အိမ်တစ်အိမ်၊ အခန်းတစ်ခန်းကို အလှဆင်တဲ့အခါ ကျွန်တော်တို့ရဲ့ အာရုံက အရောင်အသွေးတွေ၊ အလှဆင်ပစ္စည်းတွေ၊ ပရိဘောဂတွေအပေါ်မှာပဲ စူးစိုက်မိတတ်ပါတယ်။ ဒါပေမယ့် လှပခြင်းထက်ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘေးကင်းဖို့နဲ့ ဆောက်လုပ်ရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ပဲ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးစည်းမျဉ်းများ (Building Codes) ဆိုတာဘာလဲ။
ဆောက်လုပ်ရေးစည်းမျဉ်းတွေဟာ အိမ်ခြံမြေတွေ၊ အဆောက်အဦတွေ ဘေးကင်းစွာနဲ့ နေထိုင်အသုံးပြုနိုင်ဖို့ အာမခံချက်ပေးတဲ့ ဥပဒေနဲ့ညီတဲ့ စံချိန်စံညွှန်းတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေမှာ မီးဘေးကာကွယ်ရေး၊ လျှပ်စစ်စနစ်၊ ရေဆင်းစနစ်၊ လေဝင်လေထွက်နဲ့ ကန့်သတ်ချက်တွေ အပါအဝင် အချက်ပေါင်းများစွာ ပါဝင်ပါတယ်။
စည်းမျဉ်းတွေကို လိုက်နာခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေရရှိစေပါတယ်-
၁။ ဘေးကင်းရေး - မီးဘေးအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုနဲ့ အခြားမတော်တဆမှုတွေကို ကာကွယ်ပေးပါတယ်။
၂။ ကျန်းမာရေး - လေဝင်လေထွက်ကောင်းမွန်ခြင်း၊ သဘာဝအလင်းရောင်ရရှိခြင်းတို့ကို သေချာစေပါတယ်။
၃။ အရည်အသွေး - ဆောက်လုပ်မှုအရည်အသွေးနဲ့ ပစ္စည်းးကောင်းမွန်မှုကို အာမခံပေးပါတယ်။
၄။ ဥပဒေနှင့်ညီညွတ်မှု - စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ အဆောက်အဦတွေဟာ ဥပဒေအရ ပြင်ဆင်ခိုင်းခြင်း ဒါမှမဟုတ် ပိတ်သိမ်းခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။
Interior Design နဲ့ ဘယ်လိုဆက်စပ်သလဲ
Interior Designer တစ်ယောက်အနေနဲ့ ဒီစည်းမျဉ်းတွေကို နားလည်ဖို့ အရေးကြီးပါတယ်-
· တံခါးအကျယ် - ထွက်ပေါက်တံခါးတွေဟာ လုံခြုံရေးအရ
အနည်းဆုံး ၃၂ လက်မ ကျယ်ဖို့ လိုအပ်ပါတယ်။
· မီးခိုးသတိပေးစနစ် - အိပ်ခန်းတိုင်းနဲ့
ထွက်ပေါက်တွေမှာ မီးခိုးသတိပေးစနစ် တပ်ဆင်ဖို့ လိုအပ်ပါတယ်။
· ပစ္စည်းရွေးချယ်မှု - အချို့သော
ကော်ဇောတွေ၊ Finishes တွေမှာ မီးလောင်လွယ်မှုနှုန်း (Flammability
Rating) စံချိန်စံညွှန်းတွေရှိပါတယ်။
· ဆားကစ်ဘရိတ် - ရေချိုးခန်းနဲ့ မီးဖိုချောင်လို
