Sunday, November 13, 2011

အဓိကလမ်းကြောင်းနည်း စီမံချက်

အဓိကလမ်းကြောင်းနည်း စီမံချက်

 Project တခုကို မစခင်မှာ Project Schedule ကိုဆွဲရပါတယ်။ Client က သတ်မှတ်ပေးထားတဲ့ရက်နဲ့ အမှန်တကယ် ပြီးစီးနိုင်တဲ့ရက် နှစ်ခုကြားမှာ သီအိုရီ နဲ့ အတွေ့အကြုံပေါင်းပြီး ရေးဆွဲကြရပါတယ်။ သင်တန်းမှာသင်ခဲ့ရတဲ့ အဓိကလမ်းကြောင်းနည်း စီမံချက် ( Programming by Critical Path Method) ကို ပြန်လည် မျှဝေလိုက်ပါတယ်။

ကျွန်တော်တို့သည် လုပ်ငန်းကြီး ငယ်မဆို ဆောင်ရွက်ရာ၌ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် ဆောင်ရွက်မှုလမ်းကြောင်းကို ချမှတ်ရစမြဲပင်ဖြစ်သည်။ ကျွန်တော်တို့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်တော်တို့၏ နေ့စဥ ်လုပ်ငန်းဆောင်တာများသည် စာရွက်ပေါ်၌မဖော်ပြစေကာမူ စီမံချက်များလျာထားပြီး ဖြစ်ကြသည်။ အများနှင့်စုစည်းဆောင်ရွက်ရသော လုပ်ငန်းကြီးများ၌ ဆိုလျှင် မိမိတို့ သွားရမည့် လုပ်ငန်းဆောင်ရွက်မှု လမ်းကြောင်းကို စီမံချက်ပုံစံဖြစ် အတိအကျ ဖော်ထုတ်ရန်လိုလာသည်။ စီမံချက်ပုံစံများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ နှောင်းခတ်ကလည်း သုံးခဲ့သည် ခုခတ်လည်း သုံးစဲဖြစ်ပါသည်။ တိုးတက်သောနိုင်ငံများ၌ စီမံချက်ရေးဆွဲသည့်ပုံစံကို သမရိုးကျ နည်းမှ စနှစ်ကျသောနည်းသို့ ဖွဲ့ စည်းဖော်ထုတ်လာသည်။ ထင်ရှားသော စီမံချက်ဆောင်ရွက်နည်းပုံစံသည် အဓိကလမ်းကြောင်းနည်း စီမံချက် ( Programming by Critical Path Method) ဖြစ်ပါသည်။



 အဓိကလမ်းကြောင်းနည်းစီမံချက်ကို ၁၉၆၀ ခုနှစ် နောက်ပိုင်းမှစ၍ ကမ္ဘာ့နိုင်ငံများ၌ အသုံးပြုလာကြပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ဆိုင်သော "ဆောက်လုပ်ရေးအဓိက လမ်းကြောင်းနည်း" ပဏာမအဆင့်ကို ဤ Post ဖြင့် စတင်ဖော်ပြပေးပါမည်။

မော်တော်ယာဉ်သည် လမ်းရှိမှ မောင်းနှင်၍ရသည်။ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်လမ်းသည် သီးခြားဖြစ်သည်။ သို့သော် ထိုနှစ်ခုတို့သည် အပြန်အလှန် အထောက်အကူ ပြုကြပါသည်။ထို့အတူ အဓိကလမ်းကြောင်းနည်းစီမံချက်ကို မော်တော်ယာဉ်နှင့် နှိုင်းယှဉ်ပါက မော်တော်ယာဉ်လမ်းကို တည်ဆောက်ရပေဦးမည်။ မော်တော်ယာဉ်လမ်းနှင့် တူသော အောက်ပါအခြေခံအချက်များကို ပဏာမ ဖော်ထုတ်ရသည်။

(က) လုပ်ငန်းသဘာဝနှင့်အလုပ်ကို နားလည်ရပါမည်။ နားလည်အောင်လေ့လာပါ။
(ခ) လုပ်ငန်းဆောင်ရွက်လိုမှု ပုံစံကို ကြိုတင်သတ်မှတ်ရမည်။ ကြိုတင်သတ်မှတ်ပုံစံကို စာရွက်ပေါ်၌ ရေးချထားပါ။
(ဂ) ဆောင်ရွက်မှုလုပ်ငန်းအဆင့်ဆင့် ( Sequence of Job ) ကိုကြိုတင်သတ်မှတ်ရမည်။ စာရွက်ပေါ်၌ သတ်မှတ်ချက် ရေးချ ဖော်ပြထားပါ။
(ဃ) အလုပ်ယူနစ်နှင့် လုပ်ငန်းယူနစ် ( Unit of Work and Working Unit ) များကို ကြိုတင် သတ်မှတရမည်။ လုပ်ငန်းငယ်တခုစီ အလိုက် ကြိုတင်သတ်မှတ်ချက်များကို ရေးသားဖော်ပြထားပါ။
(င) ဖြစ်နိုင်ခြေအလားအလာရှိသော ချုပ်ထိန်းမှုများ ( Likely Constraints) ကိုကြိုတင် သတ်မှတ်ထားရမည်။ သတ်မှတ်ရရှိသည့် ချုတ်ထိန်းမှုများကို စာရွက်ပေါ်၌ ရေးသားဖော်ပြထားပါ။
(စ) သာမန်အခြေ အနေ၌ အလုပ်ယူနစ်တခုစီ၏ ကုန်ကျစားရိတ် များကိုတွက်ချက်ရမည်။ စာရွက်ပေါ်၌ ရေးသားတွက်ချက်ထားပါ။
(ဆ) အချိန် (သို့မဟုတ်) ငွေကြေးအကုန်အကျတို့အနက် မည်သည့်အချက်သည် အဓိကဖြစ်ကြောင်း ကိုကြိုတင်သတ်မှတ်ထားရမည်။ စာရွက်ပေါ်၌ ရေးသားဖော်ပြထားပါ။

