Monday, June 24, 2013

Interior Designer တို့အတွက် BIM





BIM ဆိုတာ အဆောက်အဦရဲ့ အပြင်ဒီဇိုင်းကိုအဓိကထားပြီး ဗိသုကာဒီဇိုင်းကဏ္ဍတွေမှာတော့ BIM ရဲ့အကိုျးကိုခံစားနိုင်ပါတယ်ဆိုပြီး  ဆွေးနွေးချက်တွေ တော်တော်များများမှာ ယေဘုရအားဖြင့် တွေ့ရပါတယ်။ အဆောက်အဦပုံစံငယ်၊ Curtain Wall၊ အမိုးအကာပုံစံ တွေအကြောင်း ကျွနု်ပ်တို့ဖတ်ဖူးခဲ့ပါတယ်။ သို့သော် အဆောက်အဦအတွင်းပိုင်းဖြစ်တဲ့ အချောပိုင်း၊ အသုံးအဆောင်ပစ္စည်း၊ ဧရိယာအကျယ်အဝန်း၊ ပရိဘောဂတွေနဲ့ ပတ်သက်ပြီး BIM ကိုဘယ်လိုအသုံးချရမှာလဲဆိုတဲ့ မေးခွန်းတွေကို ဒီနေရာမှာ အဆောက်အဦအတွင်းပိုင်းဒီဇိုင်းအတွက် Revit Architecture Software ရဲ့ အသုံးပြုပုံကို ရှာဖွေဖော်ပြပေးမှာ ဖြစ်ပါတယ်။


  Interior Designers များက BIMရဲ့ အကျိုးကျေးဇူးများကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

1- Interior Design များကို လွယ်ကူလျင်မြန်စွာ ဖန်တီးနိုင်ခြင်း၊
2- ပုံစံငယ်တစ်ခုအတွင်းမှာပင် Designs များကို ရွေးချယ်ခွင့်များစွာဖြင့် သိမ်းထားနိုင်ခြင်း၊ စီမံနိုင်ခြင်း၊
3- အဆောက်အဦပုံစံငယ်အတွင်းရှိ ပါဝင်သောဒေတာများကိုလည်း လုံခြုံစိတ်ချစွာသိမ်းထားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

BIM အသုံးပြု၍ Design Model ဖန်တီးခြင်း


  အဆောက်အဦအတွင်းပိုင်း ဗိသုကာပညာရှင်များနဲ့ ဒီဇိုင်းပညာရှင်များက Building Shell Design များကို မိမိတို့ကိုယ်ပိုင် Design Firm (သို့) တစ်ခြား Design Firm များမှယူ၍ှ စတင် ဒီဇိုင်းရေးဆွဲကြပါတယ်။ လုပ်ငန်းဒေတာအများစုမှာ ယခင်နှစ်ပေါင်းများစွာက ပရောဂျက်များကို စာရွက်စာတမ်းများကိုသာ အားထား၍ သိမ်းဆည်နိုင်ကြပါတယ်။ BIM သည် အဆောက်အဦအပြင်ပိုင်းပုံစံငယ်များကို 3D ပုံစံသို့ လျင်မြန်စွာ ဖန်တီးနိုင်သောကြောင့် ဒီဇိုင်းပညာရှင်များလွယ်ကူစွာအသုံးပြုနိုင်ပါတယ်။ အတွင်းပိုင်းဒီဇိုင်းအနေနဲ့ကတော့ Revit Architecture ကဲ့သို့ Parametric Building Modeling Software က ဒီဇိုင်းနဲ့ ကိုသြဒိနိတ်အပြောင်းအလဲများကို ပရောဂျက်ဒီဇိုင်းအတွင်း စိတ်ချလုံခြုံစွာ ထိန်းသိမ်းပေးပါတယ်။
အကယ်၍ ဒီဇိုင်းပညာရှင်က Plan ကို ပြင်ဆင်ချက်များပြုလုပ်ပါက မျက်နှာကျက်နှင့် အခြားသောဒေတာများလည်း အလိုအလျောက်ပြင်ဆင်ပြီးသား ဖြစ်သွားမှာဖြစ်ပါ တယ်။ နံရံကိုပယ်ဖျက်လိုက်ပါက အလင်းအမှောင်တို့ပါ ပယ်ဖျက်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။
Revit Architecture Library မှာတော့ ကိရိယာအသုံးအဆောင်များကို ဖော်ပြထားပါတယ်။ Parametric nature of the library elements ဆိုတာကတော့ အသုံးပြုသူများအတွက် ရွေးချယ်စရာများကို ဖော်ပြပေးထားတဲ့နေရာဖြစ်ပါတယ်။
ပြောမယုံ ကြုံဖူးမှသိ (Seeing is believing)

