Friday, September 16, 2011

ဒီဇိုင်နာ နှင့် ခေါင်းဆောင်မှုပညာ





အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်ဆိုတာ ရှိပါတယ်။ ထို့အတူ ဒီဇိုင်းအဖွဲ့အစည်း တစ်ခုစီအတွင်းမှာလဲ Design Team Leader ထားပြီး လုပ်ဆောင်ကြပါတယ်။ ဒီဇိုင်းအဖွဲ့အပေါ် ဘယ်လိုခေါင်းဆောင်တယ်ဆိုတာ မလေ့လာခင် ခေါင်းဆောင်မှုဆိုတာ ဘာလဲ ဆိုတာကို စတင်လေ့လာမိပါတယ်။ ဒါမှလည်း ခေါင်းဆောင်တွေရဲ့ သဘောတရားကို နားလည်နိုင်မှာ ဖြစ်သလို ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်မှာပါ..။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာကလည်း ခေါင်ဆောင်ကောင်းစိတ်ဓါတ်အပြင် နည်းနိသယတွေလည်း သိထားဖို့ လိုအပ်ပါတယ်။

၂၀ရာစုခေတ်လယ်ပိုင်းလောက်ကစပြီး ခေါင်းဆောင်မှုအရေးပေါ် ချဉ်းကပ်နည်း ကို ထဲထဲဝင်ဝင် လွန်စွာအလေးထား လာခဲ့ကြပါတယ်။ အရေးပေါ်ခေါင်းဆောင်မှု သီအိုရီတွေ မြောက်မြားစွာပေါ်ထွန်းလာခဲ့ပါတယ်။ သို့သော် ၎င်းတို့အားလုံးရဲ့ တူညီတဲ့ ယူဆချက်ဆုံမှတ်တစ်ခုကတော့ တစ်စုံတစ်ခုသော(သို့) ထူးခြားသောအခြေအနေ တစ်ရပ်မှာ ခေါင်းဆောင်တစ်ဦးဟာ ဘယ်ပုံဘယ်နည်း ပြုမှုသင့်တယ်ဆိုတာကို ထောက်ပြ ညွှန်ပြကြခြင်းပဲ ဖြစ်ပါတယ်။ ပညာရှင်တွေက Management ရဲ့ အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့် ဆိုခဲ့သလိုပဲ Leadership နဲ့ပါတ်သက်ပြီးတော့လည်း အဓိပွါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။
ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ အမျိုးမျိုးရှိသလိုပဲ ခေါင်းဆောင်မှု သဘောတရားကို အဓိပ္ပါယ်ဖွင့်ဆိုရန် ကြိုးပမ်းသူ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင် ၏ အောင်မြင်သော သြဇာသက်ရောက်မှု နှင့် နောက်လိုက်များ၏ ရည်မှန်းချက်ပန်းတိုင် ဆွတ်ခူးရရှိတဲ့ အောင်မြင်မှု နှစ်ရပ် ပါဝင်တယ်ဆိုသောအချက်ကို အ‌ခြေခံအားဖြင့် လက်ခံ ထားကြပါသည်။ ခေါင်းဆောင်မှုဟူသည် တစ်စုံတစ်ခုသောပန်းတိုင်တစ်ရပ် (သို့) ပန်းတိုင်အချို့ ဆွတ်ခူး ရရှိအောင်မြင်ရေး၌ ပါဝင်သက်ဆိုင်သူတို့၏ လုံ့လစိုက်ထုတ် ကြိုးပမ်း အားထုတ် ချက်များကို သြဇာပေးလမ်းညွှန်ပြတဲ့ နည်းစဉ် အဖြစ် အဓိပ္ပါယ်ဖွင့် ဆိုနိုင်တယ် လို့ဆိုပါတယ်။
(Barnard Bass. Stogdill’s Handbook of Leadership)

ဂျော့အက်ဖ်ကင်နန် ( George F.Kennan 1954 )ကတော့ “ ကိုယ့်ကိုယ်ကို ဧကန်အမှန် ပိုင်စိုးထိန်းနိုင်သူသည်သာ အခြားတစ်ပါးသူတွေအပေါ် ခေါင်းဆောင်မှု ပေးစွမ်းနိုင်သည်” ဟုဆိုပါတယ်။
စီမံခန့်ခွဲရေးမှူးတစ်ဦး၏ ရှေ့တန်းအကျဆုံး နဲ့ အရေးပါဆုံး အရည်အချင်းတစ်ရပ် ကတော့ “ ခေါင်းဆောင်တတ်ရေး” ပဲဖြစ်ပါတယ်။ ထိရောက်ဖြစ်ထွန်းသော ခေါင်းဆောင်မှု သည် လူတစ်ဦးချင်းအောင်မြင်မှုအတွက်ရော အဖွဲ့အစည်းအောင်မြင်မှု အတွက်ပါ အဓိကကျပါတယ်။
စီမံခန့်ခွဲရေးမှူးတွေဟာ တစ်ဦးနှင့်တစ်ဦးသည် သြဇာပေးနည်းစနစ်ခြင်း မတူညီ ကျပါဘူး။
ဥပမာ -
စီမံခန့်ခွဲရေးမှူးအချို့ဟာ လက်အောက်ငယ်သားများအတွက် ရည်မှန်းချက်များ ဖော်ပေးခြင်း၊ လုပ်ရမည့်အရာများကို အသေးစိတ်စာရင်းချပေးခြင်း နှင့် လုပ်ငန်းစဉ်ဇယား အတိုင်း လုပ်ဖြစ် /မဖြစ် သေချာအောင် ထပ်ကြပ်မကွာ အနီးကပ်စစ်ဆေး ကြည့်ရှု့ခြင်းဖြင့် အချိန်အများကြီးသုံးစွဲခဲ့ကျပါတယ်။ ဒီလိုစီမံခန့်ခွဲးရေးမှူးမျိုးကိုတော့ လက်အောက်ငယ် သားများအား လုပ်ပိုင်ခွင့်အာဏာကို မဖြစ်ညစ်ကျယ် မဆိုစလောက်သာ လွှဲအပ်ပေးသည့် လူမျိုးလို့ဆိုရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ လက်အောက်ငယ်သားများကို ကိုယ်လုပ်နည်းကိုင်နည်း အား ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်စေခြင်း၊ အကူအညီထပ်မံလိုသူတွေကို တံခါးဖွင့်မူဝါဒ ထားပေးခြင်းဖြင့် ယေဘုယျ ရည်မှန်းချက်များ ချမှတ်ပေးရတာကို ပိုလိုလားကျတယ်။ ဒီလို စီမံခန့်ခွဲရေးမှူးများကတော့ လက်အောက်ငယ်သားများအား မျှတတဲ့အလုပ်တာဝန်ကို လွှဲအပ်ပေးတဲ့သူမျိုးဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။
တချို့စီမံခန့်ခွဲသူတွေကတော့ လက်အောက်ငယ်သားတွေကို ဖြစ်နိုင်သမျှ အနည်းဆုံးလမ်းညွှန်မှုပေးတယ်၊ လက်အောက်ငယ်သားတွေက ပြဿနာအချို့ကိုရင်ဆိုင် နေရပါက သူတို့ဘာသာအဖြေရှာပြီးဖြေရှင်းစေတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးမျိုးကတော့ အလုပ်တာဝန်ခပ်သိမ်းကို လုံးလုံးလွှဲအပ်ပေးထားတဲ့သူမျိုးတွေဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်း သုံးမျိုးထဲမှာ ဘယ်နည်းလမ်းကအကောင်းဆုံးလဲလို့မေးလာခဲ့လျှင် တော့ နည်းဟန်သုံးမျိုးစလုံးဟာ တစ်မျိုးစီထိရောက်နိုင်ပါတယ်။ အကောင်းဆုံး ခေါင်းဆောင်မှုနည်းဟန် တစ်မျိုးတည်းဟူ၍ မရှိဘူးဆိုတာကို သိသာထင်ရှားစေပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ ခေါင်းဆောင်မှုဆိုတာဟာ အလွန်စိတ်ဝင်စားဖွယ်ရာ ကောင်း လာပါတယ်။

အဓိကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အချက်ကတော့ ခေါင်းဆောင် တွေမှာ ရှိတတ်ကျတဲ့ ဓလေ့စရိုက်များ နဲ့ အရည်အချင်း စွမ်းရည်များ ( traits & abilities ) ပဲဖြစ်ပါတယ်။
၁၉၂၀ နှင့် ၁၉၅၀ ပြည့်နှစ်အတွင်း ခေါင်းဆောင်မှု ထိရောက် အကျိုးဖြစ်ထွန်းချက် အား အထောက်အကူပြုသော အင်အားစုများကို ပိုင်းခြားပြရန် အားထုတ်သည့်အနေဖြင့် ဓလေ့စရိုက်သီအိုရီ ( traits & abilities ) သုတေသနပြုမှုတွေကို အများကြီးပြုလုပ်ခဲ့ကျ ပါတယ်။ စူးစမ်းလေ့လာသူ ပညာရှင်များက အများလက်ခံနိုင်သော ယေဘုယျစာရင်း တစ်ခု မဖော်ဆောင်နိုင်ခဲ့ခြင်းမှာ ကံဆိုးသည့် အကြီးမားဆုံးပြဿနာပဲဖြစ်ပါတယ်။ဒါပေမဲ့ အများစုတင်ပြခဲ့တဲ့ ယေဘုယျတွေ့ရှိချက်အချို့ကို တော့ရရှိခဲ့ပါတယ်။
သာဓကအားဖြင့် အဲ့ဒီခေတ်က ရေးသားတင်ပြချက်တွေကို ဆန်းစစ်သုံးသပ်ပြီး နောက် ဘက်စ် (Bass )ဆိုသူက အောက်ပါကောက်ချက်များ ဆွဲယူရန် စူးစမ်း လေ့လာချက် ၁၅ခုကျော်မှ တစ်‌ပြေးညီ ခိုင်မာအားကောင်းသော အထောက်အထားများကို တွေ့ရှိခဲ့ပါတယ်။
ခေါင်းဆောင်မှု အနေအထားတစ်ရပ်ရရှိထားသူဟာ ၎င်းရဲ့ အုပ်စု သာမန်အဖွဲ့ဝင် များထက် အောက်ပါအချက်တွေဟာသာလွန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်-
(၁) ဉာဏ်အမြော်အမြင် ( Intelligence )
(၂) ပညာအရည်အချင်း ( Scholarship )
(၃) တာဝန်များထမ်းဆောင်ရာ၌ မှီခိုအားထားနိုင်မှု ( Depend-ability in exercising responsibilities )
(၄) လှုပ်ရှားထကြွရှိမှု နှင့် လူမှုရေးပါဝင်ပူပေါင်းဆောင်ရွက်မှု ( Activity & Social Participation )
(၅) လူမှုစီးပွါးရေးဘဝအဆင့်အတန်း ( Socioeconomic Status ) တို့ပဲဖြစ်ပါတယ်။

အဲ့ဒီအချက်တွေအပြင် အောက်ပါတွေ့ရှိချက်များကို အထောက်အကူပြုစေတဲ့ စူးစမ်းလေ့လာမှု (၁၀)ခုကျော်ကိုလဲ ဘက်စ် (Bass )က ထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်။
(က) ခေါင်းဆောင်တစ်ဦးမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ စရိုက်လက္ခဏာတွေနဲ့ ကျွမ်းကျင်တပ်မြောက်မှုတွေကို ခေါင်းဆောင်တစ်ဦးအဖြစ် ရင်ဆိုင်ကိုင်တွယ်ရာမှာ အ‌ခြေအနေတွေရဲ့ တောင်းဆိုချက်များက အဓိကအားဖြင့် ပိုင်းဖြတ်တယ်လို့ဆိုပါတယ်။
(ခ) ခေါင်းဆောင်မှုအနေအထားတစ်ရပ် ရရှိထားတဲ့သူဟာ သူ့ရဲ့သာမန်အဖွဲ့ဝင်တွေ ထက် အောက်ပါအချက်တစ်ခုစီ၌ အတိုင်းအတာတစ်စုံတစ်ခုအထိ သာလွန်နေတာကိုတွေ့ ရမှာဖြစ်တယ်လို့ဆိုပါတယ်-
(၁) လူမှုရေးနားလည်မှု ( Sociability )
(၂) ပင်ကိုအစွမ်းအစ ( Initiative )
(၃) ဇွဲနပဲကြီးမှု ( Persistence )
(၄) အလုပ်တွင်ကျယ်မည့် လုပ်နည်းကိုင်နည်းများ သိရှိနားလည်မှု ( Knowing how to get things done )
(၅) ကိုယ့်ကိုယ်ကိုယုံကြည်မှု ( Self-Confidence )
(၆) အ‌ခြေအနေများကို နိုးကြားထွင်းဖောက်မြင်သိမှု ( alertness to, and insight into, situations )
(၇) အများနဲ့လက်တွဲပူးပေါင်းလုပ်ဆောင်မှု ( Cooperativeness )
(၈) ရေပန်းစားမှု ( Popularity )
(၉) အ‌ခြေအနေနှင့်လိုက်လျောညီထွေပြုတတ်မှု ( Adaptability )
(၁၀) နှုတ်ရေးတတ်ကျွမ်းမှု ( Verbal facility ) တို့ပဲဖြစ်ပါတယ်။
သည်လို ယေဘုယျ ခေါင်းဆောင်မှုဓလေ့စရိုက်တွေကို စူစမ်းရှာဖွေရာမှာ အလိုအလျောက် စေ့ဆော်ဆွဲဆောင်မှု ရှိခြင်းကြောင့် ဒီချဉ်းကပ်နည်းတွေဟာ မျက်မှောက်ခေတ် စီမံခန့်ခွဲရေးဆိုင်ရာ စာပေတွေမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဥပမာ စိတ္တဗေဒပညာရှင် ဟာရီလီဗင်ဆင် က ခေါင်းဆောင်ကိုယ်ရည်ကိုယ်သွေး ဥပတိအတိုင်းအတာ အချက် (၂၀)ကို ဆွဲထုတ်ပြခဲ့ပါတယ်။ အဲ့ဒီအတိုင်းအတာတွေဟာ ထိပ်တန်းစီမံခန့်ခွဲရေး အခွင့်အာဏာရှိသူတစ်ဦးကို စီစစ်ရွေးချယ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေပဲဖြစ်ပါတယ်။ အဲ့ဒါတွေကတော့-
(၁) အချက်အလက်အမျိုးမျိုးကို ရှေ့နောက်ညီညွတ်သော ရည်မှန်းချက်ဘောင် တစ်ခုရအောင် တွေးဆသိမြင်ဖွဲ့စည်းပေါင်းစပ်တည်ဆောက်တတ်ခြင်း
( The capacity to abstract, to conceptualize, to organize, and to integrate different data into a coherent frame of reference )
(၂) ဒွိဟသံသယဝိဝါဒကို သဘောထားကြီးခြင်း
( A tolerance for ambiguity)
(၃) ဉာဏ်အမြော်အမြင်ရှိခြင်း
( Intelligence )
(၄) ကောင်းကောင်းပိုင်းဖြတ်ခြင်း
( Good Judgment )
(၅) တာဝန်ယူတတ်ခြင်း
( Ability to take charge )
(၆) ပြဿနာများကို အားတက်သရော မဟာဗြူဟာမြောက် ရင်ဆိုင်‌ဖြေရှင်း တတ်ခြင်း
( A Capacity for Attacking Problems Both Vigorously and Strategically )
(၇) ထမြောက်အောင်မြင်ရေးအလေးပေးခြင်း
( An Achievement Oriented-ness )
(၈) အခြားသူများ၏ စိတ်ခံစားချက်ကို သိလွယ်တုံ့ပြန်တတ်ခြင်း
( A Sensitivity to the Feelings of Others )
(၉) အဖွဲ့အစည်းဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်တတ်ခြင်း
( Participation as a Member of the Organization )
(၁၀) ရင့်ကျက်ပြည့်ဝခြင်း
( Maturity )
(၁၁) အခြားသူများထံမှသတင်းစကား၊ ‌ဝေဖန်ချက်နှင့် ပါဝင်ပူပေါင်းမှုရသည့်တိုင် ကိုယ်ဒူးကိုယ်ချွန်တတ်ခြင်း
( Ability to Stand on his or her Own while accepting information, criticism, and cooperation from others. )
(၁၂) ပီပြင်ရှင်းလင်းပြောဆိုတတ်ခြင်း
( Ability to Articulate )
(၁၃) ရုပ်ပိုင်းစိတ်ပိုင်းသက်လုံကောင်းခြင်း
( High Physical and Mental Stamina )
(၁၄) ဖိစီးမှုကိုအလိုက်သင့်စီမံထိန်းတတ်ခြင်း
( Ability to adapt and to manage stress )
(၁၅) ဟာသဉာဏ်ရှိခြင်း
( A Sense of Humor )
(၁၆) အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ရှင်းလင်းပြတ်သားသည့် ကိုယ်ပိုင်ပန်းတိုင်များရှိခြင်း
( Well-defined personal goals that are consistent with organizational needs )
(၁၇) လုံးလဝီရိယကြီးခြင်း
( High perseverance )
(၁၈) အချိန်ကိုစံနစ်တကျစုစည်းအသုံးချတတ်ခြင်း
( The ability to organize time well )
(၁၉) လေးနက်တည်ကြည်ခြင်း
( High integrity )
(၂၀) လူမှုတာဝန်နှင့်ခေါင်းဆောင်မှုတာဝန်ယူဖို့လိုအပ်ပုံကို နားလည်တန်ဖိုးထားခြင်း ( An appreciation for the need to assume social responsibility and leadership.)