 သမရိုးကျနည်းစီမံချက် သည် လုပ်ငန်းအတွေ့အကြုံနှင့် လုပ်ငန်းအခြေအနေကို လေ့လာ၍ သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်သည်။ နည်းစနစ်အနေနှင့်ဖော်ပြပါဆိုလျှင် စီမံချက်ရေးဆွဲသူ၏ အဆုံးအဖြတ်ပင်ဖြစ်သည်ဟု ယေဘူယျ အားဖြင့်ဆိုနိုင်ပါသည်။ လုပ်ငန်းတခုလုံး၏ အခြေအနေကို ဖော်ပြသည်။ လုပ်ငန်းစိတ်တခုခြင်း၏ အခြေအနေကို ဖော်ပြခြင်းမရှိပေ။ ထို့ကြောင့် ဆောက်လုပ်ရေးကာလ (Duration) ကိ ုလျှော့ချလိုလျှင်လည်းကောင်း ဆောက်လုပ်ရေးစရိတ်စက (Cost) ကိ ုလျှော့ချလိုလျှင်လည်းကောင်း ဆောင်ရွက်ရမည့် အဓိကအကြောင်းအရာ (Critical Condition) များကိုဖော်ပြခြင်း မရှိ။ မျက်စေ့ဖြင့်ကြည့်၍ ပေါ်လွင်နိုင်သည့် အခြေအနေကို ပြသနိုင်ခြင်း မရှိကြောင်း တွေ့ရပါမည်။
အဓိကလမ်းကြောင်းနည်းစီမံချက် ပုံစံ၌ အဓိကအကြောင်းအရာ အဓိကအလုပ် ဆောင်ရွက်ရမည့် အဓိကလုပ်ငန်းလမ်းကြောင်း စသည်တို့ကို သာမန်မျက်စေ့ဖြင့် မြင်နိုင်သည့် အထိ ဖော်ပြသည်။
လုပ်ငန်းဆောင်ရွက်စဉ်ကာလအတွင်း
(က) မူလလျာထားချက် ဆောင်ရွက်ပြီးချက်နှင့် တိုးတက်မှု အခြေအနေ
(ခ) အချိန်ခွဲဝေသုံးဆွဲနိုင်မှု အခြေအနေ
(ဂ) လုပ်အားခွဲဝေသုံးဆွဲနိုင်မှု အခြေအနေ
(င) စက် ယန္တရား အထောက်အကူ ခွဲဝေသုံးစွဲနိုင်မှု အခြေအနေ
စသည်တို့ကို အသေးစိတ် ဖော်ပြသည်။
အဓိကလမ်းကြောင်းနည်းစီမံချက်ကို လုပ်ငန်းခွင်များ၌ အသုံးပြုလိုလျှင် အလေ့အကျင့် အနည်းငယ်လိုသည်။ နောင်တွင် မိမိ၏ ဆန္ဒအတိုင်း စီမံချက်ပုံစံကို အမျိုးမျိုး ရေးဆွဲနိုင်ပါသည်။
နောင်တွင် ဆက်လက်ဖော်ပြမည့် ဤ Post ပါ အချက်အလက်များသည် ပဏာမ အဆင့်၌သာ ရှိပါမည်။ အဓိက အချက်အလက်များကို ဖော်ပြပေးပါမည်။ လက်တွေ့အသုံးချမှု အပိုင်းများအတွက် ဆက်လက်လေ့လာရန် လိုသေးကြောင်း ဖော်ပြ အပ်ပါသည်။

နောက်ခံသမိုင်း
၁၉၅၆ -၅၈ ခုနှစ်များအတွင်း အမေရိကန်နိုင်ငံ၌ ပရိုဂျက်များ စီမံရေးနှင့် ကွပ်ကဲရေးအတွက် စီမံချက်ပုံစံတချို့ကို စခဲ့ပါသည်။ အမေရိကန်ရေတပ်သည် ပိုလာရစ်ဒုံးပျံ ဆောက်လုပ်ရန် အစီအစဉ် ချမှတ်သည်။ သုတေသနပြုလုပ်ခြင်း ထုတ်လုပ်ခြင်းနှင့် ယခင်က မရှိဘူးသေးသော စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း လုပ်ငန်းများ ပါဝင်သည်။ ကံထရိုက်တာအား အစောဆုံး နောက်အကျဆုံးနှင့် ဖြစ်နိုင်ရန် အလားအလာအရှိဆုံး (Optimistic Pessimistic, and Likely Dates) ပြီးစီးမည့် နေ့များကို သတ်မှတ်စေသည်။ ကံထရိုက်တာ၏ တင်ပြချက်ကို သင်္ချာနည်းဖြင့် တွက်ချက်ဆန်းစစ်သည်။ ဤသို့ ဆောင်ရွက်နည်းကို (Program Evaluation and Review Technique -PERT) ဟုခေါ်သည်။ ဤနည်း၌ စရိတ်စကတန်ဖိုးကို အပြောင်းအလဲမရှိ ပုံသေထားသည်။ နောင်တွင် တန်ဖိုးကို ထည့်သွင်း စဉ်းစားသည့်နည်းကို တီထွင်ပြန်သည်။ ဤဒုတိယ စနစ်ကို (PERTCO PERT with cost) ဟုခေါ်သည်။ လိုအပ်ချက်ကိုသာသိ၍ မသေချာသော ဆောင်ရွက်မှုများ ပါဝင် သည့် လုပ်ငန်းများအတွက် (PERT) နည်းသည် အကောင်းဆုံး ဖြစ်သည်။

အခြားဖြစ်ရပ်တခုမှာ (E.I Du Pont de Nemours Company) သည် အမေရိကန်ပြည်၌ ဓာတုဗေဒ စက်ရုံအများတည်ဆောက်ရန် လုပ်ငန်းရှိသည်။လုပ်ငန်းအားလုံး၌ အချိန်နှင့် စရိတ် (Time and Cost) များကို ကြိုတင် ခန့်မှန်းရန်လိုသည်။ ပရိုဂျက်စီမံရေးနှင့် အချိန်ဇယားကိုက်စနစ် (Project Planning and Schedule - PPS) ကိုတီထွင်သည်။ အချိန်နှင့်စရိတ်စကကို ထည့်သွင်းရာထားသည်။ PERTနည်းထက် ပိုမို ပြည့်စုံလာသည်။ ဤ PPSနည်းကိုပင် တိုးတက် ပြုပြင်လာခြင်းဖြင့် နောက်ဆုံး၌ အဓိကလမ်းကြောင်းနည်းစီမံချက် (Critical Path Method - CPM) ပေါ်ထွက်လာသည်။ ဆောက်လုပ်ရေး လုပ်ငန်းနယ်ပယ်၌ အသုံးချလာသည်။ လုပ်ငန်းခွင်၌ တွေ့ကြုံရတတ်သည့် အခြေအနေနှင့် အခက်အခဲကို ပေါင်းစပ် ထည့်သွင်း ဆောင်ရွက်ပြန်သည်။

(PERT) သို့မဟုတ် အဓိကလမ်းကြောင်းနည်း နှစ်ခုအနက် မည်သည့်နည်းကိုအသုံးပြုသည်ဆိုစေခါမူ မျဉ်းကြောင်းပြပုံစံ (Diagram or Model) ကိုစနစ်တကျ ဖွဲ့စည်းပေါင်းစပ် ရေးဆွဲရသည်။ လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ဖော်ပြရသည်။ ပုံတွင် လေ့လာကြည့်ရှုပါ။

  မည်သည့် ဆောက်လုပ်ရေးနယ်ပယ် ဖြစ်စေခါမူ

- စီမံကိန်းတခုလုံး၏ လုပ်ငန်းအသေးစိတ်ကို ခွဲခြမ်းစိတ်ဖြာ၍ စဉ်းစားရာ၌ ဆောင်ရွက်ပုံစနစ်အတိုင်း ဖြစ်ပေါ်လာအောင် အလုပ်သမားအင်အား အရွယ်အစားနှင့် အလုပ်ချိန် စသည်တို့ကို ကြိုက်သလို ပူးပေါင်းဆောင်ရွက်နိုင်သည်။
- ပူးပေါင်းမှု (Combination)တခုသည် စရိတ်စက အချိန် (သို့) နှစ်မျိုးစလုံးကို အဓိကအားဖြင့် အဆုံးအဖြတ်ပေးသည်။