 ဒီဇိုင်းပညာတိုးတက်လာတာနဲ့အမျှ Revit Architecture က ဒီဇိုင်းပညာရှင်တို့လိုအပ်သမျှကို လွယ်ကူအောင်ပံ့ပိုးပေးပါတယ်။ဥပမာ နီးဝေးမြင် ပုံရိပ်စစ်ပုံတွေ ၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်နိုင်တဲ့ ပုံရိပ်စစ်ပုံတွေ နဲ့ လှုပ်ရှားမှု ပုံရိပ်စစ်ပုံတွေ ကိုရရှိအောင် Revit Architecture က လွယ်ကူအောင် ပံ့ပိုးပေးပါတယ်။ Architecture modeling tools အများစုဟာ Hidden-line ပါတဲ့ ပုံရိပ် တွေမှာပံ့ပိုးပေးထားပါတယ်။ Solution အများစုမှာ Shading capability ကိုလည်းတွေ့နိုင်ပါတယ်။ Revit Architecture လို လုပ်ငန်းအတွက်ဆောက်လုပ်ထားတဲ့ BIM Solutions တွေမှာတော့ ၎င်းအဆင့်များကို အသုံးပြုကြပါတယ်။ အဆောက်အဦကိုရုပ်လုံးပေါ်ဆွဲခြင်း (သို့)့hidden line (သို့) shaded လုပ်တဲ့ မြင်ကွင်း (views) ကတော့ အဆောက်အဦပုံပန်းသဏ္ဍာန်၊ ဆောက်လုပ်ပြီးစီးမှု၊ ပါဝင်ပစ္စည်းစသည်တို့ပါဝင်တဲ့ အရေးကြီးအတွင်းဒီဇိုင်းအချက်အလက်များကို တိုက်ရိုက်ဖော်ပြပေးပါတယ်။ ဒီဇိုင်းပညာရှင်က မြင်ကွင်း (views) အတွင်းရှိ အချက်အလက်များကို ပြောင်းလဲလိုက်ပါက သက်ဆိုင်ရာ မြင်ကွင်း (views) အားလုံးအလိုအလျောက် update ဖြစ်သွားမှာပါ။ Schedules, material take-off, drawings တွေအတွက် မှန်ကန်တဲ့ပြောင်းလဲမှုပါ။
ပရောဂျက်ရဲ့တင်ပြချက်အားလုံးနဲ့ပတ်သက်တဲ့ အဆောက်အဦးအချက်အလက်တွေဟာ ယုံကြည်မှုရှိခြင်း၊ ချိတ်ဆက်ညှိုနှိုင်းမှုရှိခြင်း၊ အတွင်းပိုင်းပြောင်းလဲမှုမရှိခြင်းစတဲ့ BIM ရဲ့အသွင်သဏ္ဍာန်နဲ့ပြည့်စုံပါတယ်။
အဆောက်အဦရဲ့ပုံသဏ္ဍာန်ကို 3D မြင်ကွင်းနဲ့တိုက်ရိုက်ကြည့်ရှုနိုင်တဲ့အတွက် Revit Architecture ဟာ Designers တို့ရဲ့ကိုယ်ပိုင်ဒီဇိုင်းများကိုသဘာဝအတိုင်း ဖန်တီးနိုင်အောင် ကူညီမှု များစွာပေးပါတယ်။ Tools တွေ၊ ဓာတ်ပုံတွေကို အထူးတလည်အသုံးပြုစရာမလို ဘဲ 3D သို့လွယ်ကူစွာပြောင်းလဲနိုင်တဲ့ စွမ်းဆောင်ရည်ဟာ အဆောက်အဦအတွင်းပိုင်းဒီဇိုင်နာများအတွက် BIM ဟာလွန်စွာအကိုျးရှိလှပါတယ်။


Figure 1- Designers at The Stubbins Associates use Revit Architecture to visualize their developing interior design.

Information and communications technologies for The Stubbins Associates (AIT) ရဲ့ဒါရိုက်တာ Jeff Millet အလုပ်ခန်းရဲ့အမြင့်အနေအထားနဲ့ပတ်သက်ပြီး အဆောက်အဦ အတွင်းပိုင်းဒီဇိုင်နာများအတွက် ဥပမာအဖြစ် အသုံးပြုခဲ့ပါတယ်။ ၎င်းအလုပ်ခန်းနံရံကို အတွင်းပိုင်းစင်္ကြံ(Corridor) ဖြည့်စွက်ထားပြီး အမြင့်ပေ ၆ပေထားရှိခြင်းနဲ့ပတ်သက်ပြီး ဒီဇိုင်နာများက မြင်ကွင်းနဲ့ နေရာအကျယ်အဝန်းကို စိုးရိမ်ခဲ့ကြပါတယ်။
အတွင်းသို့ ကင်မရာချပြီး Shaded images ဖြင့်လျင်မြန်စွာဖန်တီးခဲ့ကြပါတယ်။ ဓာတ်ပုံများက ဒီဇိုင်နာများရဲ့စိုးရိမ်မှုကို ပြသပေး၍ အလုပ်ခန်းရဲ့အမြင့်ကို သူတို့မွမ်းမံခဲ့ကြပါတယ်။ Revit Architecture မရှိရင်တော့ ဒီလိုဒီဇိုင်းဖန်တီးဖို့အချိန်လုံလောက်မှာမဟုတ်ပါဘူး လို့ Millet ကပြောကြားခဲ့ပါတယ်။