စိုထိုင်းတဲ့နေရာတွေမှာ GFCI
(Ground Fault Circuit Interrupter) ဆားကစ်ဘရိတ်တွေ
တပ်ဆင်ဖို့ လိုအပ်ပါတယ်။
· လျှောက်လမ်းများ - လမ်းလျှောက်တဲ့နေရာတွေမှာ အနည်းဆုံး ၃၆ လက်မ ကျယ်ဖို့ လိုအပ်ပြီး Wheel Chair သုံးတဲ့သူတွေအတွက် ပိုကျယ်ဖို့ လိုအပ်ပါတယ်။
လှပမှုနဲ့ စည်းမျဉ်းကို ပေါင်းစပ်အသုံးချနည်း
အတွေ့အကြုံရှိတဲ့ Interior Designer တွေဟာ ဒီစည်းမျဉ်းတွေကို
ကန့်သတ်ချက်တွေအဖြစ် မမြင်ဘဲ၊ ဖန်တီးမှုအတွက် စိန်ခေါ်မှုတွေအဖြစ် ရှုမြင်ကြပါတယ်။
ဒီစည်းမျဉ်းတွေကို အောက်ပါနည်းလမ်းတွေနဲ့ အလှအပဒီဇိုင်းနဲ့ ပေါင်းစပ်လေ့ရှိပါတယ်။
၁။ နေရာချထားမှုဗျူဟာ (Strategic Placement)
ဒီဇိုင်းအစီအစဉ်ဆွဲတဲ့အဆင့်ကတည်းက ဒီအရာတွေကို ထည့်သွင်းစဉ်းစားပါတယ်။
· ထွက်ပေါက်တံခါးတွေကို
ပရိဘောဂတွေနဲ့ မပိတ်ဆို့စေဘဲ၊ သဘာဝလမ်းကြောင်းအတိုင်း ရှင်းလင်းစွာထားရှိခြင်း။
· မီးသတ်ဘူး၊ ဆေးဘူး၊ ရေပိုက် တွေကို လူသွားလမ်းဘေးမှာထားတာထက် မြင်နိုင်ပေမယ့် နေရာအကျဉ်းချုံ့ထားတဲ့ နီးရာကွေ့အိမ်သာလိုနေရာမျိုးမှာ ဗျူဟာမှန်တဲ့နေရာချထားခြင်း။
၂။ အရောင်နှင့် ဆိုင်းဘုတ် (Color and Signage)
စည်းမျဉ်းက "မြင်သာရမယ်" လို့ပြောထားပေမယ့် "ထင်ရှားစွာပြသရမယ်" လို့မဆိုထားပါဘူး။
· မီးသတ်ဘူးဘောက်စ်တွေကို
နံရံနဲ့ဆင်တူယိုးမှားဖြစ်အောင် ချယ်မှုန်းထားတဲ့ panel တွေ၊ အနုပညာချပ်တွေနဲ့ ဖုံးအုပ်ပြီး အရောင်အသွေးညီညွတ်အောင်လုပ်ခြင်း။
ဒါပေမယ့် ဘောက်စ်ရဲ့နေရာကို သိသာထင်ရှားတဲ့ သင်္ကေတနဲ့ ပြန်လည်ညွှန်ပြခြင်း။
· ထွက်ပေါက်တံခါးတွေရဲ့ ဘေးနံရံကို အနီးအနားက အရောင်စပ်နှင့် ဆန့်ကျင်ဘက်အရောင်အနည်းငယ်ဖြင့် ခြယ်မှုန်းထားခြင်း (ဥပမာ- မီးခိုးရောင်နံရံမှာ ကြက်သွေးရောင်ဘောင်ခတ်ထားခြင်း) ။
၃။ အလင်းရောင် (Lighting)
အလင်းရောင်ကိုအသုံးပြုပြီး လိုအပ်တဲ့နေရာတွေကို ညွှန်ပြနိုင်ပါတယ်။
· မီးသတ်ကိရိယာတွေရှိရာ
နေရာတွေကို recessed
spotlights လေးတွေ၊ wall washer lights တွေနဲ့ ညဘက်တွင်ပါ မြင်နိုင်အောင်အလင်းပေးခြင်း။
· ထွက်ပေါက်တံခါးတွေဆီ ဦးတည်သွားတဲ့ floor-level LED pathway lighting လေးတွေ တပ်ဆင်ပေးခြင်း။ ဒါဟာ လှပရုံသာမက အရေးပေါ်အခြေအနေမှာ အထူးအသုံးဝင်ပါတယ်။