လီဗင်ဆင်သည် သူရဲ့အတိုင်းအတာတွေဟာ စာရင်းအင်းဗေဒအရ ခိုင်လုံတယ်လို့ တော့ အာမဝန်တာမခံပေ။ ထိပ်ပိုင်ဆိုင်ရာ စိမံခန့်ခွဲရေး ထိရောက်အောင်မြင်မှု နှင့် စပ်လျဉ်းသော သဘောလက္ခဏာများကို အလေးပေးစဉ်းစားနိုင်ရုံသာ သူဟာတင်ပြခဲ့ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
သူ ဘယ်လိုပဲ‌ပြော‌ပြော ဖော်ပြပါ ဓလေ့စရိုက်များဟာ ခေါင်းဆောင်မှု သဘော သဘာဝကို နားလည်သဘောပေါက် အောင်မြင်အောင်ပြုလုပ်ရာမှာ အလွန်အရေးပါတယ် ဆိုတာ ငြင်းနိုင်ဖွယ်ရာမရှိပါဘူး။ သူတင်ပြခဲ့တဲ့ ဓလေ့စရိုက်များ နဲ့ စွမ်းရည်များကို ဆန်းစစ်ကြည့်တဲ့အခါမှာ စီမံခန့်ခွဲရေး ခေါင်းဆောင်တစ်ဦးမှာ အမှန်တကယ်လိုအပ်တဲ့ ယေဘုယျပုံရိပ်တစ်ခုကို မီးမောင်းထိုးပြနေသည်မှာ ထင်ရှားတာကို တွေ့မြင်ကျရမှာဖြစ် ပါတယ်။
( Ref: Richard M.Hodgetts. Management)


နောက် အရေးပါသော ခေါင်းဆောင်မှု လေ့လာစူးစမ်းနည်းမှာ ခေါင်းဆောင်တွေရဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို စစ်ဆေးအကဲဖြတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ထွန်းပေါက်အောင်မြင်သော ခေါင်းဆောင်မှုအမူအရာတစ်မျိုးကို အတုယူကျင့်သုံးခြင်း အားဖြင့် ပိုတော်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာနိုင်တယ်လို့ သုတေသီပညာရှင် အများအပြားက ယုံကြည်ခဲ့ကျပါတယ်။ ဒါပေမဲ့ ဒီအယူအဆဟာ အငြင်းပွါးနိုင်စရာတွေ ရှိပါတယ်။ မျက်မှောက်ခေတ်မှာ ခေါင်းဆောင်မှုအမူအရာကို ပိုပြီးနက်နက်နဲနဲ ထဲထဲဝင်ဝင် စိတ်ဝင်တစားရှိလာကြပါတယ်။ စိတ်ဝင်တစားကြည့်လာကြတာနဲ့အမျှ ခေါင်းဆောင်တွေ နဲ့ လက်အောက်ငယ်သားတွေ အပြန်အလှန်ချိတ်ဆက် အကြိုးပြုနေကျပုံကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကျပါတယ်။
စီမံခန့်ခွဲမှူးတွေ အများဆုံးလက်ခံကျင့်သုံးပြီး အလွန်အမင်း ပြုလုပ်တတ်ကြတာ ကတော့ အာဏာရှင်ဆန်သော ခေါင်းဆောင်မှု ( Autocratic Leadership )ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အလုပ်တာဝန်ပြီးမြောက်အောင်မြင်ရေးကိုပဲ အဓိကထားအာရုံစိုက်ကြပြီးတော့ လူသားတွေအပေါ်မှာတော့ အလေးမထားကျပေ။ ဒီလိုခေါင်းဆောင်တွေကတော့ ရှေးရိုးစီမံခန့် ခွဲရေးပုံစံနဲ့သာ သင့်မြတ်ကိုက်ညီပါတယ်။ အဲ့ဒီပုံစံအရ အလုပ်သမားတွေကို ကုန်ထုတ် အင်အားစုများ ( Factors of Production )အဖြစ် ရှုမြင်သဘောထားကျတယ်။ မည်သို့ ပင်ဆိုစေ ခေါင်းဆောင်တွေမစွမ်း၊ မထိရောက်ဟု တစ်ဖက်သတ်တော့ မမှတ်ယူ သင့်ပါဘူး။ တစ်ခါတစ်ရံမှာ သူတို့ဟာ ကြောက်ခမန်းလိလိ စွမ်းဆောင်အောင် မြင်တတ် ကြပါတယ်။ ဥပမာ အကျပ်အတည်းဆိုက်တဲ့အ‌ခြေအနေတွေမှာဆိုရင် ခေါင်းမာပြင်း ထန်သော စီမံခန့်ခွဲရေးမှူး တွေလိုအပ်ပါတယ်။ တစ်ချို့သောအဖွဲ့အစည်းတွေမှာဆိုရင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးမြင့်ရေး၊ စရိတ်ထိန်းသိမ်းရေးပြဿနာများ (သို့) အရည်အသွးညံ့ဖျင်းမှု ပြဿနာများနှင့် ရင်ဆိုင် ကျရတဲ့အခါတွေမှာဆိုရင် အ‌ခြေအနေတည့် မတ်အောင် ဖြေရှင်းရန် အာဏာရှင်ဆန်တဲ့ ခေါင်ဆောင်တွေကို အာကိုးအားထားပြုကျရပါတယ်။
ဘာလို့လဲဆိုတော့ အာဏာရှင်ဆန်တဲ့ခေါင်းဆောင်တွေရဲ့ အမူအရာကို အမူအရာကို အနီးကပ် ကွပ်ကဲထိန်းချုပ်မှုအပေါ် အလေးထားခြင်း နဲ့ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ပေးရန် မလိုခြင်း ဆိုတဲ့လက္ခဏာ နှစ်ရပ်အရ အကဲဖြတ်နိုင်ပါတယ်။ သူတို့ဟာဆိုရင် အရေးပါ သောအကြောင်းကိစ္စအားလုံးအပေါ် ဆုံးဖြတ်ချက်ချမှတ်တဲ့အခွင့်အာဏာကို ထိန်းချုပ်ထား ကျပါတယ်။ နောက်ဆုံးအပြီးသတ်အတည်ပြုချက်ကို သူတို့ သေချာပေါက်ရယူလိုသော ကြောင့်ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှု ( Paternalistic Leadership ) ပဲဖြစ်ပါတယ်။ ဒီခေါင်းဆောင်မှုစတိုင်ကတော့ အလုပ်ကိုအလွန်အမင်း ဗဟိုပြုထားသော်လည်း လူသားအမြုတေဖြစ်တဲ့ ဝန်ထမ်းလုပ်သားများကိုလည်း အလေးထား ထည့်တွက်ကျပါတယ်။ တစ်ခါတစ်ရံမှာသူတို့ကို ဒီမိုခရေစီဆန်သော/မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်တွေနဲ့ ရောထွေးမြင်တတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလုပ် ကိုရော လူတွေကိုပါ တစ်ပြိုင်နက် အလေးထားကျသောကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားသောသွင်ပြင်လက္ခဏာတစ်ရပ်က သူတို့ဟာ ဒီမိုကရေစီဆန်သော ခေါင်းဆောင်တွေ မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပါတယ်။ “ ငါ‌ပြောသလိုလုပ်၊ အဖွဲ့အစည်းက မင်းကို တာဝန်ယူ စောင်မလိမ့်မယ်” ဆိုသောအတွေးအခေါ်ကို သူတို့ယုံကြည်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေကတော့ သားသမီးတွေကိုအုပ်ချုပ်တဲ့ မိဘတွေနဲ့ တစ်ထေရာထဲတူလိုဟန်ရှိကျပါတယ်။
စီးမံခန့်ခွဲရေးမှူးအများအပြားဟာ ဖခင်အသွင်ဆန်သော ခေါင်းဆောင်သူတွေဖြစ်ကြ ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ လက်အောက်ငယ်သားတွေဟာ သူတို့ကို ကြည့်ရှုစောင့် ရှောက်ပေးမဲ့ တစ်စုံတစ်ဦးကို အမြဲတမ်းလိုလားတောင့်တနေတယ်လို့ ထင်နေသောကြောင့် ဖြစ်ပါတယ်။ ဖခင်အသွင်ဆန်သောခေါင်းဆောင်မှုပုံစံသည် ဘဝမှာလုံခြုံမှုမရှိသောသူများ၊ မိမိတို့ရဲ့အလုပ်အကိုင်ကိုသာ သင်ယူနေကျရှာပြီး အကြံဉာဏ်၊ အကူအညီနဲ့ အကာအကွယ်ကို ငံ့လင့်နေကျတဲ့ လက်အောက်ငယ်သားများကို ကိုင်တွယ်‌ဖြေရှင်းတဲ့အခါမျိုးမှာ အထိရောက် ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး ဖြစ်တတ်ကျပါတယ်။
( Ref: Richard M.Hodgetts. Management)

ဒီမိုကရေစီဆန်သော/မျှ‌ဝေတာဝန်ယူသောခေါင်းဆောင်မှု ( Democratic/ Participative Leadership) ဆိုတာကတော့ လူနှင့်အလုပ် နှစ်မျိုးစလုံးကို လွန်စွာအလေး ထားခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာလက်အောက်ငယ်သားတွေအကြား တစိုက်မတ်မတ် သတင်းအချက်အလက် အပြန်အလှန်စီးဆင်းမှုကိုအားပေးတယ်၊ ကူညီပံ့ပိုးပေးတယ် လုပ်ပိုင် ခွင့်အာဏာအများအပြားကိုလဲ လက်အောက်ငယ်သားများအား လွှဲအပ်ပေးထားပါတယ်။ လုပ်သားများ တက်တက်ကြွကြွပါဝင်လုပ်ဆောင်အောင်လဲ နှိုးဆော်အားပေးပါတယ်။ ဒီ‌ခေါင်းဆောင်မှုနည်းဟန်ရဲ့ အားသာချက်ကတော့ လူတစ်ဦးချင်းစီတာဝန်ယူမှု၊ အချင်းချင်း ယိုင်းပင်းကူညီမှု၊ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးကဖြည့်ဆည်းအားပေးမှု၊ အပြန်အလှန် နားလည်မှု၊ မိမိတာဝန် နှင့်အပြစ်ကို တစ်ပါးသူအပေါ်ပုံမချမှု၊ တစ်ဦး၏ စွမ်းဆောင် အောင်မြင်မှုကို တစ်ဦးကမုဒိတာပွါးမှု၊ စေ့စပ်ညှိနှိုင်းအ‌ဖြေရှာမှု နှင့် ပျော့ပျောင်း သောဆက်ဆံ ရေးဘဝဖြစ်တည်မှု စတာတွေပဲဖြစ်ပါတယ်။ သည်လို လူကိုရောအလုပ်ကိုပါ အလွန်အမင်း တန်ဖိုးထားခြင်းကြောင့် ဒီခေါင်းဆောင်မှုနည်းဟန်မှာ အကျိုးကျေးဇူး‌မြောက်များစွာဖြစ်ထွန်း ပါသည်။ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကတော့-