Project တခုကို ကြည့်လျှင် သာမန်အားဖြင့် တိုက်ရိုက်ကုန်ကျစရိတ် တခုတည်းကိုသာ အလေးပေးစဉ်းစားတတ်သည်။ ပရိုဂျက်တန်ဖိုး၌ တိုက်ရိုက် နှင့် သွယ်ဝှိက် ကုန်ကျစရိတ်များ ပါဝင်အောင် ပါဝင်ကြောင်းကို သတိမူရမည်။ ၎င်းတို့သည် အလုပ်ချိန်နင့် တိုက်ရိုက် ဆက်သွယ်လျှက် ရှိသည်။ ဆောက်လုပ်ရေးအင်ဂျင်နီယာသည် အလုပ်သမားနှင့် စက်ယန္တရားများကို အခြားလုပ်ငန်းခွင်သို့ အမြန်ဆုံးပို့ခြင်းဖြင့် တိုက်ရိုက်ကုန်ကျစရိတ်ကို လျှော့ချကောင်းလျှော့ချပေမည်။ နေရာတိုင်း၌ မှန်ချင်မှလည်း မှန်ပေမည်။

- အချိန်သည် ပြဿနာမဟုတ်ခဲ့ပါမူ တိုက်ရိုက်ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဆောင်ရွက်ပေလိမ့်မည်။
- စရိတ်သည် ပြဿနာမဟုတ်ခဲ့ပါမူ အချိန်တိုအတွင်း ပြီးစီးစေရန် အလုပ်ကို အမြန်ဆုံးနည်းဖြင့် ဆောင်ရွက်ပေလိမ့်မည်။

ဤအစွန်းနှစ်ဖက်အကြား၌ အကောင်းဆုံးနည်းကို ရှာကြံရန်မှာ ထပ်တူဖြစ်သော အချင်းချင်းဆက်သွယ်မှုရှိသော လုပ်ငန်းသဘောများကို အသေးစိပ်တခုကို အမြန်ပြီးစီးစေရန် ဆောင်ရွက်ခဲ့လျှင် စရိတ်စက တက်မည်။ အချိန်သက်သာမည် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းစိပ်သည် ပရိုဂျက်လုပ်ငန်းစဉ်များ၌ အဓိက (Critical) ကျသောလမ်းကြောင်းပေါ်ရှိ လုပ်ငန်းတခု မဖြစ်သ၍ ပရိုဂျက်လုပ်ငန်းတခုလုံး၏ အလုပ်ချိန်ကို လျှော့နည်းစေမည် မဟုတ်ပေ။ ထို့ကြောင့် ကွင်းဆက်လုပ်ငန်းစဉ်များမှ အဓိကကျသောလုပ်ငန်းစိပ် ကိုရှာဖွေရန် အရေးကြီး သည်။ အဓိက လုပ်ငန်းကို ဆောင်ရွက်မိမှသာလျှင် လုပ်ငန်းတခုလုံး၏ အလုပ်ချိန်ကို လျှော့နည်းစေ၍ တိုက်ရိုက်နှင့် သွယ်ဝှိက် ကုန်ကျစရိတ်များ သက်သာစေမည်။

 အချိန် စရိတ် ပြဿနာသည် လွယ်ကူသော ကိစ္စတရပ် မဟုတ်ပေ။ တန်ဖိုးအားလုံးသည် အချိန်ကိုလိုက်၍ ပြောင်းလဲသည်။
- လုပ်ငန်းဆောင်ရွက်မှုတခုအတွက် အချိန်အလုံအလောက်ရလျှင် တိုက်ရိုက်ကုန်ကျစရိတ် ကျဆင်းသည်။
- လုပ်ငန်းဆောင်ရွက်မှုတခုအတွက် အချိန်ပိုမိုကုန်သည်နှင့်အမျှ သွယ်ဝှိက်စရိတ်နှင့် ဝန်ဆောင်စရိတ်များ ပိုမိုကုန်ကျမည်။
- အချိန်နှင့် စုပေါင်းကုန်ကျစရိတ် နှစ်ခုအကြား မျှတသည့် အခြေအနေကိုရှာနိုင်ပါမှ အကောင်းဆုံးအဖြေကို ရရှိနိုင်ပါမည်။

ပရိုဂျက်စီမံချက် (Project Program) များ ရေးဆွဲရာ၌ အစဉ်အလာအားဖြင့် မိမိ၏အတွေ့အကြုံအရ ဆင်ခြင်သုံးသပ်လျှက် အဖြေရှာဆောင်ရွက်တတ်သည်။စမ်းသပ်၍ တွက်ချက်ရယူကြသည်။တနည်းအားဖြင့် ဆောက်လုပ်ရေးစီမံချက်တခုလုံးသည် ခန့်မှန်းချက်သာဖြစ်သည်။ ခေတ်သစ်ဆောက်လုပ်ရေးလုပ်ငန်းများ၌ အချိန် နှင့် စရိတ် ကို ပူးတွဲ လေ့လာသည့်စနစ် CMP (သို့) PERT ကိုအသုံးပြုလာကြသည်။ လိုအပ်သည့်လုပ်ငန်း၌ အချိန် နှင့် စရိတ် ကို ပူးတွဲလေ့လာသည့် စနစ်၊ CMP (သို့မဟုတ်) PERT ကိုအသုံးပြုလာကြသည်။ လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်းအတွက် အချက်အလက်များဖေါ်ပြသည့် ကွန်ယက်ပုံစံ ( Net-Work Diagram or Model) ဖြင့် စီမံချက်ကို မြင်မြင်ထင်ထင် ဖေါ်ပြသည်။ ပရိုဂျက်ဆောင်ရွက်မှု နည်းစဉ်ကို မြင်နိုင်ရန်မျဉ်းကြောင်းများ ဖြင့် အဆင့်ဆင့် ဆက်သွယ်ဖေါ်ပြသည်။

