီဇိုင်းဆင်တဲ့အခါ အထက်ကပြောခဲ့တဲ့အချက်လေးတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ အကောင်းဆုံးလေဝင်လေထွက်ရစေပြီး အလင်းအမှောင်ကို စိတ်ကြိုက်ညှိယူနိုင်မယ့်အခန်းတစ်ခန်းကို သင်ကောင်းကောင်းဖန်တီးနိုင်မှာပါ။
Acoustics



အသံပိုင်းဆိုင်ရာကဏ္ဍကတော့ တရားအားထုတ်ရန်အခန်း အတွက် စဉ်းစားစရာအနည်းဆုံးအပို်င်း ဖြစ်ကောင်းဖြစ်ပေမဲ့ တရားအားထုတ်ရန်အခန်း ကိုပုံကြမ်းဆွဲပြီဆိုရင်တော့ ခဏဖြစ်ဖြစ် စဉ်းစားရမယ့်အပိုင်းပါ။
မြို့ပြနဲ့ဝေးတဲ့နေရာမှာ သင်နေထိုင်ခဲ့မယ်ဆိုရင် ယနေ့ကမ္ဘာရဲ့ဆူညံသံတွေနဲ့ ကံကောင်းထောက်မစွာ ကင်းဝေးသွားပါလိမ့်မယ်။ လူအများစုကတော့ ကင်းဝေးမနေကြပါဘူး။ ဆိတ်ငြိမ်တဲ့နေရာမှာ တရားထိုင်ရတာဟာ အကောင်းဆုံးအဖိုးအခလေးတခုပါပဲ။ တခါတရံ ပတ်ဝန်းကျင်ကဆူညံသံတွေကို တားဆီးလို့မရနိုင်ပါဘူး။ လူအချို့ကတော့ ဆူညံသံကို အံတုနိုင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်က ဆူညံသံကို ခံနိုင်ရည်မရှိရင်တော့ အခုပြောမယ့် အသံပိုင်းဆိုင်ရာကဏ္ဍဟာ သင့်အတွက် အကျိုးရှိပါလိမ့်မယ်။

Room selection



သင့်အိမ်ရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ တရားအားထုတ်ရန်အခန်း ကိုဒီဇိုင်းဆင်မယ်ဆိုရင်တော့ ဘယ်အခန်းဟာ အဆိတ်ငြိမ်ဆုံးလဲဆိုတာ စဉ်းစားမိဖို့လိုပါတယ်။ လမ်းနဲ့အဝေးဆုံးအခန်းကိုရွေးချယ်ဖို့လိုပါတယ်။
သင်ကြားရေးလုပ်မယ့် တရားအားထုတ်ရန်အခန်းကို ဒီဇိုင်းဆင်မယ်ဆိုရင် အခန်းနေရာကို သေချာအာရုံစိုက်ဖို့ လိုပါပြီ။ ဖြစ်နိုင်ရင် ယာဉ်ကြောပိတ်ဆို့တတ်တဲ့နေရာကို ရှောင်ရှားပါ။ ဆူညံတဲ့နေရာမှာရှိနေတဲ့ သင့် တရားအားထုတ်ရန်အခန်း ကိုအောင်မြင်စေချင်တယ်ဆိုရင်တော့ သင်ရွေးချယ်တဲ့ အသံပိုင်းဆိုင်ရာပစ္စည်းတွေကို သေချာရွေးချယ်ပေးပါ။
အဆောက်အဦတခုအတွင်း အများနဲ့ဝေမျှသုံးတဲ့အခန်းဖြစ်ခဲ့ရင် ကြမ်းခင်းနဲ့ နံရံများကိုလည်း သတိထားဖို့လိုပါတယ်။ သူများကြောင့်သင်အနှောင့်အယှက်ဖြစ်နေလား၊ သင့်အပေါ်ထပ်က ခြေသံတွေကြောင့် သင်အနှောင့်အယှက်ဖြစ်နေလား။ အုတ်နဲ့ အင်္ဂတေတွေဟာ plaster walls and timber floors တို့ထက် အသံပိုလုံပါတယ်။ သင်ကြားရေး တရားအားထုတ်ရန်အခန်း အတွက်ဆိုရင် အသေးစိတ်သတိထားဖို့လိုအပ်ပါတယ်။