Revit Architecture အတွင်း ကင်မရာမြင်ကွင်းဖန်တီးရန်-

1- Menu ကိုဆွဲချပြီး View > New > Camera
2- Camera ကိုထားရန် တည်နေရာရွေးပါ
3- Camera view အသစ်ရဲ့ Direction & range ကိုဖော်ပြရန် View ကိုထပ်နှိပ်ပါ၊ View ကအလိုအလျောက် Update ဖြစ်သွားမှာပါ
4- Shaded view ကိုပြောင်းရန် view > shading with edges

Getting down to Details

အတွင်းပိုင်းဒီဇိုင်းဓာတ်ပုံဖန်တီးမှုဟာ မြန်ဆန်လွယ်ကူပြီး အဆင့်တန်းမီလှပါတယ်။ Visualization process ထဲမှာတော့ Lighting, materials, finishes, fixtures အားလုံးကဏ္ဍတစ်ခုထဲမှာ ပါဝင်ပါတယ်။ ပုံစံငယ်အဆင့်မှာကတည်းက BIM မှာအသေးစိတ်အသုံးပြုနိုင်ပါတယ်။
ယခင်လုပ်ရိုး Process မှာတော့ အဆင့်မီပုံများဖန်တီးရန် CAD hidden line မှမြင်ကွင်းကို ဒီဇိုင်းpackage ၊ အရောင်ချယ်၊ အချောသတ်လုပ်ပြီး လက်ရေးဖြင့် export ထုတ်ခြင်းစတဲ့ အဆင့်ပေါင်းများစွာနဲ့ရင်ဆိုင်ရပါတယ်။ ရှုပ်ထွေးပြီး ကုန်ကျစရိတ်များတဲ့လုပ်ငန်းစဉ်ဖြစ်လို့
ဒီဇိုင်နာများစိတ်ကြိုက်ဖန်တီးနိုင်မှု အားနည်းပါတယ်။ Revit Architecture ကိုအသုံးပြုခြင်းဖြင့် ဒီဇိုင်နာများအတွက် အလင်းအမှောင်အနေအထားများနှင့် အဆောက်အဦပုံသဏ္ဍာန်များမှ အချောသတ်သည့် လုပ်ငန်းစဉ်များကိုပါ အမှားကင်းစွာဖန်တီးနိုင်ပြီး ယခင်ထက်ပိုကောင်းတဲ့ ဒီဇိုင်းကိုဖန်တီးနိုင်ပါတယ်။
Revit Architecture မှာ vectorial shadows, capped section boxes, silhouette edges တို့နဲ့အတူ shadded views အတွက် tools ပါဝင်ပါတယ်။ raytracing or high-end radiosity နည်းပညာကို အသုံးပြုပြီး Photorealistic renderings ကိုဖန်တီးနိုင်ပါတယ်။
ဒီဇိုင်နာများလည်း ကုန်ကြမ်းအစစ်များကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ ထုတ်ကုန်အစစ်များကို စကင်ဖတ်ပြီး အစစ်သဖွယ်အသုံးပြုနိုင်ပါတယ်။

Figure 3: Shaded views featuring vectorial shadow casting can be created specifying date, time, and location.





ကုန်းကြမ်းများကိုစကင်ဖတ်ပြီး ဓာတ်ပုံကိုသိမ်းထားပါ။
1- setting > materials
2- materials editor တွင် စကင်ဖတ်ပြီးသော ဓာတ်ပုံကိုရွေးပါ။ လိုသလိုအသုံးပြုပါ။
ဓာတ်ပုံအသစ်ကိုသိမ်းပြီး အသုံးပြုနိုင်ပါတယ်။