 စီပီအမ် ( CPM ) နည်း၏ အခြေခံအချက်များ
ဆောက်လုပ်ရေးလုပ်ငန်း စီမံရေးရာကိစ္စ၌ စီပီအမ်နည်းကို၊ အသုံးပြုဆောင်ရွက်မည်ဆိုပါက အောက်ပါအဓိက အချက်များကို၊ အဆင့်ဆင့် ဆောင်ရွက်ရမည်။
(က) ပရိုဂျက်၌ ပါဝင်အစိပ်အပိုင်းတစ်ခုစီ၏ ဆောင်ရွက်မှုအတွက်၊ အချိန်နှင့် စရိတ် ကို အတိအကျ တွက်ချက်ရမည်။
(ခ) ပါဝင်လုပ်ငန်းတစ်ခုစီ၏ “အချိန်နှင့်စရိတ်“ သိရှိရန်အတွက်၊ ခန့်မှန်းခြေစာရင်းများပြုစုသည့်သမရိုးကျ အစဉ်အလာအတိုင်း၊ လုပ်ငန်းစိပ် ( Itemised Bill of Quatity ) များ၏ ပစ္စည်းနှင့် လုပ်အားကို တွက်ချက်ရမည်။ လုပ်ငန်းစိပ်တစ်ခုစီ၏ တိုက်ရိုက် ကုန်ကျစရိတ်ကို တွက်ချက်ရမည်။
(ဂ) လိုအပ်ပါက လုပ်ငန်းစိတ်တစ်ခုစီကို လုပ်ငန်းအခြေအနေနှင့် ကိုက်ညီသင့်လျော်သလို ဆောင်ရွက်မှု အဆင့်ဆင့် ဆောင်ရွက်မှုနည်းစဉ်များ ထပ်ဆင့်ခွဲခြမ်းစိပ်ဖြာရမည်။
(ဃ) အထက်ပါခွဲခြမ်းစိပ်ဖြာသည့်အဆင့်ကို မည်မျှအထိ ဆောင်ရွက်သင့်သည် ဆိုသည့်အချက်မှာ ဆောင်ရွက်မှုလုပ်ငန်း မည့်သည့် အဆင့်အထိ စရိတ်စကကို သိလိုကြောင်း ဆုံးဖြတ်ချက်ပင်ဖြစ်သည်။
(င) တိုက်ရိုက်ကုန်ကျစရိတ်ကို တွက်ယူပြီးသောအခါ၊ လုပ်ငန်းစိပ်တစ်ခုစီအတွက် သာမန်အားဖြင့် လိုအပ်သော လုပ်အားချိန်၊စက်ယန္တရားလုပ်အားချိန်တို့ကို သမရိုးကျနည်းစနစ်များအတိုင်း ဆက်လက်တွက်ချက်ရမည်။
(စ) ဆောင်ရွက်မှုလုပ်ငန်း ( Operation ) တစ်ခုစီအတွက်၊ အချိန်စရိတ်များကို တွက်ချက်ရရှိပြီးသောအခါ၊ သာမန်ထက်ထူးခြားသော အခြေအနေများအတွက် ရာထားတွက်ချက်ရန်သည်၊ ခတ်ခဲတော့မည်မဟုတ်ပေ။ ပြောင်းလဲအခြေအနေများကို ရာထားတွက်ချက်၍၊ ရနိုင်ပေပြီ။

 အခြေအနေပြောင်းလဲရာထားနိုင်ချက်များ
- အလုပ်သမားတဆိုင်းအားအချိန်ပိုဆောင်ရွက်စေလျှင်...
- အလုပ်သမား အဆိုင်းခွဲ၍ ဆောင်ရွက်စေလျှင်...
- အလုပ်သမား အရေအတွက် ပြောင်းလဲဆောင်ရွက်စေလျှင်...
- စက်၊ ယနရား၊ ကရိယာ ပြောင်းလဲဆောင်ရွက်စေလျှင်...
- လုပ်နည်းလုပ်ဟန် ပြောင်းလဲဆောင်ရွက်စေလျှင်...
- ပရိုဂျက်အတွက် အခြေအမြစ် ပြောင်းလဲဆောင်ရွက်စေလျှင်...

ဖြစ်နိုင်ခြေ အလားအလာများလေလေ..ဤသို့ပြန်လည်တွက်ချက်ရသည့်အလုပ်သည် ငြီးငွေ့ဘွယ်ရာဖြစ်လေဖြစ်မည်။သို့သော် အတွေ့အကြုံရလာလျှင်၊ လွယ်ကူလာပေမည်။ နောက်ဆုံးတွင် စုပေါင်း ကုန်ကျစရိတ် အသက်သာဆုံးနည်းကို တွေ့ရမည်။
ဤသို့ နည်းလမ်းရှာဖွေနည်းကို “ ကွန်ယက်စိပ်ဖြာလေ့လာနည်း - Network Analysis “ ဟုခေါ်သည်။ ဆောက်လုပ်ရေးအင်ဂျင်နီယာတိုင်း၊ စီမံကိန်း မန်နေဂျာတိုင်း သိအပ်သည်။ အသုံးပြုအပ်သည်။ ကွန်ယက်စိပ်ဖြာနည်းကို ကိုယ်တိုင်ဆောင်ရွက်ပါက၊ ဆောင်ရွက်မှုလုပ်ငန်း အဆင့်ဆင့်ကို အသေးစိပ် စဉ်းစားနိုင်သည်။ သုံးသပ်ဆုံးဖြတ်နိုင်သည်။

 ပရိုဂျက်၏ အလုပ်ခွဲခြမ်း စိပ်ဖြာခြင်း
လုပ်ငန်းတစ်ခုကို ဆောင်ရွက်မည်ဆိုလျှင် ဆောင်ရွက်မှုနှင့် ဆောင်ရွက်မှုနည်းစဉ်ကို အသေးစိပ် ခွဲခြမ်းစိပ်ဖြာရပေမည်။ စိပ်ဖြာမှုအဆင့်ဆင့်ကို အောက်ပါတို့ဖြင့် ထိန်းကွပ်ထားသည်။
- အလုပ်၏ လုပ်ငန်းသဘော နှင့် သဘာဝ
- အလုပ်သမား အမျိုးအစား နှင့် အရည်အချင်း
- လုပ်ငန်းအတွင်း အလုပ်တည်နေရာ
- လုပ်ငန်းစိပ်တစ်ခုအတွက် ပစ္စည်း နှင့် စရိတ်
- လုပ်ငန်းဆောင်ရွက်မှု ရှေ့နောက်တန်းစီ အခြေအနေ

လုပ်ရပ် ( Activity ) သီးခြားဆောင်ရွက်မှုတစ်ခု ကိုခေါ်သည်။
ဖြစ်ရပ် ( Event ) သီးခြားလုပ်ရပ်ပြီးဆုံးတိုင်း ဖြစ်ရပ်တစ်ခု ကိုရသည်။
ထို့ကြောင့် လုပ်ရပ်တိုင်း၌ အချိန်ပါဝင်သည်။ ဖြစ်ရပ်၌ အချိန်ပါဝင်ခြင်း မရှိ။ ဖြစ်ရပ်များသည် လုပ်ရပ်များဖြင့် ပိုင်းခြား ဆက်သွယ်ထားသည်။
လုပ်ရပ် ( Activities ) များကို အသေးစိတ်စာရင်း ပြုစုပြီးသောအခါ အချင်းချင်းဆက်သွယ်မှုကို ဆက်လက်လေ့လာရပါမည်။
လုပ်ရပ်တစ်ခုတိုင်းသို့ အောက်ပါမေးခွန်းများ မေးရပါမည်။

(က) ဤလုပ်ရပ်မတိုင်မီ မည်သည့်လုပ်ရပ်ကို လုပ်ရမည်နည်း။
(ခ) ဤလုပ်ရပ်ပြီးလျှင် မည်သည့်လုပ်ရပ်ကို ဆက်လုပ်ရမည်နည်း။
(ဂ) ဤလုပ်ရပ်နှင့်အတူ မည်သည့်လုပ်ရပ်များကို တပြိုင်တည်း ဆောင်ရွက်ရမည်နည်း။