Acoustic construction


တရားအားထုတ်ရန်အခန်း ကို အဆောက်အဦအတွင်းမှာ ဆောက်ဖို့ဖြစ်လာပြီဆိုရင်တော့ အသံကဏ္ဍတော့လိုလာပါပြီ။ မှန်ကန်တဲ့နည်းလမ်း၊ သက်သာတဲ့စရိတ်တို့နဲ့ သင့်နေရာလေးကို အလှမပျက်စေဘဲ အသံလုံအောင်ဖန်တီးနိုင်ပါတယ်။ အချက်အလက်တချို့ကိုတင်ပြလိုက်ပါတယ်။

1- Acoustic plasterboard တို့နဲ့အတူ အတွင်းနံရံများကိုထည့်သွင်းပြီးဆောက်ပါစေ။ ဆူညံတဲ့နေရာအတွက် Acoustic plasterboard ကို ၂လွှာသုံးပြီး ပိုလုံအောင်ဆောက်နိုင်ပါတယ်။ ဆူညံတဲ့အထပ်တွေနဲ့ရင်ဆိုင်ရရင်တော့ ဆောက်လုပ်သူတွေကို acoustics ကိစ္စပြောပြဖို့မတုန့်ဆိုင်းပါနဲ့။ ဆောက်လုပ်သူဟာ တရားအားထုတ်ရန်အခန်း ကို ဆူညံစေနိုင်တဲ့အသံတွေလျော့ပါးသွားနိုင်တဲ့ ဆောက်လုပ်ရေးနည်းပညာတွေကိုအကြံပြုပါလိမ့်မယ်။

2- တံခါးတွေကို သစ်မာသုံးပါ။ သူက ၂ဆအသံလုံစေပါတယ်။      
3- ပြတင်းပေါက်များကိုလည်း မှန်၂ထပ်တပ်ပါ။    



What about Acoustic Foam Panelling


Acoustic foam က တရားအားထုတ်ရန်အခန်း အတွင်းအသံဝင်ရောက်မှုကိုတားဆီးပေးပါတယ်။ Acoustic foam ဟာ အခန်းအတွင်းအသံတွေကို စုပ်ယူနိုင်အောင်နှင့် ပဲ့တင်သံတို့ကို ကာကွယ်နိုင်ရန်အတွက် ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဈေးကြီးပြီး မရှိမဖြစ် လိုအပ်တဲ့အရာတော့မဟုတ်ပါဘူး။ တရားအားထုတ်ရန်အခန်း ကိုဆောက်ပြီး သင့်အခန်းကိုဝင်လာတဲ့အသံများကြောင့် သင်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင်တော့ ဖော်ပြထားခဲ့တဲ့ ဆောက်လုပ်ရေးနည်းပညာများနဲ့ သင့်အခန်းကို ပြုပြင် နိုင်ပါတယ်။ ပြတင်းပေါက်နဲ့ တံခါးကို ၂ထပ်သုံးခြင်းဟာ ခဲရာခက်ဆစ်ပြုပြင်စရာမလိုတဲ့ပြင်ဆင်နည်း၁ခုပဲ ဖြစ်ပါတယ်။ ဒီအဆင့်တွေနဲ့ ဝင်လာမယ့်အသံတွေကနေ ရုန်းထွက်နိုင်ပါတယ်။

Furnishing

သင့်အခန်းအပြင်အဆင်နဲ့အရောင်ကို ပြုလုပ်ပြီးပြီဆိုရင် ပရိဘောဂပိုင်းကိုရွေးချယ်ဖို့ကျရောက်လာပါပြီ။ သင့်စိတ်ကြိုက်ပရိဘောဂကိုရွေးပြီး အခန်းအပြင်အဆင်၊ အရောင်နဲ့လိုက်အောင်ဆင်လို့ရပါပြီ။
ပရိဘောဂဆိုတာ ခုံ၊ စားပွဲတို့ထက်ပိုတယ်ဆိုတာတော့ မှတ်ထားပါ။ ကော်ဇော၊ လိုက်ကာ၊ စားပွဲခင်း စတာတွေဖြစ်ပါတယ်။