BIM For Interior Design Options

ဒီဇိုင်နာတစ်ယောက်ဟာ တခါတရံမှာ စိတ်ကြိုက်ရွေးချယ်နိုင်ရန်အတွက် ဒီဇိုင်းပေါင်းများစွာ ဖန်တီးထားဖို့လိုပါတယ်။ စီမံကိန်းနဲ့ ပတ်ဝန်းကျင်တို့မှာ သက်သောင့်သက်သာနဲ့ အဆင်ပြေစေဖို့အတွက် နေ့အလင်းရောင်၊ မြင်ကွင်းပိုင်းစတဲ့အပြင်အဆင်တို့မှာ နှိုင်းယှဉ်ချက်ပေါင်းများစွာနဲ့ ယှဉ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ Revit Architecture ကဲ့သို့ Purpose-built BIM Soultion ဟာ ပုံစံငယ် တစ်ခုအတွင်းမှာ ဒီဇိုင်းပုံစံများစွာ လေ့လာနိုင်စေရန် ဒီဇိုင်နာများရဲ့ စူးစမ်းလေ့လာထားတဲ့ ဒီဇိုင်းများကို ထည့်ထားပေးပါတယ်။ ဒီဇိုင်း Options ဆိုသည်မှာ ဧည့်ခန်းမရဲ့ကြမ်းခင်း အပြင်အဆင်ပြောင်းလဲရုံဖြင့် ပြောင်းလဲမှုကြီးတစ်ရပ်ကို မြင်တွေ့နိုင်ပါတယ်။ Design Options မှာ လိုအပ်တဲ့အတွေးအမြင်၊ အတိုင်းအတာ၊ စစ်ဆေးချက်များအတွက် ပုံစံငယ်အတွင်းမှာ ခလုတ်နှိပ်ရုံဖြင့် လိုသလိုအသုံးပြုနိုင်ပါတယ်။
အသုံးပြုသူလိုအပ်တဲ့အချိန်အထိထိန်းသိမ်းပေးနိုင်ပြီး ပေါင်းစပ်ခြင်း၊ ဖျက်ပစ်ခြင်း၊ ပယ်ဖျယ်ခြင်းစ တာတွေကိုလည်း လုပ်နိုင်ပါတယ်။
သတ်မှတ်ထားတဲ့ ဒီဇိုင်းအချက်တွေထဲမှာလည်း မိမိကြိုက်တဲ့ဖန်တီးမှုများထပ်လောင်းထည့်သွင်းနိုင်ပါတယ်။ ဥပမာ ဧည့်ခန်းဧရိယာအတွက် ဖန်တီးနေစဉ် ကြမ်းခင်းအတွက် Design Options များကိုဖန်တီးနိုင်သည်။ Design Options တွေဟာ Single Revit အဆောက်အဦပုံစံငယ်အတွင်းမှာ ပါဝင်ပါတယ်။ အသုံးပြုသူဟာ Option အမျိုးမျိုးအတွက် Option-1 , Option-2 စသည်ဖြင့် CAD ကိုအသုံးပြုသကဲ့သို ပုံစံငယ်များ သီးခြားခွဲထုတ်ဖန်တီးစရာမလို ပါ။ ပရောဂျက်ရဲ့တင်ပြချက်များ နဲ့ ပရောဂျက်အတွက် Design Options အသီးသီးတို့၌ ဒီဇိုင်းအချက်အလက်များကို Revit Architecture ကပေါင်းကူးဆောင်ရွက်ပေးပါတယ်။ Views, Schedules, Material take-offs, Drawing, so forth အားလုံးဟာ အဓိကအဆောက်အဦပုံစံငယ်ရဲ့ တိုက်ရိုက်တင်ပြချက်များဖြစ်ပါတယ်။