ဤသို့ စစ်ဆေးစူးစမ်းရင်းဖြင့် လုပ်ရပ်များကို ဆောင်ရွက်မည့် အစီအစဉ်အတိုင်း ရှေ့နောက် တန်းစီပြီး ဖြစ်လာပေမည်။
သို့ ဖြင့် .......
- လုပ်ရပ်တိုင်း၏ အစဖြစ်ရပ်ကို တွေ့ရမည်။
- ဖြစ်ရပ်သည် ဆောင်ရွက်မှုအဆင့်တစ်ခု၏ အစ (သို့) အဆုံးဖြစ်ကြောင်း တွေ့ရမည်။
- လုပ်ရပ်တစ်ခု၏ အဆုံးသည် နောက်လုပ်ရပ်တစ်ခု၏ အစဖြစ်ကြောင်း ညွှန်ပြပေမည်။
- လုပ်ရပ်များ ထပ်နေမှုရှိလျှင် ညွှန်ပြပေမည်။

 လုပ်ရပ်အများကို တကြိမ်တည်း တပြိုင်တည်း ဆောင်ရွက်နိုင်စေကာမူ အဆင့်ဆင့်ရှေ့နောက်တန်းစီ ဆောင် ရွက်နိုင်ရန် ၊ အချို့လုပ်ငန်းများကို ချုပ်ထိန်း ( constraint ) ထားရသည်။ ပုံစံအားဖြင့်- ကွန်ကရစ်ပုံစံခွက် မပြုလုပ်ရသေးမှီ ၊ ကွန်ကရစ်ကို မလောင်းနိုင်။ အမိုး - ဒိုင်း မတင်ရသေးမှီ အမိုးပြား အမိုးနိုင်သကဲ့သို့ဖြစ်သည်။ ဤချုပ်ထိန်းမှုမျိုးကို ၊ ရုပ်ပိုင်းဆိုင်ရာ ချုပ်ထိန်းမှု့ ( Physical Constraints ) ဟု ခေါ်သည်။
    တပြိုင်တည်း ဆောင်ရွက်နိုင်သော လုပ်ရပ်အချို့ကို ရှေ့နောက်ခွဲခြား ဆောင်ရွက်စေရသည်လည်းရှိသည်။ ပုံစံအားဖြင့် အပေါ်ပိုင်း၌ အမိုး- ဒိုင်း စသည့် သစ်သားလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ၊ အောက်တည့်တည့်ရှိကြမ်းခင်း ( ကွန်ကရစ် သို့မဟုတ် သစ်သား ) လုပ်ငန်းးကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ အန ္တရာယ်ကင်းရှင်းရေးအတွက် ရှေ့နောက်ခွဲလိုက်ရသည့် ၊ လုပ်ရပ်များရှိသည်။ ဤသို့ချုပ်ထိန်းမှုမျိုးအစားကို အန္တရာယ်ကင်းချုပ်ထိန်းမှု ( Safety Constraints ) ဟုခေါ်သည်။
    လုပ်ငန်းဆောင်ရွက်မှု့အတွက် လိုအပ်သော လူ၊ ပစ္စည်း၊ စက်ယန္တရားများ အချိန်မှီမရရှိနိုင်သည့် အခြေနေမျိုး တွေ့ရတတ်သည်။ ထိုအခါ လုပ်ရပ်တစ်ခုကို ချုပ်ထိန်းထားရသည်။ သို့မဟုတ်ပါက ပြိုင်တူလုပ်နိုင်သောအခြားလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နိုင်မည်။ ဆောင်ရွက်မှုအတွက်လိုအပ်သော အခြေအမြစ် ( Resources ) များ နှောင့်နှေးမှုကြောင့် လုပ်ရပ်တစ်ခုကို ၊ ချုပ်ထိန်းထားရလျှင် အခြေအမြစ်ချုပ်ထိန်းမှု့ ( Resources Constraints ) ဟု ခေါ်သည်။
    အချို့လုပ်ငန်းများ ၌ ကျွမ်းကျင်သူအလုပ်သမား ရရှိမှု့ခက်ခဲတတ်သည်။ လုံးဝမရခြင်းအနည်းငယ်သာရရှိခြင်းမျိုးရှိတတ်သည်။ ဤအခြေနေမျိုး၌ တပြိုင်နက်လုပ်နိုင်သော လုပ်ရပ်များကို ဆိုင်းငံ့ထားရသည်လည်းရှိသည်။ ကျွမ်းကျင်သူအလုပ်သမား အခက်အခဲကြောင့် ပေါ်ပေါက်လာတတ်သော လုပ်ရပ်ချုပ်ထိန်းမှု့များကို အလုပ်သမားချုပ်ထိန်းမှု့ ( Crew Constraints ) ဟုခေါ်သည်။
    လုပ်ငန်းအချို့တွင် အခြေနေအရ မန်နေဂျာများ၏ ဆုံးဖြတ်ချက်ဖြင့်ချုပ်ထိန်းမှု့မျိုးရှိသည်။ သီခြားရှိ ၍ တပြိုင်တည်း ဆောင်ရွက်နိုင်သောလုပ်ငန်းများကို ရှေ့နောက်တန်းစီဆောင်ရွက်နိုင်စေသည်။ တခါတရံသီးခြားလွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်သည့်လုပ်ရပ်များကိုပင် အဆင့်ဆင့်ဆောင်ရွက်စေသည် ၊ စသည့် ဆောင်ရွက်ရမှု့မျိုးရှိသည်။ ယင်းချုပ်ထိန်းမှုအမျိုးအစားကို စီမံခန့်ခွဲရေးဆိုင်ရာ ချုပ်ထိန်းမှု့ (Management Constraints ) ဟု ခေါ်သည်။

ကွန်ယက်ပုံစံ လုပ်ငန်းစီမံချက်ကို လေ့လာသုံးသပ်ခြင်း ၊ ပြုပြင်ခြင်း ၊ ဆုံးဖြတ်ခြင်းပြုလုပ်ရာ ၌ အောက်ပါတို့ကို မလွှဲမသွေထည့်သွင်းစဉ်းစားရမည်။

ရုပ်ပိုင်းဆိုင်ရာချုပ်ထိန်းမှုများ   …   Physical
အန္တရာယ်ကင်းချုပ်ထိန်းမှုများ   …   Safety
အခြေအမြစ်ချုပ်ထိန်းမှုများ   …   Resources
အလုပ်သမားချုပ်ထိန်းမှုများ   …   Crewments
စက်ယန္တရား ချုပ်ထိန်းမှုများ   …   Equipments
ဘဏ္ဍာရေး ချုပ်ထိန်းမှုများ   …   Finance
စီမံခန့်ခွဲရေးဆိုင်ရာ ချုပ်ထိန်းမှုများ   …   Management
ကွန်ယက်ပုံစံနှင့် စံပြပုံစံ (Net-Work Diagram of Model)

နောက်ဆုံးရည်မှန်းချက် တစ်ခုအတွက် လိုအပ်သည့် လုပ်ရပ်ဖြစ်ရပ်များ၏ ဆက်သွယ်မှုနှင့် ရှေ့နောက်အစဉ်အတိအကျကို ဖော်လျက် လုပ်ငန်းစီမံချက်၊ စီမံရေးကို ထင်ထင်ရှားရှား ပေါ်လွင်စေသည့် မျဉ်းကြောင်းပြပုံစံကို ကွန်ယက်ပုံစံသို့မဟုတ် စံပြပုံစံဟုခေါ်သည်။

