နိုင်ငံတကာစံနှုန်းများနှင့် ခေတ်မီလှေကားဒီဇိုင်း


လှေကားဆိုတာ လူနေအိမ်မှာဖြစ်စေ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အအုံမှာဖြစ်စေ၊ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ မှားယွင်းစွာဖွဲ့စည်းထားတဲ့ လှေကားတွေဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ လှေကားဒီဇိုင်းနဲ့ပတ်သက်ပြီး "ဘေးကင်းရေး၊ သုံးစွဲရလွယ်ကူမှု နဲ့ ခိုင်ခံ့မှု" စတာတွေကို အဓိကထားပြီး တင်းကြပ်တဲ့ စံနှုန်းများ (Building Codes and Safety Guidelines) ကို အသေအချာ သတ်မှတ်ထားတတ်ကြပါတယ်။


နိုင်ငံအလိုက် ကွဲပြားမှုတွေအနည်းငယ် ရှိတတ်ပေမဲ့၊ ယေဘုယျအားဖြင့် နိုင်ငံတကာစံနှုန်းတွေမှာ အောက်ပါအချက်တွေကို အလေးထားလေ့ရှိပါတယ်။
(၁)
အကျော်(ခြေကျော်) အမြင့် နှင့် အနင်း(ခြေနင်း) အကျယ်
(Riser Height & Tread Depth)
လှေကားထစ်တစ်ခုချင်းစီရဲ့ အကျော် (riser) နဲ့ ခြေချရာ အနင်း (tread) ဟာ သက်သောင့်သက်သာရှိတဲ့ အတက်အဆင်းအတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ လူတစ်ဦး ခြေလှမ်းလှမ်းတဲ့သဘာဝအတိုင်း တွက်ချက်ထားတာဖြစ်ပြီး၊ အရမ်းမြင့်တာ-အရမ်းနိမ့်တာ-ဒါမှမဟုတ် အနင်းကျဉ်းတာတွေက အသုံးပြုသူကို ချော်လဲကျစေနိုင်ပါတယ်။
လူနေအိမ်များအတွက် သတ်မှတ်ထားတဲ့ စံနှုန်း (International Residential Code - IRC) အရ -

အများဆုံး (၇.၇၅) လက်မ [၁၉.၇ စင်တီမီတာ] ထက် မပိုရ။

အနည်းဆုံး (၁၀) လက်မ [၂၅.၄ စင်တီမီတာ] ရှိရမည်။

လှေကားတစ်စင်းလုံးမှာ အထစ်တစ်ခုနဲ့တစ်ခုရဲ့ အကျော်၊ အနင်းတွေဟာ အများဆုံး (၀.၃၇၅) လက်မ [၉.၅ မီလီမီတာ] ထက် ပိုပြီး မကွာခြားရပါ။ ဒီလိုညီညာမှု မရှိရင် အသုံးပြုသူတွေကို ခြေလှမ်းမှားပြီး ချော်လဲစေနိုင်ပါတယ်။
(၂)
လက်ရန်း (Handrails)
လက်ရန်းတွေဟာ ဟန်ချက်မညီတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အရေးပါတဲ့ အထောက်အကူပြုပစ္စည်းဖြစ်ပါတယ်။

မြေပြင် (သို့မဟုတ်) လှေကားထစ်မျက်နှာပြင်ကနေ လက်ရန်းအပေါ်ဆုံးအထိ အမြင့်ဟာ (၃၄) လက်မ [၈၆.၄ စင်တီမီတာ] ကနေ (၃၈) လက်မ [၉၆.၅ စင်တီမီတာ] အကြားမှာ ရှိရပါမယ်။

လက်ဖြင့် ကိုင်တွယ်ရလွယ်ကူတဲ့ ပုံသဏ္ဍာန်ဖြစ်ရပါမယ်။ လက်ရန်းကို လှမ်းကိုင်တဲ့အခါ အတားအဆီးမရှိ၊ ဖမ်းဆုပ်ရ လွယ်ကူနိုင်စေရပါမယ်။
(၃)
လှေကားအောက်ခြေ နေရာလွတ် (Headroom)