 Interior Design Options

Revit Architecture ဟာ Design Options ကိုဘယ်လိုအသုံးပြုလဲဆိုတာကို ပိုမိုနားလည်စေရန် တကယ့်စီးပွားဆန်တဲ့ အတွင်းပိုင်းဒီဇိုင်းအလုပ်ပိုင်းကို ကြည့်ကြရအောင်။
အဆောက်အဦရဲ့ တိကျတဲ့ကိုယ်ထည်ကြောင့် အတွင်းပိုင်းဒီဇိုင်နာအဖွဲ့ဟာ အဆောက်အဦအတွင်းပိုင်း နေရာအကျယ်အဝန်းကို သတ်မှတ်ချက်တစ်ခုထားရှိရန်လိုအပ်ပါတယ်။ ဆိုလိုသည်မှာ အတွင်းပိုင်းဒီဇိုင်နာအဖွဲ့ဟာ အပြင်ပိုင်း အဆောက်အဦရဲ့ ကိုယ်ထည်ကို ပြောင်းလဲ ပြင်ဆင်ခွင့် မရှိပါဘူး။ Client က ရုံးခန်းတစ်ခန်းတွင် ကန့်ထားသောအခန်းတစ်ခန်းနှင့် ပါတေးရှင်းနံရံနှင့် ကန့်ထားသော အကန့်တစ်ကန့် စသည်ဖြင့် ဖွဲ့စည်းချင်ကြောင်း ဒီဇိုင်နာကိုတောင်းဆိုသည်ဆိုပါစို.။
ဒီဇိုင်းထွက်လာသည်နှင့်အပြိုင်နက် Client နှင့် ဗိသုကာပညာရှင်တို့က ယင်းကို လက်ခံဆုံးဖြတ်ရန် တွေ့ဆုံရမည်။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေဟာ နေရာအသုံးပြုထားပုံ၊ ဧရိယာလိုအပ်ချက်၊ အသွင်အပြင်၊ ပစ္စည်းကုန်ကျစရိတ်၊ အလင်းရောင်ရရှိမှု စသည်တို့အပေါ်မူတည်သည်။
ကုန်ကြမ်းအရည်အသွေးပေါ်မှာအခြေခံတဲ့ Drawings, Schedules, Initial Cost summaries စတဲ့ Project material အထောက်အပံံံ့တွေကို Decision-making Processမှာအသုံးပြုပါတယ်။ Revit Architecture ကိုအသုံးပြုခြင်းဖြင့် ယင်းအချက်အလက်ဟာ အဆောက်အဦ ပုံစံငယ်ရဲ့ မြင်ကွင်းကဲ့သို့ပင် မြင်နိုင်ပြီး အထက်ကပြခဲ့တဲ့ရုံးခန်းဥပမာဟာလည်း သူနဲ့ပတ်သက်တဲ့ Presentation တွေနဲ့လိုက်လျောညီထွေမှုရှိစွာ ပေါင်းစည်းသွားမှာ ဖြစ်ပါတယ်။ ဒီဇိုင်းထဲက အတွင်းနံရံကို ပယ်ဖျက်လိုက်လျှင်လည်း အလင်းအမှောင်နဲ့ သက်ဆိုင်ရာအချက်အလက်များဟာလည်း လိုက်လျောညီထွေစွာပြောင်းလဲပြီးသားဖြစ်သွားမှာပါ။
Design Process အရ Client နဲ့ ဒီဇိုင်းအဖွဲ့က Open-Plan Option ကိုရွေးပြီး ကျန်သော Options များကို ပိတ်ထားနိုင်ပါတယ်။ ထို့နောက် Options အသစ်များကိုဖန်တီးပြီး ဒီဇိုင်းစုံဖန်တီးနိုင်ပါတယ်။ ဥပမာပေးထားသော ဧည့်ခန်းမအတွင်းရဲ့ ပစ္စည်းရွေးချယ်မှုများကို စုံလင်စွာရွေးချယ်နိုင်သော Mixture ကိုအသုံးပြုပြီး Client စိတ်ကြိုက်အတိုင်းဒီဇိုင်းမိုျးစုံဖန်တီးနိုင်ပါတယ်။

Working with Design Options



Revit Architecture မှာ Optional မဟုတ်တဲ့ဒီဇိုင်းအင်္ဂါရပ်များကိုလည်း ထည့်သွင်းထားပါတယ် (အဆောက်အဦအပြင် ပိုင်း)။ မိမိစိတ်ကြိုက်ဒီဇိုင်းကိုတော့ Primary Design Option အဖြစ်ဖန်တီးထားနိုင်ပါတယ်။ Default မှာတော့ Main Model နဲ့ Primary Option
ဆိုပြီးထားရှိပါတယ်။ Client ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ဒီဇိုင်းနာအဖွဲ့ မှ ပရောဂျက်ကိုစီမံနိုင်ပါတယ်။ လုပ်ငန်းစတဲ့အခါ ဤ Option ကို Primary Option နှင့် အခြားကို Secondary Option ဟုသတ်မှတ်နိုင်ပါတယ်။ အသုံးပြုသူဟာ Visibility / Graphic Overrides dialogue box ရဲ့ Design Options Tab ကိုသုံးပြီး Plan, Elevations, 3D, Schedule စတဲ့ ဒီဇိုင်းမြင်ကွင်းများကိုပါ ထိန်းခုျပ်နိုင်ပါတယ်။ အကယ်၍ပြုပြင်စရာ Option မရှိလျှင် Main Model နဲ့ Primary Option ကို Default အဖြစ်သုံးနိုင်ပါတယ်။
ဒီဇိုင်နာက Option ကိုပြုပြင်လိုက်ပါက View မှာ Main Model နဲ့ ပြုပြင်ပြီးသား Option ကိုတွေ့ရှိနိုင်ပါတယ်။ ထို့ကြောင့် Revit ဟာ Client Presentation နှင့် Review အတွက် Options များကို ဘေးချင်းယှဉ်ပြီး ဖော်ပြပေးနိုင်ပါတယ်။ ဒီဇိုင်းအစီအစဉ်များဟာလည်း ဆက်စပ်နေတဲ့ Schedules, Views, Drawings တို့အတွက်မှန်ကန်မှုရှိပါတယ်။
နောက်ဆုံးအဆင့်ဒီဇိုင်းကိုဖန်တီးရန် ဒီဇိုင်းများစွာထဲမှ ကြိုက်ရာရွေးချယ်နိုင်ပါတယ် (သို့) Specific Options ထဲမှ ရွေးချယ် နိုင်ပါတယ်။
မလိုအပ်သော Options များကို ပယ်ဖျက်ပစ်နိုင်ပါတယ်။New Design iterationsကို Design Progresses အဖြစ်ဖန်တီးနိုင်ပါတယ်။