လုပ်ရပ်ကို အခြေခံသော ကွန်ယက်ပုံစံ ၌ မျှားတစ်ကြောင်းစီသည် လုပ်ရပ်တစ်ခုစီကို ညွှန်ပြသည်။ မျှားတစ်ခုနှင့်တစ်ခုဆက်သွယ်မှုသည် လုပ်ရပ်တစ်ခုနှင့်တစ်ခုဆက်သွယ်မှုကို ညွှန်ပြသည်။
မျှားနှစ်ခုအကြား စက်ဝိုင်း (Node) တစ်ခုစီသည် ဖြစ်ရပ်ကို ညွှန်ပြသည်။
မျှားတစ်ခု၏ အတိုအရှည်သည် အဓိ ပ္ပါယ်သက်ဝင်မှုမရှိပေ။

မျှားဦးတည်ရာဖြစ်ရပ်သို့မဟုတ် လိုအပ်သည့်အချိန်ကို ဖော်ပြရန်ဖြစ်သည်။
ဖြစ်ရပ်တစ်ခုစီအတွက် သီးခြား - မျှား- တစ်ခုဖြင့် ဖော်ပြသည်။
စက်ဝိုင်း (Node) တခုအတွင်းသို့ ဝင်လာသော အလုပ်အားလုံး (လုပ်ရပ်အားလုံး) ပြီးစီးမှသာလျှင်၊ စက်ဝိုင်းမှထွက်သော လုပ်ရပ်ကို စတင်နိုင်ကြောင်းညွှန်ပြသည်။

ပုံစံအမှတ်  ၌ ဖော်ပြထားသော ကွန်ယက်ပုံစံကို လေ့လာကြည့်ကြပါစို့...

ပုံစံ (က) ၌- A- ကို - B - ၏ရှေ့ ၌လုပ်ရမည်။ B - ကို - C - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ခ) ၌- A- ကို - B - နှင့် - C - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ဂ) ၌- A- နှင့် - B - ကို - C - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ဃ) ၌- A- ကို - C - ၏ရှေ့ ၌လည်းကောင်း - B - ကို - D - ၏ရှေ့ ၌ လည်းကောင်းလုပ်ရမည်။
ပုံစံ (င) ၌ - A- ကို - C - နှင့် - D - ၏ရှေ့ ၌လည်းကောင်း - B - ကို - D - ၏ရှေ့ ၌လည်းကောင်း လုပ်ရမည်။
ဤ သို့ညွှန်ပြနိုင်ရန်အတွက် - A - နှင့် - D - အကြားတွင်သဘာဝကျသော ရှေ့နောက် ဆောင်ရွက်မှုအစဉ်ကို ဖော်ပြသည့် မျှားတု (Dummy Arrow) ကိုထည့်သည်။ မျှားတုအတွက် စရိတ်မလို အချိန်မလို။
ပုံစံ (စ) ၌- A- ကို - B - နှင့် - C - ၏ရှေ့ ၌လုပ်ရမည်။ - B- နှင့် - C - ကို - D - ၏ရှေ့ ၌လုပ်ရမည်။ဤပုံစံ ၌ ဖြစ်ရပ် (events) များကို ခြားနားပေါ်လွင်စေရန်အတွက် မျှားတု (Dummy) ကိုထည့်သည်။
ပုံစံ (ဇ) ၌ ဆောင်ရွက်မှု - -တစ်ခုတည်းကိုပင် ထိန်းချုပ်မှု (Constraints) များနှင့် လိုက်လျောညီထွေရှိစေရန် လုပ်ရပ်သုံးဆင့် ခွဲလိုက်ရသည်။ မျှားတုကို သုံးရပြန်သည်။
ပုံစံ (ဆ) ၌ - A- ကို - B - နှင့် - C - ၏ရှေ့ ၌လုပ်ရမည်။ - B- ကို - D - နှင့် - E - ၏ရှေ့ ၌လုပ်ရမည်။ - C - ကို - E- ၏ရှေ့ ၌လုပ်ရမည်။ - D - နှင့် - E - ကို - F - ၏ရှေ့ ၌လုပ်ရမည်။
ပုံစံ (ဇ) ၌ - B - ကို - C - ၏ရှေ့ ၌လုပ်ရမည်။ -B-တချို့ကို - A -အချို့ရှေ့ ၌ စတင်လုပ်ရမည်။ သို့သော် -A- မပြီးသေးမီ - D-  ကိုစတင်မလုပ်နိုင်ကြောင်း ဖော်ပြသည်။

ကွန်ရက်ပုံစံ၌ လုပ်ရပ် နှင့် ဖြစ်ရပ် များကို အမှတ်အသားဖြင့် ဖေါ်ပြပါ။ အဝိုင်းမျှားအတွင်း နံပါတ်ဖေါ်ပြရာ၌ မျှားထိပ်နံပါတ်သည် မျှားနောက်ပိုင်း နံပါတ်ထက်အစဉ်ကြီး၍ ဖေါ်ပြရသည်။ “လုပ်ငန်းအစ ဖြစ်ရပ်ကို သုည” ဖေါ်ပြ၍ နောင်ရလာသည့် ဖြစ်ရပ်နံပါတ်များကို နံပါတ်စဉ်အတိုင်း ဖေါ်ပြရသည်။
အဝိုင်း ( Node ) တစ်ခုသို့ ဝင်လာသည့်မျှားများ ၊ ထွက်သွားသည့်မျှားများအားလုံးသည် အချင်းချင်းဆက်သွယ်မှုရှိရမည်။

