ဒီတစ်ခေါက်မှာတော့ "ပတ်ဝန်းကျင်ကို
စနစ်တကျဒီဇိုင်းဆွဲပြီး ရာဇဝတ်မှုတွေကို ဘယ်လိုလျှော့ချမလဲ" ဆိုတဲ့
အကြောင်းလေးကို ပြောပြချင်ပါတယ်။ အိမ်၊ ရုံး၊ စီးပွားရေးလုပ်ငန်း သို့မဟုတ်
ရပ်ကွက်တစ်ခုလုံးကို ပိုပြီးလုံခြုံစေဖို့ CPTED နည်းလမ်းတွေက အထောက်အကူဖြစ်စေမှာပါ။
CPTED ဆိုတာဘာလဲ?
CPTED ရဲ့ အခြေခံသဘောတရားက "ပတ်ဝန်းကျင်ကို
ဒီဇိုင်းဆွဲပုံနဲ့ ရာဇဝတ်မှုကို တားဆီးနိုင်တယ်" ဆိုတာပါပဲ။
ရိုးရိုးလေးပြောရရင် –
- မကောင်းတဲ့သူတွေ ဝင်ချင်မဝင်ချင် အာရုံစိုက်စရာဖြစ်အောင်
လုပ်ထားမယ်။
- မလိုလားအပ်တဲ့သူတွေ ဝင်လာရင် ချက်ချင်းသိအောင် စီစဉ်ထားမယ်။
- ရာဇဝတ်သားတွေ အကာအကွယ်ယူဖို့ နေရာမရှိအောင် ဖန်တီးထားမယ်။
CPTED အဓိက အချက် (၄) ချက်
၁) သဘာဝကြည့်ရှုစောင့်ရှောက်မှု (Natural
Surveillance)
- မြင်ကွင်းကျယ်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့ နေရာတွေမှာ
ရာဇဝတ်သားတွေ ဝင်ရောက်ရဲတာ နည်းပါတယ်။
- ဥပမာ:
- ခြံစည်းရိုးတွေကို မြင့်မြင့်ကြီးမထားဘဲ ဖွင့်ထားပါ။
- အိမ်ရှေ့မီးလင်းပါစေ၊ ချုံတွေမပိတ်ပါစေနဲ့။
(၂) နယ်နိမိတ်သတ်မှတ်ခြင်း (Territorial Reinforcement)
- ကိုယ့်နေရာကို ပိုင်တယ်ဆိုတဲ့အသွင်ဖြစ်အောင် ပြင်ဆင်ထားပါ။
- ဥပမာ:
- အိမ်ရှေ့မှာ ပန်းအိုး၊ လမ်းညွှန်ဆိုင်းဘုတ်လေးတွေ ထားပါ။
- လူစိမ်းတွေဝင်လာရင် သိသာစေမယ့် ဒီဇိုင်းဖန်တီးပါ။
(၃) သဘာဝထိန်းချုပ်မှု (Natural Access Control)
- လူစိမ်းတွေ မလိုအပ်ဘဲ မဝင်နိုင်အောင် လမ်းကြောင်းထိန်းပါ။
- ဥပမာ:
- အိမ်တိုင်းဝင်ပေါက်က တစ်နေရာတည်းမှာပဲ ရှိပါစေ။
- ခြံဝင်းထဲကို တိုက်ရိုက်မဝင်နိုင်အောင် အတားအဆီးလေးတွေ
ထားပါ။
(၄) နေရာတိုင်းကို ထိန်းသိမ်းခြင်း (Maintenance)
- ပျက်စီးနေတဲ့နေရာ၊ မှောင်နေတဲ့နေရာတွေက ရာဇဝတ်သားတွေကို
ဆွဲဆောင်ပါတယ်။
- ဥပမာ:
- မီးလုံးပျက်နေရင် အမြန်လဲပါ။
- ခြံထဲက အမှိုက်နဲ့ ချုံတွေကို ရှင်းလင်းထားပါ။
ဒီလိုလုပ်ကြည့်ရအောင်!
- အိမ်နဲ့ခြံဝင်းကို လူတိုင်းမြင်နိုင်အောင် ဖွင့်ထားပါ။
- ညဘက်အလင်းရောင်ကောင်းအောင် မီးချောင်းလေးတွေ တပ်ဆင်ထားပါ။
- လူစိမ်းတွေ ဝင်လာရင် သတိထားမိအောင် သတိပေးဆိုင်းဘုတ်ကပ်ထားပါ။ (ဥပမာ၊ ဤနေရာတွင် CCTV တပ်ဆင်ထားသည်။)
ဒီနည်းလေးတွေက ရိုးရှင်းပေမယ့် ရာဇဝတ်မှုကို
အများကြီးလျှော့ချနိုင်ပါတယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်အိမ်ကို ပိုပြီးလုံခြုံအောင်
ဒီအချက်လေးတွေနဲ့ စတင်လိုက်ကြရအောင်!
MTZO
No comments:
Post a Comment