၄။ ဒီဇိုင်းဆန်းသစ်သော ဖုံးအုပ်မှုများ (Design-Forward Covers)
စံချိန်မီ မီးသတ်ဘူးဘောက်စ်တွေကို လှပအောင် ပြုလုပ်ထားတဲ့ အဖုံးတွေနဲ့ အစားထိုးနိုင်ပါတယ်။
· သစ်သား၊ မှန်၊
သတ္ထု စတဲ့ ဒီဇိုင်းနဲ့လိုက်ဖက်မယ့် material တွေနဲ့ လုပ်ထားတဲ့ custom-made
cabinet door တွေနဲ့ ဖုံးအုပ်ခြင်း။ ဒီအဖုံးတွေဟာ magnetic catch သို့မဟုတ် pressure-release
mechanism တွေပါဝင်ပြီး အရေးပေါ်မှာ လွယ်ကူစွာ
ဖွင့်၍ရအောင်ပြုလုပ်ထားရပါမယ်။
· Canvas Art သို့မဟုတ် Mirror အလှဆင်ချပ် တစ်ချပ်ကို ဘောက်စ်ပေါ်မှာ တင်ထားပြီး လိုအပ်တဲ့အခါ ဘေးကို ရွေ့လျားရနိုင်အောင်လုပ်ထားခြင်း။
၅။ ပစ္စည်းရွေးချယ်မှုနှင့် ပြင်ဆင်မှု (Material and Finish)
ကိုယ်တိုင်က ဒီဇိုင်းအစိတ်အပိုင်းတစ်ခုဖြစ်သွားအောင် လုပ်ဆောင်နိုင်ပါတယ်။
· မီးသတ်ပိုက်ခေါင်း
(Fire
Hose Reel) ကို industrial-chic ဒီဇိုင်းအနေနဲ့
ချန်ထားခြင်း။ ပတ်ဝန်းကျင်ကို Rusty metal၊
ရှင်းလင်းတဲ့ လိုင်းများနှင့် ဒီဇိုင်းချထားခြင်း။
· မီးသတ်ဆေးဘူးတွေကို နံရံနဲ့ဆင်တူယိုးမှားဖြစ်အောင် ဆေးသုတ်ထားသော custom bracket တွေနဲ့ တပ်ဆင်ခြင်း။
ဒီလိုပြုပြင်မွမ်းမံတဲ့အခါ အောက်ပါအချက်တွေကို သတိထားရပါမယ်။
· ဘယ်လိုအဖုံးအအုပ်မျိုးပဲဖြစ်ဖြစ်
လိုအပ်တဲ့အချိန်မှာ လွယ်ကူစွာ၊ မြန်မြန်ဆန်ဆန် ရယူနိုင်ရမယ်။
· မည်သည့်အလှဆင်မှုမဆို
ကိရိယာရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေခြင်း၊ ပိတ်ဆို့ခြင်းမရှိစေရ။
· မီးသတ်သင်္ကေတ
(Signage)
ကို ဖယ်ရှားခြင်း၊ ဖုံးကွယ်ခြင်းမပြုရ။
ဒီဇိုင်းနဲ့လိုက်ဖက်တဲ့ သင်္ကေတအသစ်တွေနဲ့ အစားထိုးနိုင်ပါတယ်။
Interior Design ဟာ လှပမှုတစ်ခုတည်းအတွက်သာမက၊ နေထိုင်သူတွေရဲ့
ဘေးကင်းရေးနဲ့ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ ဆောက်လုပ်ရေးစည်းမျဉ်းတွေကို
နားလည်ပြီး လိုက်နာခြင်းဟာ လှပပြီး ဘေးကင်းတဲ့ နေရာတစ်ခုကို ဖန်တီးနိုင်မယ့်
အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဒီဇိုင်းမှာ အလှတရားနဲ့ လုံခြုံရေးကို
ဟန်ချက်ညီညီ ပေါင်းစည်းဖို့ မမေ့ပါနဲ့။
MTZO
No comments:
Post a Comment