Building Consensus

အတွေးထဲကဒီဇိုင်းကို BIM ဖြင့်ပုံဖော်နိုင်ခြင်းကြောင့် အဆောက်အဦအတွင်းပိုင်း ဗိသုကာပညာရှင်များနှင့် ဒီဇိုင်နာများဟာ Client အနှင့်အတူ အဆောက်အဦ၏ ကျန်ရှိသောအတွင်းဒီဇိုင်းများကို များစွာဖန်တီးနိုင်ပါတယ်။ အချိန်တိုအတွင်း ဒီဇိုင်းတစ်ခုအတွင်းမှာ စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။
ထို့ပြင် Change-orders များ၊ လုပ်ငန်းပြင်ဆင်ချက်များ၊ နှောင့်နှေးကြန့်ကြာမှုများကို သိသိသာသာ လျော့နဲစေပါတယ်။

BIM for Interior Design Information

Building Information Model ဖွဲ့စည်းထားတဲ့ ဒေတာတွေဟာ အဆောက်အဦအတွင်းပိုင်း ဒီဇိုင်းဖြစ်စဉ်တွေရဲ့ အခြေခံပဲဖြစ်ပါတယ်။ ၎င်းတို့မှာ Schematic space planning and master scheduling ကဲ့သို့ ကနဦးဒီဇိုင်းလုပ်ဆောင်ချက်၊ အရေအတွက်နဲ့ ကုန်ကျစရိတ်ကဲ့သို့ အသေးစိတ်ဒီဇိုင်းများမှန်ကန်ခြင်း၊ နောက်ဆုံးအနေနှင့် မှတ်တမ်းများရဲ့ Production အထိပါ ပါဝင်ပါတယ်။

Information Foundation

BIM ဟာ အသုံးပြုသူများကို Product အမည်၊ ကုန်ချော၊ ကုန်ကျစရိတ်၊so forth, to building components ကဲ့သို့ non-graphic properties များကို ပေါင်းထည့်ခွင့်ပြုထားပါတယ်။ တခိုျ့ကွန်ပူျတာ(CAD) စနစ်တွေမှာတော့ 3D အဆောက်အဦမြင်ကွင်းနဲ့ပတ်သက်တဲ့ non-graphical data ကိုထည့်သွင်းထားပါတယ်။ ယင်းဒေတာကို အသုံးပြုသူက အရည်အသွေး၊ အရေအတွက်စတဲ့ အချက်အလက်များကို 3D graphics မှ 2D drawings သို့ပြောင်းလဲသကဲ့သို့ ထုတ်နုတ်၇ပါတယ်။ သို့ပေမဲ့ graphical နဲ့ non-graphical data တို့တူညီမှုရှိစေရန် အပိုထပ်ဆောင်းထားတဲ့ tools နဲ့ effort တို့လိုအပ်နေပါသေးတယ်။ ပရောဂျက်ကြီးလေလေ စွန့်စားမှုနဲ့ဒေတာ ပူးပေါင်းဆောင်ရွက်မှု တို့အတွက် အားထုတ်ရမှုလိုအပ်လေလေပဲဖြစ်ပါတယ်။
BIM အတွက်ဆောက်လုပ်မှုလုပ်မယ့် Revit Architecture ဟာ ဒီဇိုင်းပုံစံငယ် (3D building geography and non geographic properties) နဲ့ bahavioral model (management ပြောင်းလဲမှု) နှင့်အတူ integrated parametric building model အဖြစ်ပေါင်းစပ်လိုက်ပါတယ်။
ဒီဇိုင်းစာရွက်စာတမ်းအပါအဝင် ပုံစံငယ်တစ်ခုလုံးဟာ လိုက်လျောညီထွေမှုရှိပြီး ပူးပေါင်းဆောင်ရွက်မှုပါ ပြုလုပ်နိုင်တဲ့ ပေါင်းစပ်ပြီးသားဒေတာဘေ့စ်တစ်ခုပဲဖြစ်ပါတယ်။
အချို. non-graphic interior design information များကို ပရောဂျက် drawing (Plan drawings မှာပါဝင်တဲ့အခန်းနံပါတ် သို့ အခန်းအမည်) များတွင်မြင်နိုင်ပါတယ်။ နောက်ဆုံးတွင် အခြားအချက်အလက်ကို schedule များတွင် ခေါ်ယူအသုံးပြုနိုင်ပါတယ် ဥပမာ- တံခါး schedule မှာ တံခါ့း hardware ရေးဆွဲခြင်း။ သတင်းအချက်အလက် များ နောက်ဆုံးတွင်ဘယ်မှာပေါ်လဲဆိုတာ မမှတ်သားပေမယ့် Building Information Model နဲ့ Revit Architecture တို့က အတွင်းပိုင်းဒီဇိုင်းဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းစီမံပေးပြီး၊ ပရောဂျက်ရဲ့ တင်ပြချက် သတင်းအချက်အလက်များ ကိုမူ ပူးပေါင်းဆောင်ရွက်ပေးပါတယ်။