အဝိုင်းတစ်ခုမှထွက်သွားသော မျှားများအတွက် တူညီသော ရှေ့ပိုင်းဆောင်ရွက်ချက် (Predecessors) များရှိရမည်။
အဝိုင်းတစ်ခုသို့ဝင်လာသောမျှားများအတွက် တူညီသော နောက်ပိုင်း ဆောင်ရွက်ချက် ( Indentical Followers ) များရှိရမည်။
လုပ်ရပ်များသည် ဖြစ်ရပ် ( အဝိုင်းနံပါတ် ) တစ်ခုအတွက် စုပေါင်းဦးတည်ချက်ရှိရမည်။ ထို့ကြောင့် ဆောင်ရွက်မှုအစ ( မျှားနောက် ) နံပါတ်သည် ၊ အဆုံး ( မျှားဦး ) နံပါတ်ထက်စဉ် ငယ်ရမည်။
စီပီအမ် ( CPM ) နည်း သည် ၊ လှုပ်ရှားမှုအားလုံးအတွက် ၊ ရှေ့နောက်တန်းစီခြင်း ၊ ဆက်သွယ်မှုဖေါ်ပြခြင်းတို့သာလျှင် မဟုတ်ပေ၊ လုပ်ငန်းဆောင်ရွက်မှုလုပ်ရပ်အားလုံးအတွက် အချိန်နှင့်စရိတ်ကိုပါ အကြိုးဝင်ဖေါ်ပြသည်။
ပထမဆင့်၌ လုပ်ရပ်တစ်ခုတိုင်းအတွက် ဆောင်ရွက်မှုအစီအစဉ်၊ ဆက်သွယ်မှုလမ်းကြောင်း ရှေ့နောက်အဆင့်ဆင့် လုပ်ရမည့်အချက်များကို ဖေါ်ပြရန် ကွန်ယက်ပုံစံကို၊ အကြမ်းရေးဆွဲသည်။
ဒုတိယဆင့်၌ လုပ်ရပ်တခုတိုင်းအတွက် လိုအပ်အချိန်ကို ထည့်သွင်းရေးသားသည်။
ဤသို့ဖြင့် ကွန်ယက်ပုံစံသည်၊ ပရိုဂျက်လုပ်ငန်းတခုအတွက်လိုအပ်သော ဆက်သွယ်လုပ်ရပ်များ၊ ဖြစ်ရပ်များနှင့် လုပ်ငန်းတခုလုံးပြီးစီးသည့်အထိ ၊လိုအပ်အချိန်ကို စုပေါင်းဖော်ပြပြီးဖြစ်သည်။
ဆောင်ရွက်မှုလုပ်ရပ်တခုတိုင်းအတွက် အချိုးကျစရိတ်စကများ ပါဝင်စေသည်။ ဤစရိတ်စကသည် လုပ်ရပ်တခုပြီစီးစေရန် လိုအပ်သည့် သတ်မှတ်အချိန်ကာလအပိုင်းအခြားအတွက်သာ မှန်ကန်သည်။ အချိန်ပြောင်းလဲချက်ရှိလျှင်၊ စရိတ်စကလည်းပြောင်းသည်။ ထို့ကြောင့် အချိန်ပြောင်းလဲမှုကြောင့် ဆက်သွယ်ပေါ်ပေါက်လာမည့် စရိတ်စကပြောင်းလဲမှုကိုလည်း သိရန်လိုအပ်သည်။ ဤသို့ဖြစ်ပေါ်လာသည့် အကျိုးတရား တနည်းအားဖြင့် အသုံးချကိန်း ( Utility Data ) ကို လုပ်ရပ်တခုစီအတွက် ကွန်ယက်ပုံစံ ၌ ဖေါ်ပြနိုင်သည်။
ကွန်ယက်ပုံစံတခုအပေါ် ၌ အချိန်နှင့်စရိတ်ကိန်းဂဏန်းများ ဖေါ်ပြပြီးသောခါ၊ ကွန်ယက်စံပြပုံစံ (Net-Work Model) ဖြစ်လာသည်။

 အသုံးချကိန်းဂဏန်းနှင့် အချိန်စရိတ်မျဉ်းကွေး

အသုံးချကိန်းဂဏန်းသည် လုပ်ငန်းခန့်မှန်းခြေစာရင်းမှ ရရှိသောဆောင်ရွက်မှုလုပ်ငန်းစိတ် ( လုပ်ရပ် ) တခုစီအတွက် သတ်မှတ်ထားသည့် အချိန်စရိတ် သေးစိတ်ကိန်းဂဏန်းများပင် ဖြစ်သည်။ လုပ်
ရပ်တစ်ခုကို ဆောင်ရွက်ရာ၌ ဖြစ်နိုင်ခြေအလားအလာကောင်းဆုံးနည်းလမ်းအရ လိုအပ်မည့်အချိန်နှင့် စရိတ်များဖြစ်သည်။ ဤအချက်များကို သိမှသာလျှင် ပရိုဂျက်လုပ်ငန်းတခုလုံးအတွက် အနေတော်အချိန်နှင့်စရိတ် ( Optiumum Cost and Duration ) ကိုရှာနိုင်မည်။ စီပီအမ်နည်း၌ အသုံးချကိန်းများကို အပြန်အလှန်လေ့လာသုံးသပ်ခြင်း၊ သဘာဝကျကျဆက်စပ်စဉ်းစားခြင်းတို့ ပြုလုပ်သည်။ သို့ဖြင့် စရိတ်အနည်းဆုံးဖြေရှာနည်းနှင့် အချိန်အနည်းဆုံးအဖြေရှာနည်း (The Least – Cost Solution and the Least time Soluation ) လမ်းနှစ်သွယ်၏ အစွန်းရောက်မှုများကြောင်း သင့်လျှော်သည့် အဖြေတခုကိုရှာဖွေနိုင်မည်ဖြစ်သည်။
စရိတ်အနည်းဆုံး အဖြေရှာနည်း ( Least – Cost – Soluation ) ကို အများအားဖြင့် ” အားလုံးပုံမှန် အဖြေရှာနည်း ( All Normal Soluation ) ဟု ခေါ်သည်။ တိုက်ရိုက်ကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သောအချိန်ကို လုံလောက်စွာပေးနိုင်စွမ်းရှိရမည်။
  အချိန်းအနည်းဆုံးအဖြေရှာနည်း ( Least Time Solution ) သည်၊ ပရိုဂျက်လုပ်ငန်းတခုကို ဖြစ်နိုင်သည့်အချိန်တတိုဆုံးအတွင်း ပြီးစီးစေရန် ရာထားစီမံချက်ပင်ဖြစ်သည်။ ထိုဆောင်ရွက်မှုကာလအတွက် စရိတ်အနည်းဆုံးလည်းဖြစ်ရမည်။
အချိန်ကိုလျှော့ချနိုင်ရန်၊ လုပ်ရပ်အများအပြားကို လျှပ်တစ်ပျက် ( Crashed ) အလျင်အမြန်ဆောင်ရွက်ရသည်။ သို့သော် အချိန်းအနည်းဆုံးဖြစ်စေရန်အတွက်၊ ပရိုဂျက်၏လုပ်ရက်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန်လည်း မလိုအပ်ပေ။
လုပ်ရပ်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန် ရာထားခဲ့ပါလျှင်၊ “ အားလုံးလျှပ်တစ်ပျက်ဖြေရှာနည်း ( All Crash / Soluation ) ဟုခေါ်သည်။ ဤနည်းသည် အချိန်းအနည်းဆုံး စီမံချက်နည်းထက် စရိတ်ကပိုမိုသည်။ သက်သာသော ဆောင်ရွက်နည်းမျိုးကား မဟုတ်ပေ။ ထို့ကြောင့် အနေတော်ဖြေရှာရန်အတွက်၊ မည်သည့်လုပ်ရပ်အား လျှပ်တစ်ပျက်နည်းဖြင့် ဆောင်ရွက်ရမည်ကို ရွေးချယ်တတ်ရန်လိုလာသည်။
ပရိုဂျက်ခန့်မှန်းခြေစာရင်း လုပ်ရပ်အသုံချကိန်း ( Activity Utility Data ) များ ရွေးချယ်သက်မှတ်နိုင်ရန် တိုက်ရိုက်စရိတ် / အချိန်မျဉ်းကွေး ( Direct – Cost / Time Curves or Utility Data Curve ) ကိုရေးဆွဲရသည်။