Window furnishings



တရားအားထုတ်ရန်အခန်း မှာပြတင်းပေါက်တွေပါခဲ့ရင် လိုက်ကာ၊ ခန်းဆီးတွေတပ်ဖို့ လိုအပ်နေပါပြီ။
လိုက်ကာဟာ နွေးထွေးမှုနဲ့ လွတ်လပ်မှုကိုပေးစွမ်းပါတယ်။ လိုက်ကာသားအပျော့ဟာ စိတ်ပေါ့ပါးစေပါတယ်။ အထူသားကတော့ cocoon-theme rooms အတွက်အသင့်တော်ဆုံးပါ။ ပါးလွှာတဲ့ fabric ကရတဲ့ပေါ့ပါးတဲ့လိုက်ကာဟာ နူးညံ့မှုကိုခံစားစေပါတယ်။ အခြားရွေးချယ်စရာတွေကတော့ roller blinds, Roman blinds, vertical blinds and venetian တို့ပဲဖြစ်ပါတယ်။ ဒါတွေကတော့ minimalistic design themes နဲ့ပိုသင့်လျော်ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေလဲမရှိပါဘူး။ window furnishing ဟာ တရားအားထုတ်ရန်အခန်း အတွက် အဓိကကျလွန်းလှတဲ့ အစိတ်အပိုင်းတော့မဟုတ်ပါဘူး။ လိုက်ကာတွေရဲ့ Perform ကိုနားလည်ပြီဆိုရင်တော့ သင့်စိတ်ကြိုက်လိုက်ကာကိုတပ်နိုင်ပါပြီ။

Arranging furniture


တရားအားထုတ်ရန်အခန်း ကို professional အတွက်သုံးမယ်ဆိုရင် ပရိဘောဂအဆင်အယင်ကို ပြောပြပေးပါမယ်။ ကျောင်းသားအများကြီးနဲ့ တစ်ချိန်တည်းသင်ကြားမယ်ဆိုရင် ပရိဘောဂကို စက်ဝိုင်းပုံ (သို့) စက်ဝိုင်းခြမ်းပုံသုံးသင့်ပါတယ်။ ဒါမှ ကျောင်းသားအချင်းချင်းမြင်နိုင်ပြီး အုပ်စုလိုက်လုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသားကိုမျက်နှာချင်းဆိုင်မဟုတ်ဘဲ ဘေးချင်းယှဉ်အနေအထားဆိုရင်တော့ ဆက်သွယ်မှုအားနည်းပြီး စိတ်သက်သာမှုလည်းရနိုင်မှာမဟုတ်ပါဘူး။