Schematic Design

အသေးစိတ်ဒီဇိုင်းမထွက်ခင် လုပ်ငန်းတွေဟာ ဧရိယာအကျယ်အဝန်းဆိုင်ရာ non-graphical data ပမာဏများတဲ့ အတွင်းပိုင်းနေရာအကျယ်အဝန်းအတွက် master schedule ကိုဖန်တီးနိုင်ပါတယ်။ ဖက်ရှင်အရ Revit Architecture ကိုအသုံးပြုသူတွေဟာ အတွင်းပိုင်းဒီဇိုင်းအစိတ်အပိုင်းများအတွက် input medium အဖြစ် table-based schedules ကိုလည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။
RTKL Sr. Applications Administrator ဖြစ်တဲ့ Clayton Starr က လက်ရှိဆေးရုံပရောဂျက်အတွက် နေရာ အကျယ်အဝန်းကြိုတင်ခန့်မှန်းမှုကို သိရှိရန် ဤ master schedule ကိုသူတို့၏အတွင်းပိုင်းဒီဇိုင်းအုပ်စုမှ ဘယ်လိုအသုံးချခဲ့သလဲဆိုတာကို ရှင်းလင်းပေးထားပါတယ်။
သူတို့ရဲ့ဒီဇိုင်နာတွေဟာ အခန်းဖွဲ့စည်းပုံ၊ ဧရိယာလိုအပ်ချက်များ၊ ပရိဘောဂနှင့် အသုံးဆောင်ပစ္စည်းလိုအပ်ချက်များ၊ ပြတင်းပေါက်ဘောင်ပြုလုပ်ရန် လိုအပ်တဲ့ကုန်ကြမ်းကဲ့သို့ non-graphic information များနှင့်အတူ revit building information model များကိုထည့်ထားပါတယ်။ ဒီဇိုင်းမှာ ဒီအဆင့်များကိုစောစီးစွာ အသေးစိတ်ထည့်ထားခြင်းဖြင့် အကြိုခန့်မှန်းချက်များကို မှန်ကန်စွာ ဖန်တီးနိုင်ပါတယ် ဟု Starr ကပြောကြားခဲ့ပါတယ်။

ဒီဇိုင်း Progresses နဲ့ နေရာအကျယ်အဝန်းအစစ်ကို ပုံစံငယ်လုပ်ထားတဲ့အတွက် ဒီဇိုင်နာများက သူတို့ဒီဇိုင်းလိုအပ်ချက်နှင့်ပတ်သက်ပြီး ဒီဇိုင်းပုံစံငယ်ကို Revit Architecture သုံးခြင်းဖြင့် ပြန်လည် စစ်ဆေးနိုင်ပါတယ်။ ဥပမာ အရမ်းကျဉ်းတဲ့အခန်းဧရိယာတွေမှာ ဧရိယာလိုအပ်ချက်ပေါ်မူတည်ပြီး အလိုအလျောက်နှိုင်းယှဉ်တွက်ချက်ပေးပါတယ်။

 Calculating Quantities

ဒီဇိုင်းအချက်အလက်များကို ထိန်းသိမ်းခြင်း၊ စီမံခြင်းနဲ့ ပူးပေါင်းခြင်းတွေအတွက် Revit Architecture ရဲ့အရည်အချင်းကတော့ အဆောက်အဦကုန်ကြမ်း၊ Supplies နဲ့ equipment တို့အတွက် အရေးပါလှပါတယ်။ အဆောက်အဦ အချက်အလက်အားလုံးအတွက်သုံးတဲ့ အခြား CAD ဖိုင်များကတော့ ယုံကြည်အားထားရမှု အားနည်းတဲ့ အတွင်းပိုင်းမှာကန့်သတ်မှုတွေရှိပါတယ်။ မတူတာကတော့ Revit Architecture ထဲက building component ရဲ့အရေအတွက်နဲ့ schedules တွေက building database ကိုလက်တွေ့ မြင်တွေ့နိုင်တဲ့အတွက် တိကျမှန်ကန်မှုရှိပါတယ်။

Revit Architecture ဟာ ခန့်မှန်းထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျှော့ချပေးပြီး မလိုအပ်တဲ့ ကုန်ကြမ်းများ ပြားစွာမှာယူမှု ပြသနာမှကင်းဝေးစေပြီး၊ ဧရိယာနဲ့ ကုန်ကြမ်းလိုအပ်မှုကို မှန်ကန်စွာတွက်ချက်ပေးပါတယ်။ မှန်ကန်တဲ့ဧရိယာတိုင်းတာချက်တွေကြောင့် ကော်ဇော၊ မျက်နှာကျက် (သို့) အချောပိုင်းစတဲ့အပိုင်း ခန့်မှန်းမှုအထိပါ မှန်ကန်သွားပါတယ်။ ပရိဘောဂနဲ့ ပစ္စည်းများ မှန်ကန်စွာထည့်သွင်းနိုင်မှုကြောင့် အဲဒီပ္စည်းများရဲ့ schedule ကိုပါမှန်ကန်စေပါတယ်။