(၁) အပြီးသတ်ဆုံးဖြတ်ချက်မချမီ လိုအပ်တဲ့သတင်းအချက်အလက်တွေနဲ့ အထောက်အကူရရှိရေးအတွက် တခြားသက်ဆိုင်သူတွေအပေါ် ခေါင်းဆောင် က အားကိုးအားထားပြုနိုင်သောကြောင့် ဆုံးဖြတ်ချက်ချမှတ်ပုံ တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်။
(၂) လုပ်အောက်ငယ်သားတွေဟာ သူတို့လုပ်ငန်းခွင်ဝန်းကျင်မှာ အဆင်ပြေ ပွင့်လင်းလွတ်လပ်မှုကို နှစ်သက်သဘောကျသောကြောင့် စိတ်ဓါတ်တက်ကြွ အားကောင်းလာမှာဖြစ်ပါတယ်။
(၃) လက်အောက်ငယ်သားတွေဟာ သူတို့ရည်မှန်းချက်ကိုသိရှိပြီး အဲ့ဒီရည်မှန်းချက် ကို မဖြစ်မနေဆွတ်ခူးရရှိရန် လိုအပ်တဲ့လုပ်ပိုင်ခွင့် လွပ်လပ်မှု အပြည့်အဝရရှိ သောကြောင့် အကြီးအကျယ် ထမြောက်အောင်မြင်ရေး မောင်းနှင်အားကို ပျိုးထောင် ရှင်သန်ကြီးထွားလာစေမှာဖြစ်ပါတယ်။
(၄) အပြောင်းအလဲများပြုလုပ်ခဲ့ပါလျှင်လဲ ဝန်ထမ်းများဟာ ဆန့်ကျင်သွေဖီခြင်း မရှိပဲ ၎င်းတို့ကိုယ်တိုင် ပါဝင် တာဝန်ယူလုပ်ဆောင်ကျမှာဖြစ်ပါတယ်။
အဓိကအားဖြင့် မျှ‌ဝေတာဝန်ယူသော ခေါင်းဆောင်မှုနည်းဟန်ကို ဒီမိုကရေစီကျင့်သုံး သော တိုင်းပြည်တွေမှာ အများဆုံးလက်ခံကျင့်သုံးကျပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံမှာ လက်ခံကျင့်သုံးပါတယ်။ သို့သော် ဒီခေါင်းဆောင်မှုနည်းဟန်သည် အဖွဲ့အစည်း တိုင်းအတွက်တော့ ခြွင်းချက်မရှိ အလုပ်ဖြစ်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ချို့အဖွဲ့အစည်းတွေဟာ မျှ‌ဝေတာဝန်ယူမှု အလွန်အားကောင်းတဲ့ ပတ်ဝန်းကျင် ဓလေ့ စရိုက်နဲ့ ဟန်ကျပန်ကျ လည်ပတ်အောင် မစွမ်းဆောင်နိုင်တတ်ကျလို့ပဲ ဖြစ်ပါတယ်။

နောက် လွပ်လပ်သော/အထိန်းအချုပ်ကင်းသောခေါင်းဆောင်မှု ( Laissez-faire/Free-rein Leadership) ဆိုတာကတော့ လုပ်ငန်းဌာနရဲ့ဆောင်ရွက်ချက်တွေကို အ‌ခြေခံအားဖြင့် ကိုယ်တိုင်ပါဝင် တာဝန်ယူခြင်းမရှိတဲ့ စီမံခန့်ခွဲရေးမှူး(ခေါင်းဆောင်)တွေက ကိုင်စွဲကျင့်သုံးကျပါတယ်။ ဒီစီမံခန့်ခွဲရေးမှူးတွေဟာ လုပ်ငန်းတာဝန်တွေကို လက်အောက် ငယ်သားတွေအပေါ် ပုံအောပြီး ပခုံးလွှဲပေးလိုကျတယ်။ သူတို့ကိုယ်တိုင်ကျတော့ ဘာတာဝန်ကိုမှ မယ်မယ်ရရမယူခြင်ကျဘူး၊ အလုပ်တာဝန်တွေကို သူတို့နဲ့မဆိုင်သလိုပဲ သဘောထားကျတယ်။
သူတို့ဟာ လုပ်ငန်းခွင်ထဲကို ကိုယ်ရောင်ပြသာလာကြပြီး လုပ်ငန်းအခြေအနေဘယ်လို ရှိတယ် ဘယ်လိုစခန်းသွားနေတယ်ဆိုတာကို ကြည့်ရှုစစ်ဆေးရန်လောက်သာ စိတ်ဝင်စားမှုရှိ ပါတယ်။ ခေါင်းဆောင်တာဝန်ယူ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမျိုးမရှိပေ။
သို့ဆိုလျှင် လွပ်လပ်သော/အထိန်းအချုပ်ကင်းသော ခေါင်းဆောင်မှုနည်းဟန်ဟာ ကောင်းစွာအလုပ်ဖြစ်ပါသလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ အ‌ဖြေကတော့ အလုပ်ဖြစ်နိုင်ပါတယ်လို့ပဲ ‌ဖြေဆိုရပါမယ်။ ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်နိုင်သလဲဆိုတော့ သုတေသနနဲ့ဖွံဖြိုးရေး လက်တွေ့စမ်းသပ်ခန်းတွေမှာ တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရဲ့ စွမ်းဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ သူရဲ့လက်ထောက်တွေအားလုံးဟာ အများအားဖြင့် အထူးကျွမ်းကျင်နှံ့စပ် တတ်သိလိမ်မာကြတယ်၊ အလုပ်တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်သော အတတ်ပညာရှင်တွေဖြစ်ကျတဲ့အတွက်ကြောင့် စီမံခန့်ခွဲရေးမှူးဟာ အလုပ်ပြီးမြောက် အောင်မြင်ရေးအတွက် လိုအပ်တဲ့လက်နက်ကရိယာတွေနဲ့ အထောက်အကူကိုဖြည့်ဆည်း ပေးရန်သာဖြစ်တယ် ဘာတွေလုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို အထူးတိုက်တွန်း‌ပြောဆိုဖို့ လုံးလုံးမလိုအပ်ပါဘူး။ အားကြိုးမာန်တက် စွမ်းစွမ်းတမံလုပ်ဆောင်ကြသည်မှာ လုံးဝစိတ်ချရ သောကြောင့် စီမံခန့်ခွဲးရေးမှူးတွေအဖို့ ထူးခြား‌ပြောင်မြောက်တဲ့ ရလာဘ်ကောင်းတွေရရှိနိုင် မှာဖြစ်ပါတယ်။
သို့သော် ဒီလိုအခြေအနေမျိုးတွေဟာ တွေ့ရခဲပါတယ်။ ဖြစ်မြဲသဘောရဲ့ ချွင်းချက် တစ်ခုသာဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲရေးမှူးတွေဟာ စည်းမျဉ်းစည်းကမ်း လွန်စွာလျော့နည်း တတ်ကျပါတယ်။ အများအားဖြင့်တော့ သူတို့ဟာ စာဖွဲ့ရလောက်အောင် ဘာတစ်ခုမှ ဟုတ္ထိပတ္ထိ ထိရောက်အောင်စွမ်းဆောင်နိုင်ခြင်း မရှိကျပါဘူး။ သည်လိုဖြစ်ရြခင်းရဲ့အဓိက အကြောင်းရင်းကတော့ ခေါင်းဆောင်တစ်ဦးရဲ့ အရေးကြီး ဆုံးဖြစ်တဲ့ ဦးစီးခေါင်ဆောင် မှုတာဝန်ကို လစ်ဟင်းကြသောကြောင့်ဖြစ်ပါတယ်။

ဘယ်သူတွေဘာတွေ‌ပြော‌ပြော နောက်ဆုံးမှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက် ရဲ့တာဝန်မှာ-
(က) လက်အောက်ငယ်သားတွေလုပ်ဆောင်ရမဲ့ အလုပ်တာဝန်တွေကို အလွယ်တကူ နားလည်အောင်ရှင်ပြနိုင်ရမယ်။
(ခ) ပန်းတိုင်ပေါက်မြောက် အောင်မြင်ရေးကိုဟန့်တားထားတဲ့ လမ်းပိတ်ဆို့မှု တားဆီးမှုအခက်အခဲတွေကို ရှင်းလင်းဖယ်ရှားပေးရမယ်။
(ဂ) ကိုယ်ပိုင်ဆန္ဒပြည့်ဝ ကျေနပ်မှုရရှိအောင် လက်အောက်ငယ်သားတွေအတွက် အခွင့်အလမ်းကိုတိုးမြှင့်ဖွင့်ပေးနိုင်ရပါမယ်။
ဒါတွေဟာ ခေါင်းဆောင်ကောင်းတစ်ဦးမှာ ရှိသင့်တဲ့အခြေခံလိုအပ်ချက်တွေပဲဖြစ် ပါတယ်။
နောက်တစ်ခု ကတော့ John C.Maxwell ရေးသားတဲ့ The 21 Irrefutable Laws Of Leadership ကို မောင်မြင့်ကြွယ်ဘာသာပြန်ဆို ထားတဲ့ မှတ်သားထားတာလေး တစ်ချို့ ကို‌ပြောပြချင်ပါတယ်။
ဒါကတော့ တစ်ချို့သောသူများဟာ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု သည် တစ်မျိုးတည်း ဖြစ်တယ်ဆိုသော ယူဆချက်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တော့ ‘ခေါင်းဆောင်မှု’ဆိုသည်မှာ လူအများအပြားအား လိုက်ပါလာ အောင် သြဇာသက်ရောက်စေမှုဖြစ်ပြီး ‘စီမံခန့်ခွဲမှု’ကတော့ နည်းစနစ်များနှင့်လုပ်ငန်းစဉ်များ တသမတ်တည်းရှိနေစေရေးကို အာရုံစိုက်မှုပင်ဖြစ်တယ်လို့ဆိုပါတယ်။

ခရိုက်စလာ မော်တော်ကားကုမ္ပဏီရဲ့ ရှယ်ယာမင် နှင့် အမှုဆောင်အရာရှိချုပ်ဟောင်း လီအိုင်ယာကော့ကာ ကတော့ “တစ်ခါတစ်ရံမှာတော့ အတော်ဆုံးမန်နေဂျာတွေတောင် ခွေးအကြီးကြီးတစ်ကောင်ရဲ့ကြိုးကို ကိုင်ထားရတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူတယ်တဲ့ ခွေးကြီးကဘယ်ကိုသွားချင်သလဲဆိုတာကို စောင့်ကြည့်ပြီးမှ လိုက်ပို့တတ်တာမျိုးပေါ့” ဆိုပြီး လှောင်တောင်တောင်ခနဲ့တဲ့တဲ့‌ပြောဖူးပါသေးတယ်။
ပုဂ္ဂိုလ်တစ်ယောက်အား ထိုပုဂ္ဂိုလ်သည် စီမံခန့်ခွဲမှုသက်သက်ထက် ခေါင်းဆောင်မှု ပေးနိုင်သူဟုတ်မဟုတ် စမ်းသပ်ကြည့်နိုင်တဲ့ အကောင်ဆုံးနည်းလမ်းကတော့ ၎င်းအား အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပေးရန် စေခိုင်းဖို့ပဲဖြစ်ပါတယ်။ မန်နေဂျာများသည် ဦးတည်ချက်ကို မပြောင်းလဲအောင် ထိန်းထာနိုင်သော်လည်း ပြောင်းလဲသွားအောင်မူ မပြုလုပ်နိုင်ကျပေ။ လူပုဂ္ဂိုလ်များကို ဦးတည်ချက်အသစ်ဆီသို့ ပြောင်းရွှေ့ဆောင်ရွက်စေရန်ဆိုတဲ့ ကိစ္စရပ်တွေမှာ သြဇာသက်ရောက်မှုရှိစေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။



ခေါင်းဆောင်ကြီးများက မည်သည့်အခါ၌ ဦးဆောင်ရမည်ကိုသိခြင်းသည် မည်သည့်ကိစ္စ အားဆောင်ရွက်ရမည်နှင့် မည်သည့်နေရာသို့ သွားရမည်တို့အား သိရှိသကဲ့သို့ပင် အရေးကြီး ကြောင်းကိုတွေ့မြင်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။ ခေါင်းဆောင်တစ်ဦးက လှုပ်ရှားမှုတစ်ရပ် ကို ပြုလုပ်သည့်အခါတိုင်း ဖြစ်ပေါ်လာနိုင်သည့် ရလဒ် လေးမျိုးရှိပါသည်။
(၁) မှားယွင်းသောအချိန်တွင် မှားယွင်းသောလုပ်ရပ်က ဘေးဒုက္ခနှင့် ကြုံတွေ့ရရှိလိမ့်မည်။
(၂) မှန်ကန်သောအပြုအမူအား မှားယွင်းသည့်အချိန်ကာလတွင် ပြုလုပ်မိပါက ခုခံငြင်းဆန်မှုကို ဖြစ်စေ၏။
(၃) မှားယွင်းသောလုပ်ရပ်ကို မှန်ကန်သည့်အချိန်အခါတွင် ဆောင်ရွက်ပါကလဲ မှားယွင်းမှုဖြစ်၏။
(၄) မှန်ကန်သောအချိန်တွင်ရှိ မှန်ကန်သောလုပ်ရပ်က အောင်မြင်မှုများကို ရရှိစေ၏။
အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသော ဝင်စတန်ချာချီက “လူတစ်ယောက်ရဲ့ဘဝမှာ မွေးဖွားလာကတည်းက သူကြုံတွေ့ရမဲ့ အထူးအချိန်ကာလလေးတစ်ခုရှိနေပါတယ်။ အဲ့ဒီအထူးအခွင့်အရေးလေးကို အမိအရဖမ်းယူပြီး သူဆောင်ရွက်ရမဲ့လုပ်ငန်းတာဝန် -အဲ့ဒါကလဲ သူနဲ့အထူးတလည် သင့်လျော်တဲ့လုပ်ငန်းတာဝန် တစ်ခုကိုသူဆောင်ရွက်လိမ့်မယ်။ အဲ့ဒီအချိန်ကာလကလေးမှာ သူဟာဂုဏ်သတင်းကြီးခြင်းကိုရရှိလိမ့်မယ် နောက်အဲ့ဒီအချိန်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်ပဲဖြစ်တယ်”လို့ဆိုပါတယ်။
အချုပ်ဆိုရသော် ခေါင်းဆောင်တစ်ယောက်သည် မည်မျှပင်ထူးချွန်သူဖြစ်ပါစေ ၎င်းတစ်ဦးတည်းဆောင်ရွက်နိုင်စွမ်း မရှိကြပါ။ အားကစားလောကတွင် အောင်မြင်မှုရရှိစေရန် နည်းပြဆရာတစ်ယောက်သည် အားကစားသမားကောင်းများကို စုစည်းထာရန်လို အပ်ပေသည်။ အဖွဲ့အစည်းတစ်ခုသည်လည်း အောင်မြင်မှုရရှိစေရန်အတွက် ခေါင်းဆောင် ကောင်းများ ပါဝင်သည့်အဖွဲ့တစ်ဖွဲ့ရှိရန် လိုအပ်ပေသည်။ အဖွဲ့အစည်း၏ ပမာဏက ပို၍ ကြီးမားလေလေ ပို၍ခွန်အားပြည့်ဝသော ပို၍လေးနက်သော ခေါင်းဆောင်ကောင်းကို လိုအပ်လေလေဖြစ်ပါသည်။