(၄)
မီးဘေးလွတ်လမ်းအဖြစ် အသုံးပြုခြင်း
အများပြည်သူသုံး အဆောက်အအုံတွေမှာ လှေကားတွေကို မီးဘေးအန္တရာယ်ကနေ ထွက်ပြေးလွတ်မြောက်စေနိုင်တဲ့ လမ်းကြောင်းအဖြစ် သတ်မှတ်ထားပါတယ်။ ဒီလိုလှေကားတွေဟာ မီးဒဏ်ခံနိုင်ရည်ရှိတဲ့ပစ္စည်းတွေနဲ့ တည်ဆောက်ထားရပြီး အမှောင်ထဲမှာလည်းမြင်နိုင်တဲ့ အလင်းပေးစနစ်တွေ (ဥပမာ- ညအလင်းရောင်ပေးတဲ့ လှေကားနှုတ်ခမ်းသားများ)ကို တပ်ဆင်ထားရင် ပိုမိုကောင်းမွန်စေပါမယ်။
(၅)
ချော်လဲမှု ကာကွယ်ခြင်း (Slip Resistance)
လှေကားမျက်နှာပြင်တွေဟာ ချော်လဲမှုဒဏ် ခံနိုင်ရည်ရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားရပါမယ်။ လှေကားထစ် နှာထိပ် (nosing) တွေကိုလည်း ချော်လဲမှုမဖြစ်အောင် အထူးဒီဇိုင်းနဲ့ ပြုလုပ်ထားရပါမယ်။
..............................


မြန်မာ့ရိုးရာအယူအဆများက လှေကားထစ်အရေအတွက်ကို "စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး၊ ဆိုးကျိုးတွေ"နဲ့ ဆက်စပ်ပြီး ဒီဇိုင်းဆွဲကြပါတယ်။ နိုင်ငံတကာစံနှုန်းများကတော့ "လူသားရဲ့ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းမှု (Physical Safety)" ကို ဦးစားပေးပါတယ်။








ခေတ်မီဆောက်လုပ်ရေးလောကမှာတော့ မြန်မာ့ရိုးရာအယူအဆတွေကို လိုက်နာရင်းနဲ့ နိုင်ငံတကာစံနှုန်းတွေကိုပါ ပေါင်းစပ်အသုံးပြုခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဥပမာ- အိမ်ရှင်ရဲ့ ဆန္ဒအရ လှေကားထစ်အရေအတွက်ကို 'ရာဇ' သို့မဟုတ် 'လာဘ' နဲ့ ဆုံးတဲ့ အရေအတွက် ရွေးချယ်ပြီး၊ ထိုအရေအတွက်ဟာ နိုင်ငံတကာစံနှုန်းများဖြစ်တဲ့ အထစ် အကျော်နှင့် အနင်းတို့နဲ့ ကိုက်ညီမှုရှိမရှိကိုလည်း တွက်ချက်စစ်ဆေးသင့်ပါတယ်။
ကဗျာထဲကအတိုင်း ဘဝလမ်းခရီးမှာ "ငရဲလမ်း၊ နိဗ္ဗာန်လမ်း" ဆိုသလို ကောင်းခြင်း၊ ဆိုးခြင်းတွေ ဒွန်တွဲနေသလို၊ လှေကားတည်ဆောက်တဲ့အခါမှာလည်း ရိုးရာယဉ်ကျေးမှုဆိုင်ရာ အယူအဆနဲ့ လက်တွေ့ကျတဲ့ ဘေးကင်းရေးစံနှုန်းတွေကို ဟန်ချက်ညီညီ ပေါင်းစပ်တတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင့်အိမ်ရဲ့ လှေကားဟာ လာဘ်လာဘတွေ ပေါများစေပြီး၊ အန္တရာယ်ကင်းတဲ့ အတက်အဆင်းလမ်းတစ်ခု ဖြစ်လာမှာပါ။
- MMO
No comments:
Post a Comment