RIKL ဆေးရုံပရောဂျက်ဥပမာအရ ဆေးရုံရဲ့နေရာအကျယ်အဝန်းဟာ အရေးပါပြီး၊လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကလည်း ဈေးကြီးလွန်းလှပါတယ်။ ပရောဂျက်တစ်ခုလုံးနဲ့ ဒီဇိုင်းဆင်ရန်အကျယ်အဝန်းမှာ relating detailed equipment schedules များကို အတွင်းပိုင်းဒီဇိုင်းတွင် စောစီးစွာသုံးနိုင်ခြင်းဖြင့် RIKL ဟာ သပ်ရပ်လှတဲ့ဒီဇိုင်းကို ပြောင်းလဲမှုအနည်းဆုံးနဲ့ လိုအပ်တဲ့ အသုံးအဆောင်များကို တိကျစွာဖန်တီးနိုင်ခဲ့ပါတယ်။ Revit building information model ရဲ့တိကျမှန်ကန်မှုဟာ စီမံမှုနဲ့ operating တွေအတွက်ပိုပြီး အကိုျးဖြစ်စေတဲ့ ပြောင်းလဲမှုမိုျးရနိုင်ပါတယ်။
နေထိုင်မှုအဆင့်အတန်း၊ တည်နေရာအကျယ်အဝန်း၊ assets တွေရဲ့အရည်အသွေးဟာ service offerings အတွက် building information model ကနေဘယ်လိုအကိူျးရနိုင်လဲဆိုတာကို ချင့်ချိန်စဉ်းစားဖို့ နှိုးဆော်ပေးနေပါတယ်။


Interior Documentation

Revit Architecture နဲ့အတူ အတွင်းပိုင်းဒီဇိုင်းနဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေး documents အားလုံးဟာ schedules, materials take-offs, and other information views တို့ပါဝင်တဲ့ underlying building model ရဲ့တိုက်ရိုက်တင်ပြချက်များဖြစ်ပါတယ်။ Revit parametric building modeler ဟာ အတွင်းပိုင်း အဆောက်အဦပုံစံငယ်သို့ ပြောင်းလဲမှုများကို ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ အတွင်းပိုင်းနံရံကိုပယ်ဖျက်လိုက်ပါက ယင်းနံရံနဲ့ပတ်သက်တဲ့ အလင်းအမှောင်ရော၊ သူနှင့်ဆိုင်ရာ documents တွေပါပယ်ဖျက်ပြီးသားဖြစ်သွားမှာပါ။ နံရံနဲ့ပတ်သက်တဲ့ drawings, electrical plans ၊ အလင်းအမှောင်ဆိုင်ရာ schedules တွေအားလုံး update ဖြစ်သွားမှာဖြစ်ပါတယ်။

Summary

Revit Architecture Software ဟာ conceptual design, design development, visualization, rendering and documentation အတွက် လိုက်လျောညီထွေမှုရှိတဲ့ ပတ်ဝန်းကျင်နဲ့အတူ ပုံစံငယ်လုပ်ငန်းကို လုပ်အား၂ဆ စိုက်ထုတ်စရာမလိုအောင် အတွင်းပိုင်းဒီဇိုင်းနာများကို
ကူညီပေးပါတယ်။ Revit parametric building modeler ဟာ ပရောဂျက်ရဲ့ presentation နဲ့ design options နဲ့ပတ်သက်တဲ့ ယင်း information ကိုပူးပေါင်းဆောင်ရွက်ပေးပါတယ် (အတွင်းပိုင်းပြင်ဆင်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်နဲ့ documentation ကိုအမှားကင်းကြောင်း ဒီဇိုင်နာနဲ့ client တွေကို ယုံကြည်စေပါတယ်)။
အတွင်းပိုင်းဒီဇိုင်နာများအတွက်ကတော့ building information model ဟာ ဒီဇိုင်းပိုင်းဆိုင်ရာမှာ စိတ်ကူးအတွေးခေါ်ကောင်းတဲ့ လက်နက်တစ်ခုသဖွယ်ဖြစ်ပြီး၊ အတွင်းပိုင်းဒီဇိုင်း လုပ်ငန်းအတွက် ပြိုင်စံရှားပဲဖြစ်ပါတယ်။



 References : www.autodesk.com 
                : http://forums.autodesk.com
                   : http://docs.autodesk.com
                   : http://revitpourtous.fr
                   : http://www.onlinerevit.com
                   : http://4.bp.blogspot.com
                   : http://g-ecx.images-amazon.com
                   : https://encrypted-tbn0.gstatic.com
                   : http://3.bp.blogspot.com 






No comments:

Post a Comment