ဤ Post ဖြစ်လာအောင် အစစအရာရာ ကူညီပေးတဲ့ ဒေါ်သီတာအေး(လက်ထောက်ညွှန်ကြားရေးမှူး,အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးကျေးဇူးတင်ပါသည်။


MTZO








Thursday, September 15, 2011

ဒီဇိုင်နာ နှင့် စေ့စပ်ညှိနှိုင်းခြင်းပညာ






ဒီဇိုင်နာ တစ်ယောက်ဟာ စေ့စပ်ညှိနှိုင်းခြင်းပညာကိုလည်း တတ်မြောက် ရပါမယ်။ ဒါမှလည်း အလုပ်အပ်သူနှင့် ကန်ထရိုက်တာ ကြားတွင် စေစပ်ညှိုနှိုင်းရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်နာ တစ်ယောက်ဟာ အလုပ်အပ်သူနှင့် ကန်ထရိုက်တာတို့အကြား စေ့စပ်ပေးရသော ညှိုနှိုင်းသူတစ်ယောက်လို့ ပြောမည်ဆိုလျှင်လည်း မှားမည် မဟုတ်ပါ။ Design တစ်ခုအတွက် သီအိုရီများကို လေ့လာအပ်သကဲ့သို့ ထို သီအိုရီများကို ပြန်လည်အသုံးချသောအခါ လိုအပ်သော စေ့စပ်ညှိနှိုင်းခြင်း ပညာရပ်ကိုလည်း လေ့လာအပ်ပါသည်။ သို့ဆိုလျှင် စေ့စပ်ညှိနှိုင်းခြင်းပညာသည် မည်မျှ အရေးကြီးကြောင်း သိရှိနိုင်ပါသည်။
ဤပို့စ် ဖြစ်မြောက်အောင် အစစအရာရာ အကူအညီပေးသော ညီမငယ် TDA အား အထူုးကျေးဇူးတင်ပါသည်။

Negotiation ခေါ်ဆိုသည့် စေစပ်ညှိနှိုင်း ပညာရပ်သည် လ့ူူဘောင် အဖွဲ့အစည်းတွင် နေ့စဉ်နှင့်အမျှကျင့်သုံးနေရသော ပညာရပ်ဖြစ်ပါသည်။ လွယ်ကူမှုများရှိသကဲ့သို့ ခက်ခဲခြင်း၊ နက်နဲခြင်းများစွာလည်း ရှိပါသည်။ ဤစကားရပ်နှင့်စပ်လျဉ်း၍ ရေးသားထုတ်ဝေထားသော စာအုပ်အများအပြားရှိသည်။ အသုံးတည့်သည့် စာအုပ်၊ အသုံးဝင်သည့် အချက်များစွာတ့ိုကို တွေ့ရှိရသကဲ့သို့ မြန်မာတို့အသုံးမလိုတော့သည် အချက်များစွာတို့ကိုလည်း တွေ့ရသည်။

စေ့စပ်ညှိနှိုင်းခြင်း မည့်သည်ဆက်သွယ်မှုကို အမှီသဟဲပြုရပါသည်။ ပုဂ္ဂိုလ်များ အကြားဖြစ်ပေါ်သော ကိစ္စမျိုးဖြစ်သည်။ ပုဂ္ဂိုလ်များသည် သူတို့နှင့်ဆက်ဆိုင်သော ကိစ္စ (သို့မဟုတ်) စုပေါင်းအဖွဲ့ငယ်တို့၏အဖွဲ့အစည်းများကို ကိုယ်စားပြု ဆောင်ရွက်ခြင်း ဖြစ်သည်။
စေ့စပ်ညှိနှိုင်းခြင်းများကို ရှေးဟောင်းစာပေ၊ ကျမ်းဂန်အမျိုးမျိုး နှင့် ခေတ်ပေါ် အပြုအမူဆိုင်ရာသိပ္ပံပညာ Behaviroal Science များတွင်လည်း တွေ့ရှိရသည်။ သို့သော် ကျယ်ပြန့် လှသော စေ့စပ်ညှိနှိုင်းခြင်း၏ အဓိပ္ပာယ်အပြည့်အဝကို ကာမိစေရန် တစ်ခုသော (သို့မဟုတ်) စုပေါင်း Behaviroal Science တို့ကို ဖော်ထုတ်နိုင်သည့် အနေအထား မရှိသေးပါ ။ တစ်ကယ်တမ်းတွင် လောလောဆယ်အချိန်အထိ လူတစ်ဦးသာ လမ်းညွန်မှုပေးနိုင်သည့် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ အထွေထွေသီအိုရီ (ခေါ်) သတ်မှတ်နည်းနိဿရည်း ပေါ်ပေါက်ခြင်း မရှိသေးပါ။ သို့ဖြင့် လူ့ဘောင်လောက၏ သမားရိုးကျကျင့်စဉ် မြေစမ်းခရမ်းပျိုးနည်း Trial and error အတိုင်းပြုလုပ်နေကြ ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အမှားတစ်ခုမှာ ထပ်တလဲလဲ ဖြစ်ပေါ်နေတတ်သည်။ ယင်းအချက်များကို အခြေပြုလျက် စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ ဗဟုသုတများကို ကန့်သတ်ထားသည့် ကိုယ်တွေ့အတွေ့အကြုံများမှ ရယူနိုင်ခြင်း ဖြစ်ပါသည်။
လူသားအားလုံးတို့သည် နေ့စဉ်နှင့်အမျှ လှုပ်ရှားနေကြရာတွင် အကြောင်းအရာ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းခြင်းများ ပါဝင်သည်။ သို့ဖြင့် နေ့စဉ်သတင်းစာ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းစာများတွင် စေ့စပ်ညှိနှိုင်းကြသည့် သတင်းမျိုးစုံတို့ကို ဖတ်ရှနေရသည်။
ကမ္ဘာ့အနှံအပြားတွင် စေ့စပ်ညှိနှိုင်းခြင်း ပြုလုပ်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်း အမျိုးမျိုးအပါအဝင် စည်းဝေးပွဲ အမျိုးမျိုးတို့ကျင်းပနေခြင်းတို့ကို သိနေရသည်။ ပဋ္ဋိပက္ခများပေါင်းစည်းရေး၊ လူမှုစီးပွားရေး ၊ လက်နက်လျော့ပေါ့ရေး စသည့် ကိစ္စများပါဝင်သည်။ ဤတွင်သတင်းများတွင်မပါရှိသော စေ့စပ်ညှိနှိုင်းခြင်းများစွာတို့ ရှိသေးသည်။
စေ့စပ်ညှိနှိုင်းခြင်းကို အကြောင်းကိစ္စပေါ်ပေါက်လာသည့်အခါ သာမန်အားဖြင့် အမြန်ဆုံးပြုသွားလေ့ရှိပါသည်။ ဤသည်မှာ ပြဿနာကို အမြန်ဆုံးပြေလည်ရှင်းလင်းသွားစေလိုသော အာသာဆန္ဒကို အခြေပြု၍ ဖြစ်သည်။ အမှန်တွင် အမြန်ဆုံးပြေလည် စေခြင်းသည် မိမိအကျိုးစီးပွားကို ရသင့်ရထိုက်သည်ထက် လျော့နည်းခြင်း၊ ရှိမရှိ သေချာစွာ စိစစ်သင့်သည်။ ထို့ကြောင့်အချို့ပုဂ္ဂိုလ် (သို့မဟုတ်) နိုင်ငံတို့အနေဖြင့် အချိန်ယူ၍ ချိန်းဆိုခြင်းများ ပြုလုပ်ကြသည်။ ဤသို့ အချိန်ယူ အချိန်ခွာ ချိန်းဆိုခြင်းမျိုးသည် အမှားရှိက ပြုပြင်ချိန်ရနိုင်ခြင်း၊ အသင့်ပြင်ဆင်မှု အချိန်ပိုရခြင်း၊ အကြောင်း အမျိုးမျိုး ချိန်ဆွဲလိုခြင်းတို့ကို အထောက်ကူပြုခြင်း၊ စသည်တို့ဖြစ်ပေါ်စေသည်။ စေ့စပ်ညှိနှိုင်းခြင်းကာလ သတ်မှတ်မှုနှင့် အပြည့်အဝ ဆက်စပ်မှုမရှိသော်လည်း နှီးနွယ်နေသော စေ့စပ်ညှိနှိုင်းပွဲ တက်ရောက်သည့် ကိစ္စတစ်ခု ရှိပါသည်။ တစ်ခါတစ်ရံဆန္ဒမရှိခြင်း၊ လုပ်ငန်းမဖြစ်စေလိုသောကြောင့် ပတ်ဝန်းကျင်တိုက်တွန်းမှု (သို့မဟုတ်) ပြင်ပ ပယောဂကြောင့် တစ်ဖက် (သို့တည်းမဟုတ်) နှစ်ဖက်လုံး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်တက်ရောက်ကြသည်။ ဤကဲ့သို့အနေအထားသည် ပြေလည်မှု ရရှိစေရန် နှစ်ဖက်လုံးမှ ကြိုးစားကြသည်ဟူသော အကျိုးအမြတ်ကိုဖြစ်ပေါ်စေသည်။
လူတို့သည် စေ့စပ်ညှိနှိုင်းခြင်းပြုလုပ်ကြသည့်အခါ ထူးခြားသော အသွင်အပြင် ခြားနားသောပုံစံအမျိုးမျိုးတို့ဖြင့် တုန့်ပြန်လေ့ရှိကြသည်။ အထူးသဖြင့် စိတ်သဘောထားခြင်း လုံးဝမတိုက်ဆိုင်၊ ညှိနှိုင်းမရသည့်အခါတွင် အဆိုးရွားဆုံးဖြစ်သည်။ ထို့ကြောင့် မည်သို့သော စေ့စပ်ညှိနှိုင်းသူမျိုးအတွက်မဆို လူသားတို့၏စိတ်နေသဘောထားကြိုတင် သိထားနိုင်မှုသည် လိုအပ်ချက်တစ်ရပ်ဖြစ်နေသည်။ စေ့စပ်ညှိနှိုင်းသူများတွင် ကြိုကြိုတင်တင် ပြင်ဆင်မှု ပြုလုပ်ထားသူများသည် လက်ဦးမှု ရရှိကြသည်။ နှစ်ဖက်လုံးမှပုဂ္ဂိုလ်များအနေဖြင့် စေ့စပ်ဆွေးနွေးပွဲသို့တက်ရောက်လာကြရာတွင် အချို့သော ခန့်မှန်း တွက်ဆခြင်းများ Assumptions ပြုလုပ်ကြစမြဲဖြစ်သည်။ ခန့်မှန်းတွက်ဆခြင်းများသည် ဘာသာရပ်ကိုကျွမ်းကျင်ခြင်း၊ တစ်ဖက်သဘောထား နောက်ခံများနားလည်ခြင်း၊ အားနည်းချက်များကြိုတင် သိခြင်း အစရှိသည့် အချက်အလက်များစွာကို အခြေပြုပြီးမှ ပြုလုပ်သင့်သည်။ မည်သို့ပင်ဖြစ်စေ အဆိုပါခန့်မှန်းတွက်ဆခြင်း အချို့အနေဖြင့် ကွဲလွဲတတ်သည်။ အောင်မြင်သောစေ့စပ်ညှိနှိုင်းပွဲသည် သက်ဆိုင်ရာပုဂ္ဂိုလ်၏အဆိုပါခန့် မှန်းတွက်ဆခြင်း နှင့် အခြားတစ်ဖက်မှပုဂ္ဂိုလ်၏ ခန့်မှန်းတွက်ဆမှုအပေါ် ကြိုတင်မျှော်လင့်ထားချက်တို့တွင် အခြေပြူသည်။ စေ့စပ်ညှိနှိုင်းမှု နည်းစနစ်နှင့် ဦးတည်ချက်ကို နားလည်သဘောပေါက်ခြင်းတို့သည် အစဉ်သဖြင့် တစ်လှည့်စီ ပါဝင်လှုပ်ရှားလျက်ရှိသည်။ နှစ်ဖက်လုံးအနေဖြင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ လိုအပ်ချက်များ Needs ကိုရလိုကြစမြဲဖြစ်သည်။ စေ့စပ်ညှိနှိုင်းပွဲ သည် နှစ်ဖက်စလုံးမှလိုအပ်ချက်များကို တစ်မျိုးတစ်ဖုံစီ မဖြစ်ပေါ်စေနိုင်ပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။ တစ်နည်းဆိုသော် တစ်ဖက်မှ အောင်မြင်မှုရပြီး ကျန်တစ်ဖက်မှ ဆုံးရှုံးစေကာမှု နှစ်ဦး နှစ်ဖက်အကျိုးရှိသည့် သဘောမျိုး ဖော်ဆောင်နိုင်မည်ဆိုပါက အောင်မြင်သော စေ့စပ်ညှိနှိုင်းမှုဖြစ်ပါသည်။

