Sunday, November 13, 2011

House Garden Design





ကျနော်တို့တွေ မြေခင်းအလှပညာ(Landscape Technology) အကြောင်း သေသေချာချာ မရေးဖြစ်သေးပါဘူး...။ ခုတလော ကျနော်ရုံးမှာ မြေခင်းအလှ(Landscape Design) အနည်းငယ်ပါဝင်တဲ့ ပရောဂျက်တွေလုပ်နေရပါတယ်...။ အဲဒီတော့ ကျောင်းမှာသင်ခဲ့တဲ့ စာတွေ ကပြာကယာရော ပလူးပလဲရော ပြူးပြဲပြီး အိမ်ရောက်တာနဲ့ ဖတ်နေရတော့ပါတယ်..။ ခုလောလောဆယ် House Garden အကြောင်းလေး စိတ်ထဲမှာ အတော်လေး စိတ်ဝင်စားမိပါတယ်...။ အဲဒီတော့ အဲဒီအကြောင်း လေ့လာမိသလောက် ရေးဖို့စိတ်ထဲမှာပေါ်လာလို့ ခုပို့စ်လေးတင်လိုက်ပါတယ်ခင်ဗျာ...။

House Garden ကို ကျနော်လေ့လာမိသလောက် ၃ မျိုးရှိတယ်လို့ မှတ်သားမိပါတယ်...။
1 - Terrace House Garden Design
2 - Bungalow or Detached House Garden Design
3 - Semi-private Garden လို့ အကြမ်းပျဉ်းခေါ်နိုင်တဲ့ ၃ မျိုးပါပဲ...။

1 - Terrace House Garden Design



 ဒီ Garden Design မှာ နှစ်မျိုး ထပ်ပြီးခွဲထားပါသေးတယ်...။ Corner Terrace House Garden Design နှင့် Intermediate Terrace House Garden Design တို့ပါပဲ...။ Corner Terrace House Garden Design မှာ အဆောက်အအုံ၏ ရှေ့ဘက်၊ နောက်ဘက်နှင့် ဘေး တစ်ဘက်ကို Garden Design ပြုလုပ်နိုင်ပါတယ်...။  Intermediate Terrace House Garden Design မှာ ရှေ့ဘက်နှင့် နောက်ဘက်မှာသာ Garden Design ပြုလုပ်နိုင်ပါတယ်...။

2 - Bungalow or Detached House Garden Design




 ဒီ Design မှာ Semi-Detached House Garden Design နှင့် Bungalow or Detached House Garden Design ဆိုပြီး နှစ်မျိုး ထပ်တွေ့ နိုင်ပါသေးတယ်....။  Semi-Detached House Garden Design မှာ ဘေးနှစ်ဘက်နှင့် ရှေ့မျက်နှာစာမှာ Design ပြုလုပ်တဲ့ အတွက် U shape ပုံစံတွေသာ တွေ့ရပါတယ်...။ Bungalow or Detached House Garden Design မှာတော့ အိမ်ရဲ့ လေးဘက်စလုံးမှာ လှပသာယာအောင် အမျိုးမျိုးဖန်းတီး ကြပါတယ်။

3 - Semi-private Garden





 ဒီ Design ကို Condominium တွေမှာသာ ပြုလုပ်တတ်ပါတယ်။

ခုလောက်ဆိုရင် House Garden တွေကို အကြမ်းသိနိုင်လောက်ပါပြီ...။
နောက်ထပ်ပြောချင်တာကတော့ House Garden တစ်ခုကို Design ပြုလုပ်ရမယ်ဆိုရင် ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းစဉ်းစားရမလဲဆိုတာပါ...။

1- အလုပ်အပ်နှံသူဟာ  House Garden အတွက် ငွေဘယ်လောက် အသုံပြုမလဲ။
2- အလုပ်အပ်နှံသူရဲ့ မိသားစု အခြေအနေ.... လူဦးရေဘယ်လောက်လဲ၊ ကျား၊မဘယ်နှစ်ယောက်လဲ၊ အသက်အရွယ် ဘယ်လောက်တွေရှိကြသလဲ၊ သူတို့တွေ   နှစ်သက်သော ဝါသနာနှင့် အကျင့်စရိုက်များက ဘာတွေလဲ။
3- အလုပ်အပ်သူရဲ့တောင်းဆိုချက်တွေ... လိုအပ်ချက်တွေက ဘာတွေလဲ။
4- Design လုပ်မယ့် မြေကွက်ရဲ့ အနေအထား အနိမ့်အမြင့်၊ အကျယ်အဝန်း၊ ပုံသဏ္ဍာန် စတာတွေက ဘယ်လိုလဲ။
5- အောက်ခံမြေသားရဲ့ အခြေအနေကိုလည်း ဘယ်လို မြေအမျိုးအစားလဲ...။ သဲမြေဆန်သလား၊ ရွံ့စေးမြေဆန်သလား၊ အက်ဆစ်မြေဆန်သလား၊ စတာတွေက ဘယ်လိုလဲ။
6- အိမ်ရဲ့မျက်နှာမူရာ အရပ်ကဘယ်အရပ်လဲ။ နေထွက်ရာဘက်ကို မျက်နှာမူသလား၊ နေဝင်ရာဘက်ကိုမျက်နှာမူသလား။
7- House Garden လုပ်မည့်အိမ်မှာ နေထိုင်သူတွေဝင်ထွက်သွားလာမည့်နေရာများက ဘယ်နေရာတွေလဲ...။
8- စိုက်ပျိုးမည့် အပင်များရွေးချယ်မှု...။ ဘယ်လိုအပင်တွေ စိုက်ပျိုးမလဲ...။ Functional အတွက် ရည်ရွယ်သလား၊ Aesthetic အတွက်ရည်ရွယ်သလား...။
9- နောက် အချက်အနေနှင့် မြေအောက် ရေပိုက်လိုင်းများ၊ မြေအောင် မီးလိုင်းများ၊ မြေအောက် ဓါတ်ငွေ့လိုင်းများ၊ မြေအောက်မိလ္လာပိုက်လိုင်းများ စသည့်မြေအောက်၌ရှိနိုင်သော ပိုက်လိုင်းများကို ဘယ်နေရာတွေမှာရှိသလဲ... ဆိုတာတွေကို ကြိုတင်လေ့လာပြီးမှသာ Design ကို စတင်လုပ်သင့်ပါတယ်...။
အခုလောက်ဆိုရင် House Garden  Design လုပ်မည်ဆိုရင် စဉ်းစားသင့်တဲ့ အချက်လေးတွေ အနည်းငယ်ကို သိနိုင်လောက်ပြီထင်ပါတယ်...။

လေးစားစွာဖြင့်

MTZO

No comments:

Post a Comment