Take a seat

 Zafu and Zabuton cushion

တရားအားထုတ်ရန်အခန်း အတွက်အထူးပြုလုပ်ထားတဲ့ ထိုင်ခုံတွေနဲ့ ကူရှင်တွေအများအပြားရှိပါတယ်။ meditation cushion, meditation benches and erogonomically designed chair တို့ရှိပြီး သင့်ကိုသက်သောင့်သက်သာနဲ့ meditation technique ကိုတိုးတက်စေပါတယ်။
Zafu and Zabuton cushion ကတော့ ဒူးကွေးတာတို့ ခြေချိတ်တာတို့အတွက်အလွန်အဆင်ပြေတဲ့ ကူရှင်တွေပဲဖြစ်ပါတယ်။
မာကြောတဲ့ကြမ်းခင်းမှာ မထိုင်ချင်ဘူးဆိုရင်တော့ meditation bench ကအထောက်အကူဖြစ်ပါလိမ့်မယ်။ သေချာဒီဇိုင်းထွင်ထားတဲ meditation bench ဟာ အောက်သို့အနည်းငယ်လျောတဲ့ ထိုင်ခုံကူရှင်လေးပေါ်သက်သောင့်သက်သာထိုင်နိုင်ပါတယ်။ meditation bench ကိုသုံးဖို့အကြံပေးလိုပါတယ်။
မာကြောတဲ့ meditation bench့ ကိုမသုံးဖို့ တိုက်တွန်းချင်ပါတယ်။ အမြင်လှပေမယ့် သက်သောင့်သက်သာဖြစ်စေမှာမဟုတ်ပါဘူး။ မာကြောတဲ့ meditation bench ပေါ်ကူရှင်တင်ပြီး အသုံးပြုမယ်ဆိုရင် ကူရှင်ဟာလျှောကျနိုင်တဲ့အတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ ပုံထဲက meditation bench ကိုသာဝယ်ပြီးသုံးတာသင့်တော်ပါတယ်။ meditation အတွက် ပရိဘောဂတွေကိုတော့ ကိုယ့်အကြိုက်ကိုယ်ဆုံးဖြတ်နိုင်ပါတယ်။ သင်နှစ်သက်တဲ့ ထိုင်ခုံ (သို့) ဆိုဖာရှိပါသလား။ သုံးလိုက်ပါ။ သက်သောင့်သက်သာနေပါ။ ခန္ဓာအနေအထားပုံမှန်ဖြစ်စေမယ့်ဘယ်ထိုင်ခုံမဆိုသင့်လျော်ပါတယ်။

The visual effect of soft furnishings

Soft furnishings မှာရှိနိုင်တဲ့ အမြင်ကိုလည်းမမေ့ပါနဲ့။ နူးညံ့တဲ့နိုင်လွန်၊ သက်သောင့်သက်သာရှိတဲ့ပရိဘောဂ၊ ချည်ခေါင်းအုံးလေးတွေက လူတွေကို စိတ်သက်သာမှု ပေးနိုင်ပါတယ်။ soft furnishingsဟာ ချွန်ထက်တဲ့စောင်းတွေ၊ မာကျောတဲ့ထောင့်တွေမှာ အသုံးဝင်ပါတယ်။ တရားအားထုတ်ရန်အခန်း ကို သေးငယ်တဲ့အခန်းအဖြစ်မဆင်ရင်တော့ သင့်အခန်းမှာ နူးညံ့တဲ့ ပရိဘောဂသုံးနိုင်ပါတယ်။



Heating and cooling


တရားအားထုတ်ရန်အခန်း ရဲ့အပူချိန်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ပထဝီအနေအထားပေါ်မူတည်ပြီး အပူအအေးကိုထိန်းညှိပေးပါ။
Heating and cooling units ဟာ သူတို့ထွက်ရှိတဲ့အသံပေါ်မှာ မူတည်ဆက်စပ်ပါတယ်။


Heating
 



 Hydronic heaters and radiant heaters ဟာအသံမဆူပါဘူး။ ပန်ကာမပါတဲ့အတွက် လေထုကိုလည်း ညစ်ညမ်းမှုမပေးနိုင်ပါဘူး။ သင်နဲ့သင့်ဧည့်သည်တွေအတွက် ဖုန်နဲ့ ညစ်ညမ်းမှုကိုလျော့နဲစေပါတယ်။
Portable fan heater and centrl heating ဟာအခန်းကို လျင်မြန်စွာနွေးစေပေမဲ့ အသံနဲ့ လေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်။ allergies လည်းဖြစ်နိုင်ပါတယ်။ hydronic and radiant heaters တွေဟာကျန်းမာရေးအတွက်သင့်တော်ပါတယ်။

Wood Fire Heating




Fireplaces and wood heaters တွေကိုဘာလို့မေ့နေပါလိမ့်။ အသုံးဝင်လွန်းလှတဲ့ ကိရိယာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လူ့စိတ်ကိုဖမ်းစားနိုင်ပြီး တဖြစ်ဖြစ်သံလေးတွေနဲ့သာယာ နေတဲ့ဒီမီးလင်းဖိုကိုဘယ်သူကငြင်းပယ်ချင်မှာလဲ။ တရားအားထုတ်ရန်အခန်း အတွက်အရမ်းကောင်းပါတယ်။