အားကစားသမားကောင်းတစ်ဦး ရွေးချယ်ရာတွင် သက်ဆိုင်ရာ နည်းပြသည် လျင်မြန်မှု ၊ ခွန်အားပြည့်မှု ၊ ခံနိုင်ရည်ရှိမှု၊ မျက်လုံးနှင့်လက်လှုပ်ရှားမှု ၊ ဆက်စပ်မှု ၊ အိန္ဒြေရမှု ၊ လျှပ်တပြက်တုန့်ပြန်နိုင်မှု တို့ကို အခြေပြုပြီးရွေးချယ်သည်။ ထိပ်တန်းအားကစားသမားများ ရွေးချယ်ရာတွင်လည်း ပိုမိုနက်နဲသော အရည်အချင်းများဖြစ်သည့် ကြာရှည်စွာစွမ်းဆောင်နိုင်မှု၊ မျက်လုံးကောင်းခြင်း၊ မိမိကိုယ်မိမိယုံကြည်မှု၊ စိတ်ပြင်းထန်မှု၊ လုပ်ရဲကိုင်ရဲရှိမှုတို့ကို အခြေပြုသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူများ ရွေးချယ်ရာတွင်လည်း အလားတူ သတ်မှတ်ချက်မျိုး ရှိသည်။ သို့သော် အချို့သည် ပင်ကိုယ်အနေအထားကလည်းကောင်း၊ အတွေ့အကြုံများမှလည်းကောင်း၊ နားလည် ကျွမ်းကျင်ကြသကဲ့သို့ အချို့အနေဖြင့် သင်ကြားဆည်းပူးခြင်းဖြင့် တတ်သိလာပါသည်။
စေ့စပ်ညှိနှိုင်းပွဲသို့ တက်ရောက်မည့် ပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) ကျွမ်းကျင်သူတစ်ဦး အနေဖြင့် တစ်ဖက်မှ သဘောကျ နှစ်ခြိုက်စရာမလိုပါ။ ဤတွင် တစ်ဖက်၏ နှစ်လိုသဘောကျခြင်း နှင့် အဓိပ္ပာယ်ကွဲပြားခြားနားမှု ရှိပါသည်။ အတွေးအခေါ်ရင့်ကျက်မှု၊ နှစ်လိုဘွယ်ရှိမှု၊ ရိုးသားမှု (သို့မဟုတ်) ရယ်သွမ်းဖွယ်ရာ ပြောဆိုတတ်မှုတို့သည် အခြားတစ်ဖက်၏ အလိုအလျောက် နှစ်လိုသဘောကျခြင်းက ိုဖြစ်စေပါသည်။ သို့ဖြင့် အခြားတစ်ဖက်၏ အလျော့ပေးခြင်းတို့ကိုလည်း ဖြစ်ပေါ် စေတတ်ပါသည်။ တစ်ဖက်မှ အလိုအလျှောက် နှစ်လိုသဘောကျခြင်းမဟုတ်၍ နှစ်လိုသဘောကျစေရန် မိမိဆန္ဒအလျောက် ဖန်တီးယူခြင်းသည် မိမိ၏အားနည်းချက်ကို ဖြစ်ပေါ်စေရုံမျှမက တစ်ဖက်မ ှနှစ်လိုသဘောကျစေရေးအလို့ငှာ အလျှော့ ပေးမည့်ကိန်းကိုလည်း ဖြစ်ပေါ်စေသည်။ တစ်ဖက်သား သဘောကျစေရန် ပြုတတ်သူများ သည် တစ်ဖက်သားဖက်သို့ အလွယ်တကူ ပါတတ်ပါသည်။ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် မိတ်ဆွေနှင့် အလုပ်ကိုခွဲခြားပြသမှုပြုထားသည်။

အလားတူပင် စေ့စပ်ညှိနှိုင်းမှု၊ ကျွမ်းကျင်လိမ္မာသူတစ်ဦးသည် ဆွေးနွေးပွဲတွင် ကြုံကြိုက်ရလေ့ရှိတတ်သော မရေမရာဖြစ်လာမှုများ၊ ပြောင်းလဲခြားနားမှုများကို ခံနိုင်စွမ်းရှိသည်။ အလိုက်သင့်အခြေအနေကို ခံနိုင်စွမ်းရည်ရှိသည်။ စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် သမာဓိဂုဏ်နှင့်ပြည်စုံပါက တစ်ဖက်၏လေးစားခြင်းကိုခံရတတ်သည်။ သမာဓိဂုဏ် ဆိုသည်မှာနားလည်သဘောပေါက်ရန် အချိန်ယူသည်နှင့်အမျှ စေ့စပ်ဆွေးနွေးပွဲတွင် ကျွမ်းကျင်မှုပညာတစ်ခု၊ တစ်ဖက်မှ အလျော့ပေးရေး ပြုလုပ်နိုင်သော အချက်တစ်ချက်ဖြစ်သည်။

စေ့စပ်ဆွေးနွေးပွဲလယ်တွင် ဘာသာရပ်ကို အတတ်ဆုံးလူ၊ အသိဆုံးလူသည် ကျွမ်းကျင်လိမ္မာပါးနပ်သော စေ့စပ်ညှိနှိုင်းသူှ ဖြစ်သည်။ တစ်ကယ်တွင် ဘာသာရပ်ကျွမ်းကျင်သူဖြစ်လင့်ကစား စေ့စပ်ညှိနှိုင်းခြင်း ၊ နားမလည်လျှင် (သို့မဟုတ်) ပါးရည်နားရည်မရှိလျှင်ပါဝင် ဆွေးနွေးခြင်းငှာ မသင့်ပါ။ သေးငယ်သောကိစ္စကြောင့်ပင် ပွဲပျက်လေ့ရှိပါသည်။ ကျွမ်းကျင်လိမ္မာသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် မည်သည့်အကြောင်းရပ်မဆို ရင်ဆိုင်ဆွေးနွေးသွားရန်အသင့် ရှိကြောင်း အနေအထားရှိရပါသည်။ သာမန်အားဖြင့်ဆိုလျှင် ကောင်းလှပြီ၊ ပြည့်မီလှပြီဟူသော စေ့စပ်ညှိနှိုင်းသူတစ်ဦးသည် အမှားမဖြစ်အောင် နေတတ်သည့်ပုဂ္ဂိုလ်၏ စိတ်ထားမျိုးရှိရပါသည်။ ပြင်းပြသည့်ပြိုင်ဆိုင်လိုသော ဉာဉ်မျိုးမွေးရသည်။ လုံးဝဝေဖန်ပြစ်တင်ခြင်း မပြုနိုင်သည့် သမာဓိဂုဏ်လည်း ပြည့်စုံရသည်။
ရှု့ထောင့်အမျိုးမျိုးအပြင် အားလုံးကိုခြုံကြည့်တတ်ရသည်။ အရေးပါသော အသေးစိတ်ကို မြင်တတ်ရသည်။ ဤသည်တို့သည် သာမှန်အဆင့် စေ့စပ်ညှိနှိုင်းသူတို့ ရှိသင့်ရှိထိုက်အပ်သော အရည်အချင်းများ ဖြစ်ပါသည်။ ထူးခြားသောအဆင့်ရရှိနိုင်ရန်
(က) သည်းခံမှုရှိခြင်း၊
(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း စသည်တို့နှင့်ပြည့်စုံရန်လိုပါသည်။

(က) သည်းခံမှုရှိခြင်း၊
သည်းခံခြင်းသည် သာမန်အားဖြင့် မြင့်မြတ်သောဂုဏ်ဖြစ်ပါသည်။ သို့သော် စေ့စပ်ညှိနှိုင်းပွဲတွင် အတိုင်းအတာအားဖြင့် ခန်မှန်းခြင်းမပြုနိုင်သော စွမ်းအားကြီးဖြစ်သည်။
အစည်းအဝေးပွဲ၊ ဆွေးနွေးပွဲ၊ စေ့စပ်ညှိနှိုင်းပွဲတို့တွင် ပါဝင်တက်ရာက်သူများ အခြေခံအသုံးပြုသော အဓိကလက်နက်ကြီး ဖြစ်သကဲ့သို့ မဟာဗျူဟာတစ်ခုလည်း ဖြစ်ပါသည်။ စေ့စပ်ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများသို့ ဒေါသစိတ်လွှမ်းမိုးမှုဖြင့် ပါဝင်ဆွေးနွေးခြင်းသည်စေ့စပ်ညှိနှိုင်းမှု မအောင်မြင်စေသည်သာမက အခြားဆုံးရှုံးမှုများလည်း ဖြစ်ပေါ်စေတတ်သည်။ အလားတူပင် စိတ်တိုခြင်း၊ အစွန်းရောက်ခြင်းတို့သည်အခက်အခဲများ ကြုံတွေ့ခြင်း၊ အောင်မြင်မှုရရှိရန် အလားအလာ နည်းပါးခြင်းသို့ ရှေးရှု့တတ်ပါသည်။

(ခ) တစ်ဖက်မှ တင်ပြချက်ကို သေချာစွာနားထောင်ခြင်း၊
သေချာစွာ နားထောင်ခြင်းသည် စကားပြောခြင်းနည်းတူ ဆွဲဆောင်အားကောင်းသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ တစ်ဖက်သားမှပြောဆိုသည့်စကား၊ ဆိုလိုသည့်အနက် အဓိပ္ပာယ် စကားလုံးအသုံးအနှုန်း၊ လေသံအနိမ့်အမြင့်၊ ကိုယ်နေကိုယ်ထား၊ ခြေဟန်လက်ဟန်တို့ကို ဂရုစိုက်သေချာစွာ နားထောင်ခြင်းသည် တစ်ဖက်သဘောထား ရပ်တည်ချက်နှင့် အခြားအနေအထားအမျိုးမျိုးတို့ကို သိရှိနိုင်ရန်တို့အပြင် တစ်ဖက်သား လေးစားမှုပြသသည့်သဘောဖြစ်သဖြင့် အရေးပါသောကိစ္စကြီးတစ်ခု ဖြစ်ပါသည်။ တစ်ဖက်က စကားကို ဂရုတစ်စိုက်နားထောင်ခြင်းဖြင့် ၎င်းတို့၏ လိုအပ်ချက်ကို သိရှိနားလည်ရုံမျှမက အပြောင်းအလဲဖြစ်သွားမှုများနှင့် အခြားသိကောင်းစရာများကိုလည်း သတိမှု နိုင်မည်ဖြစ်ပါသည်။

(ဂ) ရှင်းလင်းပြတ်သားစွာပြောဆိုခြင်း
အစည်းအဝေးပွဲကြီးများ၊ ဆွေးနွေးပွဲကြီးများ၊ အထူးသဖြင့် စေ့စပ်ညှိနှိုင်းပွဲ တို့တွင်ပါဝင်ဆင်နွဲသူ တို့အနေဖြင့် ရှုပ်ထွေးအောင်ပြုလုပ်သည့် မဟာဗျုဟာကို သုံးလေ့သုံးထရှိကြသည်။ ထို့အပြင် ဆွေးနွေးပွဲပြီးစီးသည့်နောက်ပိုင်း တစ်ဖက်အနေဖြင့် မရှင်းမလင်းအနေအထားမျိုး ဖြစ်တတ်ကြသည်။ အလားတူပင် အချို့အနေဖြင့် ရှင်းလင်းအောင် မတင်ပြနိုင်ခြင်းမျိုးကို မကြာခဏ တွေ့ရှိရသည်။ သို့ဖြင့် မလိုလားအပ်သော ရှင်းလင်းမှုများပြုလုပ်ခြင်း၊ အချိန်ကြန့်ကြာခြင်းများနှင့် ကြုံတွေတတ်ကြသည်။ သို့သော် တိုတိုနှင့်ရှင်းရှင်းတင်ပြတတ်သူများ ရှိတတ်သည်။ အဆိုပါ ပုဂ္ဂိုလ်များသည် တစ်ခါတစ်ရံစေ့စပ်ညှိနှိုင်းခြင်းအရာ၌ နားလည်ကြသူများ မဟုတ်သော်လည်း အောင်မြင်မှုများ ဖြစ်ပေါ်စေတတ်ပါသည်။

(ဃ) အနုစိတ်ပိုင်ဆိုင်နိုင်ခြင်း
ဆွေးနွေးသည့်ခန်းမတွင် ဆွဲဆောင်မှုအများဆုံးရနိုင်သူသည် ဆွေးနွေးသည့်ဘာသာရပ်၊ စေ့စပ်ညှိနှိုင်းသည့် ကိစ္စအနုစိတ်ကို ပိုင်နိုင်သည့် စေ့စပ်ညှိနှိုင်းသူ ဖြစ်ပါသည်။ အလားတူပင် နိုင်ငံရေးပိုင်း၊ လူမှုရေးပိုင်း၊ ဥပဒေပိုင်း၊ ပိုင်နိုင်သည့်စေ့စပ်ညှိနှိုင်းသူများသည် အရေးပါသောသူများဖြစ်ကြပါသည်။ တနည်းဆိုသော် စေ့စပ်ညှိနှိုင်းသူအနေဖြင့် သတ်မှတ်ကဏ္ဍပိုင်းကိစ္စပိုင်ဆိုင်မှုရှိခြင်းသည် အခြားတစ်ဖက်သူများ ထက်သာလွန်မှုရှိပါက စေ့စပ်ညှိနှိုင်းခြင်း ကျွမ်းကျင်မှုပိုင်းတွင်လည်း သာလွန်မည်သာဖြစ်သည်။

(င) စီမံခန်ခွဲရေး ကျွမ်းကျင်ခြင်း
စီမံကိန်း/ လုပ်ငန်းစေ့စပ်ဆွေးနွေးပွဲများတွင် စီမံခန်ခွဲရေးကျွမ်းကျင်မှုသည်အရေးပါသောကိစ္စ ဖြစ်ပါသည်။ ဆွေးနွေးပွဲခန်းမ၌ လူတကာထက် ပိုမိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းသည် စေ့စပ်ညှိနှိုင်းသည့်အခါမျိုးတွင် အထက်စီးကို ရစေတတ်ပါသည်။


စေ့စပ်ညှိနှိုင်းခြင်းပညာရပ်အတွက် ရေတို/ ရေရှည်သင်တန်းများတွင် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေစူးစမ်းခြင်း၊ မှတ်တမ်းမှတ်ရာပြုခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း အစရှိသည့်အဆင့်(၄)ဆင့် နည်းပညာများသာမက ထပ်တလဲလဲသော လက်တွေ့ အလေ့အကျင့်များလည်းပါဝင်သည်။ စေ့စပ်ညှိနှိုင်းခြင်းမပြုမီ ကြိုတင် ပြင်ဆင်မှုပြုလုပ်၍ စေ့စပ်ညှိနှိုင်းခြင်း၏ ရည်ရွယ်ချက်၊ စေ့စပ်ညှိနှိုင်းပိုင်ခွင့် အတိုင်းအတာ မည်သူ့ နှင့် စေ့စပ်ညှိနှိုင်းခြင်းပြုနေသည်။ တဖက်ပုဂ္ဂိုလ်၏ ထူးမြတ်ပိုင်ခွင့် ရှိသည့် အတိုင်းအတာလက်ခံခြင်း မပြုနိုင်သော အကြောင်းအချက် အစရှိသည့် မေခွန်း (၅)ခုကို ကြိုတင်စဉ်းစားထားရန် ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင်……

(က) (Why) မည်သည့်အတွက်ကြောင့်ပြုလုပ်ရခြင်းဖြစ်သည်။
(ခ) (Who) မည်သူတွေနှင့် ညှိနှိုင်းရမည်။
(ဂ) (Where) မည်သည့်နေရာတွင်ပြုလုပ်ရမည်။
(ဃ) (When) မည်သည့်အချိန်တွြင်ပုလုပ်ရမည်။
(င) (How) မည်သို့မည်ပုံပြုလုပ်ရမည်