 အသုံးချကိန်းဂဏန်းသည် လုပ်ငန်းခန့်မှန်းခြေစာရင်းမှ ရရှိသောဆောင်ရွက်မှုလုပ်ငန်းစိတ် ( လုပ်ရပ် ) တခုစီအတွက် သတ်မှတ်ထားသည့် အချိန်စရိတ် သေးစိတ်ကိန်းဂဏန်းများပင် ဖြစ်သည်။ လုပ်ရပ်တစ်ခုကို ဆောင်ရွက်ရာ၌ ဖြစ်နိုင်ခြေအလားအလာကောင်းဆုံးနည်းလမ်းအရ လိုအပ်မည့်အချိန်နှင့် စရိတ်များဖြစ်သည်။ ဤအချက်များကို သိမှသာလျှင် ပရိုဂျက်လုပ်ငန်းတခုလုံးအတွက် အနေတော်အချိန်နှင့်စရိတ် ( Optimum Cost and Duration ) ကိုရှာနိုင်မည်။ စီပီအမ်နည်း၌ အသုံးချကိန်းများကို အပြန်အလှန်လေ့လာသုံးသပ်ခြင်း၊ သဘာဝကျကျဆက်စပ်စဉ်းစားခြင်းတို့ ပြုလုပ်သည်။ သို့ဖြင့် စရိတ်အနည်းဆုံးဖြေရှာနည်းနှင့် အချိန်အနည်းဆုံးအဖြေရှာနည်း (The Least – Cost Solution and the Least time Solution ) လမ်းနှစ်သွယ်၏ အစွန်းရောက်မှုများကြောင်း သင့်လျှော်သည့် အဖြေတခုကိုရှာဖွေနိုင်မည်ဖြစ်သည်။
စရိတ်အနည်းဆုံး အဖြေရှာနည်း ( Least – Cost – Solution ) ကို အများအားဖြင့် ” အားလုံးပုံမှန်အဖြေရှာနည်း ( All Normal Solution ) ဟု ခေါ်သည်။ တိုက်ရိုက်ကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရန်အတွက် လိုအပ်သောအချိန်ကို လုံလောက်စွာပေးနိုင်စွမ်းရှိရမည်။
  အချိန်းအနည်းဆုံးအဖြေရှာနည်း ( Least Time Solution ) သည်၊ ပရိုဂျက်လုပ်ငန်းတခုကို ဖြစ်နိုင်သည့်အချိန်တတိုဆုံးအတွင်း ပြီးစီးစေရန် ရာထားစီမံချက်ပင်ဖြစ်သည်။ ထိုဆောင်ရွက်မှုကာလအတွက် စရိတ်အနည်းဆုံးလည်းဖြစ်ရမည်။
အချိန်ကိုလျှော့ချနိုင်ရန်၊ လုပ်ရပ်အများအပြားကို လျှပ်တစ်ပျက် ( Crashed ) အလျင်အမြန်ဆောင်ရွက်ရသည်။ သို့သော် အချိန်းအနည်းဆုံးဖြစ်စေရန်အတွက်၊ ပရိုဂျက်၏လုပ်ရက်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန်လည်း မလိုအပ်ပေ။
လုပ်ရပ်အားလုံးကို လျှပ်တစ်ပျက်ဆောင်ရွက်ရန် ရာထားခဲ့ပါလျှင်၊ “ အားလုံးလျှပ်တစ်ပျက်ဖြေရှာနည်း ( All Crash / Solution ) ဟုခေါ်သည်။ ဤနည်းသည် အချိန်းအနည်းဆုံး စီမံချက်နည်းထက် စရိတ်ကပိုမိုသည်။ သက်သာသော ဆောင်ရွက်နည်းမျိုးကား မဟုတ်ပေ။ ထို့ကြောင့် အနေတော်ဖြေရှာရန်အတွက်၊ မည်သည့်လုပ်ရပ်အား လျှပ်တစ်ပျက်နည်းဖြင့် ဆောင်ရွက်ရမည်ကို ရွေးချယ်တတ်ရန်လိုလာသည်။

 ပရိုဂျက်ခန့်မှန်းခြေစာရင်း လုပ်ရပ်အသုံချကိန်း ( Activity Utility Data ) များ ရွေးချယ်သက်မှတ်နိုင်ရန် တိုက်ရိုက်စရိတ် / အချိန်မျဉ်းကွေး ( Direct – Cost / Time Curves or Utility Data Curve ) ကိုရေးဆွဲရသည်။
လုပ်ရပ်တစ်ခုကို ဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်း အမျိုးမျိုးကို ရွေးချယ်ပါ။
ဆောင်ရွက်မှုနည်းလမ်းတစ်ခုစီအရ၊ လုပ်ရပ်ပြီးစီးသည်အထိ၊ ကုန်ကျစရိတ်စကကို တွက်ချက်ပါ။
ဆောင်ရွက်မှုနည်းလမ်းတစ်ခုစီအရ၊ လိုအပ်သောအချိန်ဇယားကို ရေးသားမှတ်သားပါ။
အချိန်စရိတ်မျဉ်းကွေးကို ရေးဆွဲပါ။

အချိန်စရိတ်မျဉ်းကွေးကို ပုံစံအတိုင်း အကြမ်းအားဖြင့်တွေ့ရမည်။ လုပ်ရပ်တစ်ခုအတွက် ဖြစ်နိုင်ခြေရှိသော လျှပ်တပျက်ဆောင်ရွက်နည်းလမ်း၊ အများအပြားရှိခဲ့ပါလျှင်၊ ပုံစံအတိုင်း အနီးကပ်ဆုံးတွေ့ရမည်။ လက်တွေ့၌ လုပ်ရပ်တစ်ခုအတွက် ဆောင်ရွက်မှုနည်းလမ်းများသည်၊ ကန့်သတ်အရေအတွက်သာ ရှိပေလိမ့်မည်။ ထို့ကြောင့် ပြောင်းလဲအမှတ်များကို ထင်ထင်ရှားရှားရေးသားရပေမည်။ ဤမျဉ်ကွေးပုံစံ၌ အရေးကြီးသည့် တွေ့ရှိချက်မှာ အားလုံးပုံမှန်အမှတ်ကို ထင်ထင်ရှားရှားတွေ့ရှိရခြင်းပင်ဖြစ်သည်။
အားလုံးပုံမှန်အမှတ်အခြေနေ၌ အချိန်းအနည်းဆုံးနှင့် စရိတ်အကျဉ်းဆုံးဖြင့် ဆောင်ရွတ်နိုင်သည့် အခြေနေကိုဖေါ်ပြသည်။
အားလုံးပုံမှန်အမှတ် (All – Normal Point ) သည် ဖြစ်နိုင်ခြေရှိ၍၊ တိုက်ရိုက်ကုန်ကျစရိတ်အနည်းဆုံးဖြင့်၊ အလုပ်တစ်ခုကိုလုပ်ရန် လိုအပ်သောအချိန်ကို အတိအကျဖေါ်ပြသည်။
အချိန်ပိုမြန်လေလေ… စရိတ်တတ်လေဖြစ်သည်။ အချိန်ပိုခိုင်းခြင်းအတိုင်း ခွဲ၍ခိုင်းခြင်း၊ စက်ကိရိယာများ ပိုမိုအသုံးပြုခြင်းနှင့်၊ အခြားကုန်ကြမှုများကြောင့် စရိတ်တတ်လာသည်။
အချိန်အနည်းဆုံးအတွက် လျှပ်တစ်ပျက်အသုံးစရိတ် ( Crash Cost for Least Time) သည်၊ လက်တွေ့ဖြစ်နိုင်သော အတိုဆုံးအချိန်အတွင်း တိုက်ရိုက်ကုန်ကျစရိတ်အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်သည့်အမှတ်ကိုပြသည်။

 ဆက်လက်ဖော်ပြပါမည်။








No comments:

Post a Comment