Cooling
 


Cooling unit တွေကနေဆူညံသံတွေလည်းထွက်ပေါ်နိုင်ပါတယ်။ air conditioning ကိုသုံးမယ်ဆိုရင် Split system ကိုသာရွေးချယ်ပါ။ noisy fun တွေကိုအိမ်အပြင် တရားအားထုတ်ရန်အခန်း နဲ့ဝေးတဲ့နေရာမှာတပ်ဆင်နိုင်ပါတယ်။ ဒါဆို အတွင်းမှာငြိမ်သက်စွာအအေးဓာတ်ကိုရယူနိုင်ပါတယ်။

Equipment and accessories

အခုဖော်ပြမှာကတော့ တရားအားထုတ်ရန်အခန်း အတွက် သင်ဆန္ဒရှိရင်ထပ်လောင်းပေါင်းထည့်နိုင်တဲ့ အရာအချို့ပါ။
ပထမဆုံးအရာကတော့စိတ်ကိုဖွင့်ပေးတဲ့ meditation music ကိုနားထောင်ခြင်းပါပဲ။ headphones နဲ့လည်းနားဆင်နိုင်ပါတယ်။
လှဲချဖို့အတွက် သက်သောင့်သက်သာရှိမယ့်အခင်းမျိုးလည်းရှိပါသေးတယ်။ ကိုယ်နဲ့သင့်တော်မှုရှိမရှိ စမ်းသပ်လှဲကြည့်ဖို့လည်းလိုပါတယ်။
တရားအားထုတ်ရန်အခန်း ကိုစီးပွားဖြစ်သုံးတဲ့သူအဖို့ ဖယောင်းတိုင်များအသုံးပြုခဲ့ရင်တော့ မီးသတ်ဆေးဘူးများကို အန္တရာယ်ကင်းအောင် ဆောင်ထားသင့်ပါတယ်။ တရားအားထုတ်ရန်အခန်း မှာ ပစ္စည်းထားဖို့နေရာနည်းနေရင်တော့ သေးငယ်တဲ့စားပွဲ၊ ဗီရိုများကိုဆင်ပြီး နေ့စဉ်သုံးသော စာအုပ်၊ ဇယောင်းတိုင်စတဲ့ပစ္စည်းများသိမ်းထားသင့်ပါတယ်။
တီဗီလိုပစ္စည်းမျိုးထားပြီး သင့် တရားအားထုတ်ရန်အခန်း ကိုထိခိုက်မခံဖို့အကြံပေးလိုပါတယ်။ တရားအားထုတ်ရန်အခန်း ဟာ တရားထိုင်ဖို့နေရာသာဖြစ်ပြီး general recreation အတွက်မဟုတ်တာသတိထားသင့်ပါတယ်။

Space clearing and energy cleansing

အချို့အခန်းတွေထဲဝင်လိုက်ရင် စိတ်ဓာတ်တက်ကြွစရာကောင်းပြီး အချို့အခန်းတွေမှာတော့ စိတ်ပင်ပန်းစေတာကို သင်ခံစားဖူးပါသလား။ အချို့အခန်းတွေဟာ ငြီးငွေ့စရာကောင်းပြီး၊ တခါတလေငြင်းခုံပြီးရင် စိတ်ညစ်စရာတွေရော ကြုံဖူးပါသလား။ ဒါဆို အခန်းတခန်းရဲ့စွမ်းအားကိုရော သင်လက်ခံနိုင်ပြီလား။
တရားအားထုတ်ရန်အခန်း ကိုဒီဇိုင်းဆင်မယ်ဆိုရင် အခန်းဟာ စိတ်ဓာတ်တက်ကြွစရာကောင်းပြီး အကောင်းမြင်ဖို့လိုအပ်ပါတယ်။ Space clearing and energy cleansing အတွက်သုံးနိုင်တဲ့ နည်းပညာတွေအများကြီးရှိပါတယ်။ ဒီကဏ္ဍမှာတော့ သင်တရားထိုင်တဲ့နေရာမှာ သင်စဉ်းစားလို့ရအောင် clearing the energy အကြောင်းဖော်ပြလိုက်ပါတယ်။