အစရှိသောအဓိက စိစစ်မှုများကို ကြိုတင်ပြုလုပ်ရပါသည်။ ထိုနည်းတူ တစ်ဖက်သား ပြောဆိုသည်ကို သေချာစွာနားစိုက်ရန် (Listen) နှင့် အထင်မှား၊ အမြင်မှားမြင်တတ်သည့် အကျင့်ဆိုးများ ပပျောက်ရေး အတွက် အလေ့အကျင့်ပြုစုပျိုးထောင်သွားရန် ဖြစ်ပါသည်။ သေချာစွာ နားစိုက်နိုင်ရေးအတွက် လေ့ကျင့်ခန်းကောင်းတစ်ခုသည် အတိုချုံ့မှတ်သားခြင်း (Summarizing) နှင့်ပြန်လည်စစ်ဆေးခြင်း (Reviewing) ဖြစ်ပါသည်။ တစ်နည်းဆိုရသော် တစ်ဖက်က ပြောသည်ကို မှတ်သားခြင်း၊ အရေးပါသောအချက်အလက်ကို မှတ်သားခြင်း၊ အတိုချုံးရေးခြင်းနှင့် တစ်ဖက်သို့ပြန်လည်မေးမြန်းခြင်း ဖြစ်သည်။ ဤကဲ့သို့ ဆောက်ရွက်ခြင်းများသည် သဘောတူညီချက် အခန်းကဏ္ဍအတွက် အထူးအရေးပါသည်ဖြစ်ပါသည်။ စေ့စပ်ညှိနှိုင်းကြသူများအနေဖြင့် အာရုံစိုက်နားထောင်ပြီး လိုက်၍ ရေးသားမှတ်သားခြင်း ပြုရာတွင် မိမိနားစိုက်/ အာရုံစိုက်နေသည့် ကိုယ်ဟန်အမူအရာကို ပျက်မသွားစေရန်ဖြစ်ပါသည်။

ကိုယ်ဟန်အမူအရာသည် စေ့စပ်ညှိနှိုင်းသည့် ပညာရပ်အတွက် အရေးပါသောကဏ္ဍတစ်ခု ဖြစ်ပါသည်။ မျက်နှာဟန်မူရာနှင့် ကိုယ်ဟန်အမူအရာတို့သည်တစ်ခုသောအဓိပ္ပာယ် (သို့မဟုတ်) အချက်ကို အောင်စေခြင်း ဖြစ်တတ်ပါသည်။ မျက်နှာဟန်မူရာသည် ဦးခေါင်း၊ မျက်လုံး၊ နှုတ်ခမ်းအသီးသီးတို့၏လှုပ်ရှားမှုများ ပါဝင်သည်။ ထ့ိုနည်းတူပင် လက်၏လှုပ်ရှားမှု၊ ပုခုံးနှင့် ဦးခေါင်းအနေအထား၊ ကိုယ်အင်္ဂါလှုပ်ရှားမှုများသည် သတိပြုရန် သင့်သောလှုပ်ရှားမှုများ ဖြစ်ပါသည်။ ဘောင်းဘီအိတ်အတွင်း လက်ကိုထည့်၍ စကားပြောဆိုခြင်းသည် ရိုင်းပြသောအပြုအမူဟူ၍ ဆိုကြပါသည်။ သုတ်သီး သုတ်ပြာလှုပ်ရှားမှုသည် စိုးရိမ်ကြောင့်ကြခြင်း၊ ကြောင့်ရွံခြင်း၊ ပူပန်ခြင်းအဓိပ္ပာယ်မျိုး သက်ရောက်စေပါသည်။ သို့ဖြင့် တည့်မတ်စွာထိုင်ခြင်း၊ ရပ်ခြင်း၊ (ခါးကုန်းမှုလုံးဝမပြုခြင်း) ၊ (လျော၍မထိုင်ခြင်း) ၊ဝတ်စားဆင်ယင်မှုကောင်းခြင်း၊ အိန္ဒြေရှိစွာဖြင့် လှုပ်ရှားပြုမှုခြင်း၊ ရင်ကော့၍ မျက်နှာတူရူထားရှိခြင်း၊ အပြုံးဆောင်ခြင်းအစရှိသည့် လေ့ကျင့်ခန်းများအကျင့် ဖြစ်သွားအောင် လေ့ကျင့်ရန် လိုပါသည်။ စေ့စပ်ညှိနှိုင်းပွဲတွင် အဆိုးရွားဆုံးအန္တရာယ်မှာ တစ်ဖက်နှင့် တစ်ဖက်လှည့်ကွက်များ၊ ပြုလုပ်ခြင်း၊ ကစားခြင်း (Game Playing) ဖြစ်ပါသည်။

နှစ်ဖက်လုံးအတွက်အချိန်ကုန် အားကုန်သည့်အပြင် အောင်မြင်မှု ရ လာဒ်ကို အဟန့်အထား ဖြစ်စေတတ်သည်။ ကိုယ်ကျိုးအတွက် အမှတ်ယူတတ်ခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် အဓိက ပြဿနာ ဆွေးနွေးခြင်းတို့မှ လွဲချော် တတ်ပါသည်။ တစ်ဖက်နှင့် တစ်ဖက်အထင်မှား ၊ အမြင်မှားဖြစ်စေတတ်သဖြင့် အထူးသတိပြုရန် နှင့် ရှောင်လွှဲတတ်ရန် ဖြစ်ပါသည်။

Reference : Photo အား http://kellycrew.wordpress.com/2011/01/17/negotiation_success/ မှရယူပါသည်။


MTZO


ဒီဇိုင်နာ နှင့် စီမံခန့်ခွဲမှုပညာ





Designer တစ်ယောက်ဟာ Design ပညာကိုတတ်မြောက်ရုံနဲ့မလုံလောက်ပါဘူး။ စီမံခန့်ခွဲမှုဆိုတဲ့ Management အတတ်ပညာကိုလဲ တတ်မြောက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ Management ကိုမသိဘူ၊ နားမလည်ဘူး ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းခွင်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Management ဆိုတာဘာလဲ?? ဘာတွေကိုစီမံခန့်ခွဲမှာလဲ?? လေ့လာကြည့်ကျရအောင်နော်။   Smiley
ပထမဦးစွာ Management ပညာရပ်အား သင်ပေးခဲ့တဲ့ ဒေါ်သီတာအေး (ညွှန်ကြားရေးမှူး, အမှတ်(၂)စက်မှုဝန်ကြီးဌာန) အား အထူးပင် ကျေးဇူးတင်ပါတယ်ဟု ပြောကြားလိုပါတယ်။
စီမံခန့်ခွဲမှုဆိုသည်မှာ လုပ်ငန်းတစ်ခုအတွက် လိုအပ်သော အင်အားစုပေါင်းစုံကို စုပေါင်းပြီ လျှင် လုပ်ငန်း၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော နည်းကို အသုံးပြုနိုင်အောင် ဦးဆောင်မှု ပေးခြင်းပင်ဖြစ်ပါသည်။
စီမံခန့်ခွဲရာ၌ အရေးကြီးသောအချက်မှာ ဦးဆောင်မှုပေးခြင်းပင်ဖြစ်သည်။ မိမိလက်အောက်ရှိ ပုဂ္ဂိုလ်များ၏ လုပ်ဆောင်ချက်များကို ကြီးကြပ်မှသာလျှင် စီမံခန့်ခွဲမှုပြုလုပ်သည်မည်ပါသည်။ မိမိကိုယ်တိုင်ပြုလုပ်ချက်များကို ဂရုစိုက်ခြင်းသည် စီမံခန့်ခွဲမှု မမည်ပေ။
စီမံခန့်ခွဲမှု ပါရဂူအချို့၏ အဓိပါယ်ဖော်ပြချက် အချို့ကိုကောက်နှုတ်တင်ပြရမည် ဆိုလျှင်-

(၁) စီမံခန့်ခွဲမှုဆိုသည်မှာ တိကျစွာ သိရှိသဘောပေါက်သော ရည်မှန်းချက်ပန်းတိုင်သို့ သက်ရှိသက်မဲ့ အင်အားစုများကို ထိရောက်စွာအသုံးပြုနိုင်အောင် ဆန်းစစ်မှုများ၊ ပြဋ္ဌာန်းမှုများ၊ စီမံမှုများ၊ လှုံ့ဆော်မှုများ၊ အကဲဖြတ်မှုများ နှင့် ထိန်းချုပ်ကွပ်ကဲမှုများ ပြုလုပ်နိုင်သော လူတို့၏ဉာဏစွမ်းရည်ဖြစ်ပါသည်။
(၂) လုပ်ကိုင်ရန်ရှိသော လုပ်ငန်းတာဝန်အားလုံးကို ကြီးကြပ်လုပ်ကိုင်နိုင်ခြင်းပင်ဖြစ်သည်။
(၃) စုပေါင်းရည်မှန်းချက်တစ်ခုသို့ ဦးတည်ရောက်ရှိနိုင်ရန် လူတစ်စုကို ရှေ့ဆောင်လမ်း ပြခြင်း၊ ဦးဆောင်ခြင်းနှင့် ယင်းတို့၏လုံးလဝိရိယကို ထိန်းချုပ်ကွပ်ကဲပေးခြင်းပင် ဖြစ်ပါသည်။
(၄)လေတပ်အတွက်ဆိုလျှင် စီမံခန့်ခွဲမှုသည် ကြိုတင်သတ်မှတ်ထားသော ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိနိုင်ရန် အင်အားစုအားလုံးကို စနစ်တကျ စီမံ ဖွဲ့စည်း အသုံးချခြင်းပင် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ စီမံခန့်ခွဲသောပုဂ္ဂိုလ်သည် ပထမဦးစွာ ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ရန်လိုပါသည်။ ရည်မှန်းချက်ပန်းတိုင်ကို ရှင်းလင်းပြတ်သားစွာ ချမှတ်ပြီးမှသာလျှင် ရှေ့တိုးပြီးဆောင်ရွက်နိုင်မှာဖြစ်ပါသည်။

ရည်မှန်းချက်ပန်းတိုင်ချမှတ်ရာ၌ ထိန်းချုပ်ကွပ်ကဲမှုမရှိပဲ ပြုလုပ်၍မရပါ။ စည်းမျဉ်းဥပဒေများ ထုံးတမ်းစဉ်လာအရ ပြဋ္ဌာန်းထားသော ကန့်သတ်ချက်များနှင့် ချုပ်ချယ်မှုများ၏ ဘောင်အတွင်းမှသာ ရည်မှန်းချက်ပန်းတိုင်ကိုချမှတ်ရပါသည်။ ချမှတ်သောရည်မှန်းချက်ပန်းတိုင်သည် တိုင်းပြည်၏ အက်ဥပဒေများ လူတို့၏ထုံးတမ်းဓလေ့များ ဘာသာရေးအယူအဆများ ရပ်ရွာစည်းကမ်းများနှင့် ကိုက်ညီရန်လည်းလိုပါသည်။
ရည်မှန်းချက်ပန်းတိုင်သတ်မှတ်ပြီးရင် စီမံကိန်းချမှတ်ခြင်းကိုပြုလုပ်ရပါမည်။
လုပ်ငန်းဆောင်ရွက်ရန်အတွက် ချမှတ်သောစီမံကိန်းတစ်ခုတွင် အောက်ပါအချက်အလက်များ အပြည့်အစုံပါရှိရန်အရေးကြီးပါသည်။ အတိုချုံးဆိုရပါလျှင်မြန်မာလို ဘ(၆)လုံးကိုမှတ်ထား၍ English လို W (၆) လုံးကိုမှတ်ထားရပါမည်။
၁။ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် " ဘာ " လုပ်ရမည်နည်း။ What ?
၂။ လုပ်စရာရှိသည်တို့ကို " ဘယ်သူ" ကလုပ်ကိုင်ဆောင်ရွက်မည်နည်း။ Who ?
၃။ ပေးအပ်သောတာဝန်များကို " ဘယ်နေရာ " တွင်ဆောင်ရွက်ရမည်နည်း။ Where ?
၄။ လိုအပ်သောတာဝန်များကို " ဘယ်အချိန်" မှာ ဆောင်ရွက်ရမည်နည်း။ When ?
၅။ တာဝန်အသီးသီးကို" ဘယ်သို့ဘယ်ပုံ" ဆောင်ရွက်ရမည်နည်း ။ How ?
၆။ မိမိတို့၏ တာဝန်များကို " အဘယ်ကြောင့် " ဆောင်ရွက်ရမည်နည်း ။ Why ?
အထက်ပါမေးခွန်းများ၏ အဖြေမပါသော စီမံကိန်း(သို့) အစီအစဉ်သည် ပြည့်စုံလုံလောက် သော အစီအစဉ် (သို့) စီမံကိန်းမဖြစ်နိုင်ပါ။ အဆောက်အအုံတစ်ခု တည်ဆောက်ရာတွင် ယင်းအဆောက်အအုံ၏ ပုံစံရေးဆွဲရုံဖြင့် စီမံကိန်းချမှတ်ပြီးပြီဟုမဆိုနိုင်ပေ။ ယင်းပုံစံပါ အဆောက်အအုံ အကောင်အထည်ပေါ်လာရန်-
(၁) ဘာတွေလုပ်မည်
(၂) ဘယ်သူကဘာတာဝန်ကိုယူမည်
(၃) ဘယ်နေရာမှာတာဝန်ယူလုပ်ကိုင်မည်
(၄) ဘယ်အချိန်မှာလုပ်ကိုင်မည်
(၅) ဘယ်လိုလုပ်ကိုင်ရမည်
(၆) ဘာကြောင့်လုပ်ကိုင်ရန်လိုသည် ဟူသောအချက်အလက်များကိုပါ ပူးတွဲဖော်ပြပေးမှသာ ပြည့်စုံသောစီမံကိန်းတစ်ရပ်ဖြစ်လာပြီး ရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် လုပ်ကိုင်ဆောင်ရွက် နိုင်ပေမည်။
စီမံကိန်းချမှတ်ခြင်းကို အဖွဲ့အစည်းရှိအဆင့်တိုင်းတွင် အဆက်မပြတ်လုပ်ကိုင်နေရပါသည်။ အနာဂတ်တွင် လုပ်ကိုင်ရမည့် လုပ်ငန်းများအတွက်သာလျှင် စီမံကိန်းချ၍ရပါသည်။ ယခင်ဆောင်ရွက် ခဲ့ပြီးသော လုပ်ငန်းများနှင့် ယခုမျက်မှောက်အချိန်တွင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းများ အတွက် စီမံကိန်းချမှတ်၍ မရပါ။ ထို့ကြောင့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရန် မပြုမီ စီမံကိန်းချမှတ်ရပါသည်။

စီမံကိန်းချမှတ်ခြင်းကို အဖွဲ့အစည်းရှိအဆင့်တိုင်းတွင် အဆက်မပြတ်လုပ်ကိုင်နေရပါသည်။ အနာဂတ်တွင် လုပ်ကိုင်ရမည့် လုပ်ငန်းများအတွက်သာလျှင် စီမံကိန်းချ၍ရပါသည်။ ယခင်ဆောင်ရွက် ခဲ့ပြီးသော လုပ်ငန်းများနှင့် ယခုမျက်မှောက်အချိန်တွင် ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းများ အတွက် စီမံကိန်းချမှတ်၍ မရပါ။ ထို့ကြောင့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရန် မပြုမီ စီမံကိန်းချမှတ်ရပါသည်။
လုပ်ငန်းတစ်ခုလုပ်ကိုင်မည်ဆိုလျှင် စီမံကိန်းချမှတ်ရာ၌ အစပထမတွင် အချိန်ကြာပြီး လူပင်ပန်းငွေကုန်သော်လည်း လုပ်ငန်းအကောင်အထည်ဖော်ရာ၌ မူ ငွေကုန်သက်သာ လူလည်း မပင်ပန်းပဲ အချိန်တိုအတွင်း အောင်မြင်မှု ရနိုင်စွမ်းရှိရန်များပါသည်။
စီမံခန့်ခွဲသောပုဂ္ဂိုလ်တစ်ဦးသည် ထိန်းချုပ်မှုကို အကန့်အသတ်မရှိ လုပ်ကိုင်နိုင်ခြင်းမရှိပေ။ ယင်း၏ ထိန်းချုပ်မှုမှာ အကန့်သတ်ရှိပါသည်။ အထက်အုပ်ချုပ်သောအပိုင်းက ပုဂ္ဂိုလ်များသည် ဉာဏ်ဖြင့်စဉ်းစား၍ လုပ်ရသောတာဝန်များနှင့် စီမံကိန်းများကို လုပ်ကိုင်နေရသောကြောင့် နေ့စဉ် သမားရိုးကျလုပ်နေရသော လုပ်ငန်းအတွက် အချိန်အနည်းငယ်သာ ပေးနိုင်ကျပါသည်။ ထိန်းချုပ်နိုင် သောလက်အောက်ခံ အရာထမ်း အမှုထမ်း အရေအတွက်မှာလဲ နည်းပါသည်။ လုပ်ငန်းဌာနတစ်ခုတွင် အောက်အဆင့်သို့ ရောက်သွားလေလေ သမားရိုးကျလုပ်ရသော တာဝန်များလာလေလေဖြစ်ပြီး အသိဉာဏ် အသုံးပြုရသောလုပ်ငန်း နည်းပါးလာပါသည်။ ထို့ကြောင့် အောက်အဆင့်နိမ့်လေ ထိန်းချုပ်နိုင်သော ငယ်သားဦးရေများလာလေဖြစ်ပါသည်။

စီမံခန့်ခွဲသောပုဂ္ဂိုလ်များသည် လှုံ့ဆော်ခြင်း ( Motivating) အတတ်ပညာကိုလည်းတတ်‌မြောက် ရပါမည်။ ကာယ ဉာဏ လုပ်သားများအား အလုပ်ပေါ် စိတ်ပါဝင်စားအောင် အာရုံစိုက်မှုရှိအောင် စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်စွမ်းအားရှိရပါမည်။ လုပ်သားများကို လုပ်ငန်းခွင်တွင် စိတ်ပါဝင်စားအောင် လှုံ့ဆော်ပေးနိုင်ပါက ကုန်ထုတ်စွမ်းအားတိုးတက်စေခြင်း၊ လုပ်သားများ စိတ်ကျေနပ်မှု ရှိခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ထူးထူးချွန်ချွန် ဆောင်ရွက်ခြင်းများကိုရရှိစေနိုင်ပါသည်။ ထိပ်တန်းခေါင်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်အချက်က စေ့ဆော်ပေးပါသလဲဆိုသော မေးခွန်းအတွက် အဖြေကတော့ နောက်လိုက်ကောင်းတွေကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် နောက်လိုက်ကောင်းတို့ ရဲ့ရင့်ဖို့၊ ယုံကြည်စိတ်ချရဖို့၊ ရိုးသားကျဖို့ အားသွန်ခွန်စိုက် လုပ်ချင်လာအောင် လှုံ့ဆော်ပေးနိုင်ရမှာဖြစ်ပါသည်။

ချမှတ်ထားသောစီမံကိန်း မည်မျှပင်ကောင်းစေကာမူ လက်တွေ့ဆောင်ရွက်ရာတွင် စီမံကိန်းနှင့်အတိအကျ ကိုက်ညီမှုရှိသည်ကို တွေ့ရခဲပါသည်။ စီမံကိန်းနှင့်ပါတ်သက်၍သော် လည်းကောင်း၊ ဖွဲ့စည်းခြင်းနှင့်ပါတ်သက်၍သော်လည်းကောင်း၊ လှုံ့ဆော်ခြင်းနှင့်ပါတ်သက်၍ သော်လည်းကောင်း၊ ယင်းသုံးခုစလုံးနှင့်ပါတ်သက်၍သော်လည်းကောင်း ချွတ်ယွင်းချက်များ တွေ့ရှိနိုင်ပါသည်။ ချွတ်ယွင်းချက်များရှိမရှိသိရှိရန်နှင့် ယင်းချွတ်ယွင်းချက်များ၏ အကြောင်းရင်းကို သိရှိနိုင်ရန် လုပ်ငန်းထိန်းချုပ်ကွပ်ကဲရန် လိုပါသည်။ စီမံထားသည့်အတိုင်း လက်တွေ့ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်းသည် ထိန်းချုပ်ကွပ်ကဲမှုနှင့်သက်ဆိုင်ပါသည်။ စီမံကိန်းနှင့် လက်တွေ့ဆောင်ရွက်မှု ကိုက်ညီခြင်းရှိမရှိ စစ်ဆေးကြည့်ခြင်းသည် ထိန်းချုပ်ခြင်းဖြစ်၍ စီမံကိန်းနှင့်ကိုက်ညီအောင်လုပ်ခြင်းသည်ကွပ်ကဲခြင်းဖြစ်၏။ ကွပ်ကဲခြင်းမရှိ ပါက ထိန်းချုပ်မှုသည် မပြည့်စုံပေ။ ထိန်းချုပ်ရာ၌ လက်တွေ့ဆောင်ရွက်မှုသည် သတ်မှတ်ထားသောစံနှင့် ကိုက်ညီမှု ရှိမရှိဆန်းစစ်ကြည့်ခြင်းဖြစ်ပါသည်။ သတ်မှတ်ထားသော စံဆိုသည်မှာ အာဏာပိုင်အဖွဲ့တစ်ခုက သတ်မှတ်ပေးထားသော အတိုင်းအတာတစ်ခုဖြစ်ပါသည်။ အရေအတွက် အရည်အသွေး ကုန်ကျစရိတ်နှင့် အချိန်တို့ကို တိုင်းတာနိုင်ပါသည်။ ယင်းတို့ကို ထိန်းချုပ်နိုင်ပါသည်။ ထိန်းချုပ်ရာ၌ လုပ်ငန်းဌာန၏ ရည်မှန်းချက်ပန်တိုင်နှင့် ကျင့်သုံးသောမူဝါဒ အပေါ် အမှီပြု၍ စံသတ်မှတ်ရပါသည်။ ထို့နောက် လက်တွေ့ဆောင်ရွက်မှုကို သတ်မှတ်ထားသော ဆောင်ရွက်မှုစံချိန်နှင့် နှိုင်းယှဉ်ရပါသည်။ တိမ်းစောင်မှုများရှိပါက မည်မျှတိမ်းစောင်းမှုရှိသည်၊ မည်သည့်အကြောင်းကြောင့်တိမ်းစောင်းမှုရှိသည်၊ မည်သို့မည်ပုံ ပြုပြင်ရမည်ကို ဆုံးဖြတ်ရပါသည်။ ထိန်းချုပ်ကွပ်ကဲမှုတာဝန်ကို ယူရန်လွယ်ကူပါသည်။ ကျင့်သုံးရာမူမလွယ်ကူပေ။

ထိန်းချုပ်ကွပ်ကဲခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ စီမံကိန်းနှင့်လက်တွေ့ လုပ်ကိုင်မှု အတိမ်းအစောင်းနဲပါးစေခြင်း၊ ချွတ်ယွင်းချက်များကို ဖယ်ရှားပေးနိုင်ခြင်း နှင့် တက်ညီလက်ညီ ဆောင်ရွက်နိုင်စေခြင်းများဖြစ်ပါသည်။
အဖွဲ့အစည်းတစ်ခုတွင် ရည်မှန်းချက်ပန်းတိုင်နှင့် ပါဝင်လုပ်အားပေးမည့်သူများ ရှိလင့်ကစား ဦးဆောင်မည့်သူမရှိပါက ရည်မှန်းချက်ပန်းတိုင်ကိ ုအကောင်အထည်ဖော်ရန် ခဲယဉ်းပါသည်။ လုပ်ငန်းအဖွဲ့အစည်း သို့မဟုတ် လူ့အဖွဲ့အစည်းများတွင် ခေါင်းဆောင်သူသည် စီမံခန့်ခွဲနိုင်သောအရည်အခြင်း ရှိရန်လိုပါသည်။ အဖွဲ့အစည်းတစ်ခုတွင် ရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီးသောအခါ ယင်းရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်ရာတွင် မည်သို့သော အဟန့်အတားများ၊ အခက်အခဲများ၊ အတားအဆီးများ၊ ပြဿနာများရှိမည်ကို သုံးသပ်ကြည့်ရန်လိုပါသည်။ သုံးသပ်ပြီး၍ သိရှိလာသောအခါ ယင်းအဟန့်အတား အခက်အခဲ အတားအဆီး နှင့် ပြဿများကို ကျော်လွန်‌ဖြေရှင်းနိုင်ရန် စီမံခန့်ခွဲ့မှု ( Management ) လိုလာပါတော့သည်။
စီမံခန့်ခွဲမှုဟူသည် ဆုံးဖြတ်မှုပေးခြင်းပင်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုလုံး၏ လုပ်ဆောင် ချက် ကဏ္ဍအားလုံးတွင် ဆုံးဖြတ်မှုပြုနေရပြီး ဆုံးဖြတ်မှုပြုခြင်း မရှိပါက စီမံခန့်ခွဲမှု အဓိက တာဝန်များကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
ဆုံးဖြတ်မှုပေးခြင်းဆိုတာကတော့ ကျင့်သုံးနိုင်သောနည်းလမ်း နှစ်ခု (သို့) နည်းလမ်း အသွယ်သွယ်အနက် နည်းလမ်းတစ်ခုကို ရွေးချယ်ပေးခြင်း ဖြစ်ပါသည်။ စီမံခန်ခွဲသောပုဂ္ဂိုလ် သည် စံနှင့်လွဲချော်နေခြင်း (သို့) ဖြစ်သင့်သည်နှင့် ဖြစ်နေသည်တို့ လွဲချော်နေခြင်း တနည်းအားဖြင့် သတ်မှတ်ထားသောရည်မှန်းချက်များ၊ ဓလေ့ထုံးတမ်း ဥပဒေအမိန့်ညွှန်ကြားချက်များနှင့် ကွဲလွဲနေခြင်းဟူသော ပြဿနာများဖြစ်ပေါ်လာပါကလဲ ချက်ခြင်း‌ဖြေရှင်းပေးနိုင်ရပါမည်။ ဆုံးဖြတ်မှုပြုခြင်းကို အချိန်ယူဆုံးဖြတ်နိုင်သော်လည်း ပြဿနာကိုမူ စောင့်ဆိုင်း၍မရပဲ ချက်ခြင်း‌ဖြေရှင်းပေးနိုင်ရပါမည်။
လူ့ဘောင်လောကတွင် နေထိုင်ကျကုန်သော လူသားအပေါင်းတို့သည် စီမံခန့်ခွဲခြင်းနှင့် ကင်းလွတ်သောသူ မည်သူတစ်ဦးတစ်ယောက်မှ မရှိပေ။ အရာရာတိုင်းတွင် စီမံခန့်ခွဲမှုက ဦးဆောင်နေတတ်ပါတယ်။ လူတို့၏ဘဝ ရှုထောင့်အားလုံးတွင် ပါဝင်နေပါသည်။ သို့သော် မိမိရဲ့ဘဝကို စနစ်တကျ စီမံခန့်ခွဲတတ်သူ နှင့် စီမံခန့်ခွဲခြင်းကို အလေးထားမဆောင်ရွက်သူတ့ို့၏ ဘဝလူနေမှု အဆင့်အတန်းသည် များစွာကွာခြားခဲ့ရပေသည်။ ယနေ့ကမ္ဘာမှာ ထိပ်ဆုံးရောက် နေသူများရဲ့ အကြောင်းကို နဲနဲလောက် သင်လေ့လာကြည့်လိုက်ပါ ။ သူတို့ဘဝကို ဘယ်လိုရည်မှန်း ချက်တွေနဲ့ တည်ဆောက်ခဲ့သလဲ ငယ်စဉ်အခါထဲက မိဘကဘယ်လို ထိန်းကျောင်းပေးခဲ့သလဲ ..............
သူတို့လျှောက်လှမ်းခဲ့ရသော လမ်းတလျှောက်မှာ စီမံခန့်ခွဲမှုတွေ မပါဝင်ပါဘူး၊ စီမံခန့်ခွဲမှုဟာ အရေးမပါပါဘူးလို့ သင်ငြင်းဆိုနိုင်ပါမည်လော.....