Sacred symbols

တရားအားထုတ်ရန်အခန်း မှာထားကြတဲ့ sacred symbols ကိုမိတ်ဆက်ပေးပါမယ်။ သင်နဲ့ကျွမ်းဝင်တဲ့ symbols မျိုးသုံးနိုင်ပါတယ်။ အကောင်းမြင်စိတ်ကိုပေးစွမ်းနိုင်တဲ့စိတ်ခံစားချက်ဟာ သင့်မလိုချင်တဲ့ negative energies တွေကိုတားဆီးပေးနိုင်ပါတယ်။

Plants

စိတ်တည်ငြိမ်မှုအများဆုံးရနိုင်တာကတော့ သဘာဝကပေးတဲ့လက်ဆောင်မွန်တွေဆီကပါပဲ။ တရားအားထုတ်ရန်အခန်း မှာ သစ်ရွက်လေးတွေနဲ့ဖြည့်တင်းလိုက်ရင်တော့ အကောင်းဆုံးပါပဲ။
သစ်ပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်ဆီဂျင်ကိုထုတ်ပေးတာ လူတိုင်းသိပြီးသားပါ။ တရားအားထုတ်ရန်အခန်း ရဲ့လေထုကိုစင်ကြယ်စေပါတယ်။ အပင်တွေဟာ သူတို့ပတ်ဝန်းကျင်က energy ကိုစုပ်ယူနိုင်တဲ့အတွက် ကျန်းမာရေးအတွက်လဲသင့်တော်ပါတယ်။ အပင်ဟာ negativity and depressive energies ကိုဖယ်ရှားနိုင်ပါတယ်။ အခန်းတွင်းမှာ အပင်ကို ရှင်သန်အောင် တရားအားထုတ်ရန်အခန်း ကို အလင်းနဲ့အပူချိန်မျှတအောင်ထားဖို့လည်းလိုပါတယ်။ အပင်သေတွေကြောင့် တရားအားထုတ်ရန်အခန်း ရဲ့လှပမှုကိုမထိခိုက်ပါစေနဲ့။

Water


ရေဆိုတာ သန့်စင်မှုနဲ့ စိတ်လှုပ်ရှားမှုကိုပေးနိုင်တဲ့ သင်္ကေတပါ။ ရေထည့်ထားတဲ့ ဖန်ခွက် (သို့) ကြွေခွက်တွေဟာတရားအားထုတ်ရန်အခန်း အတွက် purify energies ကိုပေးပါတယ်။ နေရောင်ထဲမှာထားပြီး ရေကိုမှန်မှန်လဲပေးပြီး energizing ကိုစဉ်းစားပေးပါ။

Salt


တရားအားထုတ်ရန်အခန်း မှာ natural rock salt ကိုဇလုံထဲထည့်ပါ။ bowl of water လို negative energies ကိုစုပ်ယူနိုင်ပါတယ်။ ဆားကိုမှန်မှန်လဲပေးဖို့မမေ့ပါနဲ။ အခန်းမှာသုံးပြီးသားဆားကို အစားစာတွေမှာ မသုံးပါနဲ့။

Fresh Air


တရားအားထုတ်ရန်အခန်း မှာလေကောင်းလေသန့်ကိုမေ့တတ်ကြပါတယ်။ တံခါးနဲ့ ပြတင်းပေါက်ကို ခဏဖွင့်ပေးပါ။ နေ့စဉ်ဖွင့်ဖို့တော့မလိုအပ်ပါဘူး။ လေကောင်းလေသန့်ဝင်ပြီး လေဆိုးတွေထွက်သွားရုံလောက်ပဲ ဖွင့်ပေးပါ။

Incense


အမွှေးနံ့သာတွေကိုတော့ spiritual ceremonies နဲ့ ဘုရားကျောင်းတွေမှာ သုံးခဲ့ကြပါတယ်။ အမွှေးခဲထွန်းခြင်းဟာ အခန်းရဲ့ energies ကိုသန့်စင်ဖို့အကောင်းဆုံးနည်းပါ။

Energy clearing with sound



Denise Linn က Space clearing မှာဖော်ပြထားပါတယ်။ အသံဟာ လူ၊ အရာဝတ္တု၊ ပတ်ဝန်းကျင်တွေမှာ harmony ကိုထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ sacred sound ကိုမြင့်မြတ်တဲ့မြေတွေမှာသုံးပါတယ်။
Tibetan bells and singing bowls ဟာ energy သန့်စင်ဖို့အကောင်းဆုံး ကိရိယာတွေပါ။ တုန်ခါမှုကနေထွက်ပေါ်လာတဲ့ အသံလေးတွေဟာ သာယာပြီး့ harmonizing and purifying the energy ဖြစ်စေပါတယ်။ meditation music ဖွင့်ပြီးလဲဖန်တီးနိုင်ပါတယ်။

Crystals
 



Crystal အကြောင်းမပါသေးရင်တော့ တရားအားထုတ်ရန်အခန်း ကိုမိတ်ဆက်ခြင်းပြည့်စုံတယ်လို့ မဆိုနိုင်သေးပါဘူး။ crystal ဟာ တရားအားထုတ်ရန်အခန်း ကို various energetic properties ပေးစွမ်းနိုင်ရုံတင်မက အမြင်ကိုလည်းလှစေပါတယ်။


တရားအားထုတ်ရန်အခန်း အတွက် ကဏ္ဍစုံကိုဖော်ပြပြီးပါပြီ။ အားလုံးကိုခြုံပြောရရင်တော့ ဖော်ပြထားတာအားလုံးကို စုံရမယ်လို့မဆိုလိုပါဘူး။ အရေးကြီးဆုံးကတော့ တရားအားထုတ်ရန်အခန်း ဟာ သင်နှစ်သက်တဲ့အခန်းလေးဖြစ်ဖို့ပါ။
တရားထိုင်ဖို့နေရာရှိမယ်ဆိုရင် အဲနေရာလေးဟာသန့်စင်ဖို့လိုပါတယ်။ တရားထိုင်ဖို့ရည်ရွယ်တဲ့နေရာဟာ အထွတ်အမြတ်နေရာ၁ခုကဲ့သို့ဖြစ်ဖို့လိုပါတယ်။ အမြင်ဆန်းရုံနဲ့ပြီးပါဘူး။ တရားထိုင်ဖို့စိတ်ကိုလည်း လှုံ့ဆော်ပေးရမယ်။ ဆိတ်ငြိမ်မှုကိုလည်းပေးစွမ်းနိုင်ရမယ်။ တရားအားထုတ်ရန်အခန်း ထဲလမ်းလျှောက်ရင် သင်လိုချင်တဲ့စိတ်ခံစားချက်ကိုလည်းပေးစွမ်းနိုင်ရမယ်။ ငြိမ်းချမ်းဖို့အချိန်ပိုင်ဆိုင်ရမယ်။

References
               : Dr. Christopher Lioyd Clarke's Meditation Room Design Notes
               : http://0.tqn.com
               : http://4.bp.blogspot.com
            : http://www.motherearthnews.com
            : http://www.davidicke.com
            : http://www.wallpapers4desktop.com
            : http://t3.gstatic.com
            : http://images.tmcnet.com
            : http://freshairlearning.com
            : http://www.clintoncountygov.com
            : http://assets.inhabitat.com
            : http://indiadynamics.com
            : http://air-conditioners-and-heaters.com
            : http://theworldofinteriors.files.wordpress.com
            : http://yogasite.com
            : http://queenscliff-interiors.hopout.com.au
            : http://www.kingspan.info
            : http://www.marywood.edu
            : http://www.panacheg.com
            : http://www.millardandflo.com
            : http://www.frostgreenchoice.com
            : http://www.thedailygreen.com
            : http://www.colorwheelharmony.com
            : http://www.webdesigndepot.net
            : http://www.ignant.de
            : http://2.bp.blogspot.com
            : http://inpp.ohiou.edu
 

No comments:

Post a Comment