Reference : သင်တန်းတွင် သင်ကြားခဲ့ရသော မှတ်စုများအား ကိုးကားပါသည်။



MTZO




အရောင်များကိုခွဲခြမ်းစိတ်ဖြာခြင်း






နေရာတိုင်း၊ သက်ရှိ သက်မဲ့ အရာဝတု္တတိုင်း၌ အရောင်အသွေး ဟူသည်တော့ ရှိကြစမြဲပင်။ ကျွန်တော်တို့ ရှင်သန်ရာဘဝ၊ ပတ်ဝန်းကျင်၊ အရာခပ်သိမ်းတို့သည် အရောင်အမျိုးမျိုးနှင့် ကင်းလွတ်နိုင်စွမ်းမရှိနိုင်ချေ။ အထွေထွေ အပြားပြားသော အရောင်တို့ကြောင့် ကျွန်တော်တို့၏ စိတ်ခံစားမှုကို အပြောင်းအလဲများ ဖြစ်စေနိုင်ပါသလား။ အရောင်တိုင်း၏ လျှို့ဝှက်ချက်၊ ပင်ကိုယ်ဂုဏ်သတ္တိများ အကြောင်းကိုတော့ ကျွန်တော်တို့အားလုံး ခံစားမိဖို့ လွယ်ကူပါရဲ့လား Huh?။ ကျွန်တော်တို့ ခံစားမိသော အရောင်များ၏ ဂုဏ်သတ္တိများကတော့ အချိန် နေရာ လူမျိုးအလိုက် ကွဲပြားနေမည်သာ။ အနောက်တိုင်းယဉ်ကျေးမှု တစ်ခုတည်း၌ပင် ခေတ်စနစ် ပြောင်းလဲသည်နှင့် အမျှ အရောင်တို့အပေါ် အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုချက် များရှိခဲ့သည် မဟုတ်ပါလား။ သို့အတွက် designer တစ်ဦးအဖို့ အရောင်များကို ခွဲခြမ်းစိတ်ဖြာရင်း ကျွန်တော်တို့၏ ခံစားမှုများ၊ လူမှု ဘ၀ အလေ့အထများကို လေ့လာဖို့တော့ လိုပါဦးမည်လေ...။

အမဲရောင်
သြဇာအာဏနှင့် စွမ်းရည်၏ အဓိပ္ပါယ်ကို အမဲရောင်ကဖော်ဆောင်သည်။ ၎င်းအရောင်သည ်ဝတ်ဆင်ထားသည့် လူ၏ခန္ဓာကိုယ်ကို ကျစ်လစ်ပြီး ပိုမိုပေါ်လွင်စေသောကြောင့် ဝတ်စားဆင်ယင်မှုတွင် ရေပန်းစားလာခဲ့သည်။ တစ်နည်းအားဖြင့် ခေတ်ဆန်ပြီး ထာဝရ အဓိပ္ပါယ်ကို ရည်ညွှန်းသည်။
ထိုအပြင် အမဲရောင်သည် တင်းသွင်းချက်၏ ကျိုးကြောင်းဆက်စပ်မှုကို ညွှန်ပြသည်။ ထာဝရဘုရားသခင်သို့ နာခံခြင်းသဘောက ိုဆောင်ရန် ခရစ်ယန်ဘုန်းကြီးများသည် အမဲရောင်ကိ ုဝတ်ဆင်သည်။ ကျွမ်းကျင်သောဖက်ရှင်ပညာရှင်များ၏ အဆိုအရ အမဲရောင် ဝတ်ဆင်ထားသည့် အမျိုးသမီးသည် အရှုံးပေးခြင်းကို မိမိနှစ်သက်သော အမျိုးသား အားသွယ်ဝိုက်ညွှန်းဆိုသည်။ အမဲရောင်က ိုအခါအားလျော်စွာ ဝတ်ဆင်ရသောဝတ်စုံအဖြစ် ဝတ်ဆင်ထားသူသည် ပြင်းထန်းလွန်းသော ခံစားမှု (သို့) တသီးတခြားနေသည့် သဘော(သို့)အနိဋ္ဌာရုံ၏သဘောကိုဆောင်သည်။ Dracula ကဲ့သို လူဆိုးများသည်မကြာခဏ အမဲရောင်ကိုဝတ်ဆင်ကြပါသည်။

အဖြူရောင်
ရိုးသားမှုနှင့် အပြစ်ကင်းသော သင်္ကေတဆောင်ရန် သတို့သမီးသည် အဖြူရောင်ကို ဝတ်ဆင်ကြသည်။ အဖြူ၏ အလင်းရောင်ပြန်ဟပ်မှုကို နွေရာသီအတွက်ထည့်သွင်းစဉ်းစားပြီး ၎င်းအရောင်ကိုသုံးသည်။ ဖက်ရှင်ခေတ်တွင် အလှဆင်ရာတွင် အဖြူရောင်သည် ရေပန်းစားလာခဲ့သည်။အရောင်နုသောကြောင့် အခြားမည်သည့်အရောင်နှင့်မဆို တွဲဖက်ပြီး ဝတ်ဆင်ပါက အရာရာ ပြီးပြည့်စုံသွားသည်။ သို့သော်ငြားလည်း အဖြူရောင်သည် အခြားအရောင်ထက် အညစ်အကြေးက ိုသန်ရှင်းအောင် ထိန်းသိမ်းဖို့ခက်သည်ဟု ညွှန်ပြသည်။ ဆရာဝန်များနှင့် သူနာပြုများသည် အဖြူကိုဝတ်ဆင်ခြင်းဖြင့် ရောဂါပိုးများကင်းစင်စေရန် ရည်ရွယ်သည်။

အနီရောင်
အနီရောင်သည် ပြင်းထန်သောစိတ်လှုပ်ရှားထိခိုက်လွယ်သည့် ခံစားချက်အများဆုံး ပေးနိုင်မှုအရောင်ဖြစ်ပြီး နှလုံးခုန်ခြင်းနှင့် အသက်ရှူခြင်းတို့ကို ပိုမြန်စေသည့်အသွင်ကို ဆောင်သည်။ အချစ်၏ခိုင်မြဲခြင်းမှတ်တိုင်ကို ကိုယ်စားပြုသောအရောင်လည်းဖြစ်သည်။
၎င်းအရောင်ဝတ်ဆင်ထားသူသည်ပိုမိုထင်ရှားပြီးအများအသိမှတ်ခြင်းခံရသည်။
ထူးကဲလွန်းတောက်ပလွန်းသည့်အတွက် ထိပ်တိုက်ရင်ဆိုင်ခြင်း (သို့) စေ့စပ်ဆွေးနွေးခြင်းများတွင် အနီရောင်အဝတ်အထည်ကို အသုံးပြုပြီး အလှဆင်မြန်းထားသော်လည်း လူတွေကိုကူညီအောင်စွမ်းဆောင်နိုင်မှုကား မပေးနိုင်ပါ။ သူခိုးများအတွက် ခေတ်စား၍ လူကြိုက်များသော် အနီရောင်ကားသည် ပစ်မှတ်ဖြစ်သည်။ အလှအပတန်ဆာဆင်ရာတွင် ထင်ရှားပေါ်လွင်စေသည့်အတွက် အသုံးများကြသည်။ အိမ်တွင်းအလှဆင်သူများ၏ အဆိုအရ အနီရောင်ပရိဘောဂပစ္စည်းများသည် ကျက်သရေမင်္ဂလာရှိပြီး ဂန္ဓာဝင်ဆန်သည့်အတွက် အထူးဂရုပြုမိအောင် ဆွဲဆောင်ဖန်စားနိုင်ရန် အသုံးပြုကြသည်။ စိတ်ကူးယဉ်ဆန်သော၊ ကြည်နူးဖွယ်ရာ အများဆုံးပေးနိုင်သည့် အရောင်ဖြစ်ပြီးပန်ရောင်ထက်ပိုပြီး ငြိမ်သက်စေသည်။ အားကစားအဖွဲ့များတွင် အသင်းသားများ၏ အဝတ်လဲခန်း၌ အနီရောင်ဖြင့် ဆေးခြယ်ကြခြင်းဖြင့် ဆန်ကျင်ဖက်အဖွဲ့ကို အလဲထိုးအနိုင်ယူမည့်ဟုသော ဆောင်ပုဒ်ဖြင့် မျှော်လင့်ချက်ရောင်ခြည်သန်းရောင်ရန်နှင့် ပြိုင်ဖက်၏စွမ်းအင်ကိုအားပျော့စေသည်။

အပြာရောင်
အပြာရောင်သည် ကောင်းကင်နှင့်သမုဒ္ဒရာ၏အရောင်ကို ကိုယ်စားပြုပြီး၊ လူကြိုက်အများဆုံး အရောင်တစ်ခုလဲဖြစ်သည်။
အနီရောင်နှင့် ဆန်ကျင်ဖက်တုံ့ပြန်ချက်အကြောင်းတရားကိ ုဖြစ်စေသည်။ ၎င်းအရောင်သည် ငြိမ်သက်အေးချမ်းမှု ပေးနိုင်သောကြောင့် ခန္ဓာကိုယ်၏အကျိုးသက်ရောက်စေသည့် ဓာတုဗေဒဓတ်ကို ငြိမ်ချမ်းစွာ ပိုမို ထွက်ရှိစေ ပြီး စိတ်ငြိမ်သက်စေပါသည်။ ထိုကြောင့် အိပ်ခန်းများတွင် မကြာခဏသုံးသည်။ တနည်းအားဖြင့်ဆိုသော် ၎င်းအရောင်သည် ဝမ်းနည်းညှိုးငယ်စေသော၊ ခံစားမှုမပါသောအဓိပ္ပါယ်ကို ဆောင်ပြန်သည်။ ဖက်ရှင်အတိုင်ပင်ခံပုဂ္ဂိုလ်များ၏ အကြံပေးချက်အရ လူတွေ့မေးမြန်းခြင်းသွားသည့်အခါ သစ္စာခံယူခြင်းသင်္ကေတဖြစ်သည့် အပြာရောင်ကို ဝတ်ဆင်သင်သည်။ အပြာရောင်အခန်းတွင်း၌ လူအများသည် ပိုမိုလုပ်နိုင်စွမ်းရည်ရှိကြသည်။ အလေးမသမားသည် အပြာရောင် လေကျင့်ခန်းအတွင်း ပိုမိုလေးလံသော အလေးချိန် ကိုကိုင်တွယ်နိုင်သည်ဟု ဘာသာရပ်များတွင် ပြသထားသည်။

အစိမ်းရောင်
အစိမ်းရောင်သည် လက်ရှိလူကြိုက်အများဆုံး အိမ်တွင်းအလှဆင်ရာတွင် အသုံးပြုသည့်အရောင်ဖြစ်ပြီး သဘာဝသင်္ကေတကို ကိုယ်စားပြုသည်။ ၎င်းအရောင်သည် အလွယ်ကူဆုံးမြင်နိုင်သည့်အရောင်ဖြစ်ပြီး စိတ်ကူးစိတ်သန်းဉာဏ်အမြှော်မြင်ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သည်။ ထိုအပြင် စိတ်ကြည်လန်းဆန်းစေသည်။ စိတ်လက်အပန်းဖြေရန် အစိမ်းရောင်အခန်းတွင်းထိုင်ပြီး ရုပ်မြင်သံကြားစောင့်ကြည့်ကြပါသည်။ လူနာများ ကျန်းမာပျော်ရွှင်ပြီး သက်တောင့်သက်သာရှိစေရန်ရည်ရွယ်၍ ဆေးရုံများတွင် အစိမ်းရောင်ကိုသုံးသည်။ ပျော်ရွှင်ခြင်းသင်္ကေတကိုဆောင်ရန် လူလတ်ပိုင်းသတို့သမီးသည် အစိမ်းရောင်ကိုဝတ်ဆင်ကြသည်။ အစိမ်းရင့်ရောင်သည် တည်ကြည်ခြင်း၊ ထိန်းသိန်းစော့င်ရှောက်နိုင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းကို ရည်ညွှန်းသည်။ မည်သိုပင်ဖြစ်စေကာမှု ဖက်ရှင်ဒီဇိုင်း အကြို ပြပွဲများတွင် ကြောက်ရွံခြင်းဘေးအန္တာရယ်အတွက် ကံဆိုးတွေကိုယူလာသည်ဟု ယုံကြည်ကြ၍ အပ်ချုပ်သမများသည် အစိမ်းရောင်အပ်ချီကို သုံးရန် ငြင်းဆိုကြသည်။

အဝါရောင်
အဝါရောင်သည် စိတ်ကြည်နူးဖွယ်ရာ ရွှင်လန်းတက်ကြွသော အထူးဂရုပြုခြင်းကို ပိုမိုရရှိသည်။ အဝါရောင်အခန်းတွင်း၌ လူတွေ၏ဒေါသကို လျောပါးစေပြီး ကလေးများပိုငိုမှုကိ ုဖြစ်သည်။ ၎င်းအရောင်သည် အကောင်းဘက်မှ ထည့်သွင်းစဉ်းစားပြီး ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါသည်။ ထိုကြောင့် ပိုမိုသုံးစွဲခဲလျှင် မျက်စိတွင် ကြည်ရတာယဉ်ပါးဖိုခဲယဉ်းစေသည်။ သမာဓိအားပိုကောင်းစေရန် ဥပဒေရေးရာများတွင် အသုံးများလာသည်။ သက်ရှိကိုယ်တွင်း၌ ဖြစ်ပျက်မှု လျင်မြန်နှုန်း လည်းဘဲကောင်းပါ၏။

ခရမ်းရောင်
အရောင်၏တော်ဝင်နန်းစံသည့် ဂယက်အနက်ရှိပြီး ဓနဥစ္စာဇိမ်ခံပစ္စည်းများ၏ ဆန်ပြားလှသည် ဒီဇိုင်းလက်ရာများတွင်တွေ့ရသည်။ ၎င်းးအရောင်သည် စိတ်ကူးယဉ်ဆန်ပြီး ယစ်မူးအောင်ဖန်စားနိုင်သည်။ ရှားပါးသောသဘာဝအရောင်အဖြစ် တွေ့ရခဲပြီး ပြုပြင်ဖန်တီးထားသောအရောင်ဖြင့်သာ မြင်ရသည်။

အညိုရောင်
သဘာဝမြေပြင်၏ အလွန်ပေါများသော အစိုင်အခဲအဖြစ် ယုံကြည်စိတ်ချတွေ မြင်နိုင်ပါသည်။ အညိုဖျော့ရောင်သည် စစ်မှန်ခြင်းကိုညွှန်ပြ၍၊ အညိုရောင်ရင့်သည် သစ်သား (သို့) သားရေအရောင်နှင့်ဆင်တူသည်ကို အများကလက်ခံနိုင်ကြပါပြီ။ ၎င်းအရောင်သည် ဝမ်းနည်းကြေကွဲခြင်း၊ တစ်သသဖြစ်စေပါသည်။ ယောကျာ်းလေးများ နှင့်ပို၍၊ လိုက်ဖက်သော အကြိုက်ဆုံးအရောင်အဖြစ် ပြောကြပါ၏။

အလံ၏အရောင်
အမေရိကန်နိုင်ငံ၏အလံသည် သန့်စင်ခြင်းနှင့် အပြစ်ကင်းရန်အတွက် မပြိုလဲဘဲတည်ရှိသည့် အရောင်အဖြစ် ကိုယ်စားပြူသည်။
အနီရောင်ရဲစွမ်းသတ္တိနှင့် ခံနိုင်ရည်စွမ်းရှိသည်။ အပြာရောင်သည် တရားမျှတခြင်း၊ ဇွဲကောင်းခြင်း၊ သတိဝီရိယရှိခြင်း သဘောကို ဆောင်သည်။ ကြယ်သည် မိုးကောင်းကင်နှင့် လူအများ၏ အကောင်းဆုံးလက်ရာဖန်တီးစဉ်တွင် ကြိုးပမ်းစွာ ဆောက်ရွက်ခဲ့သည် အစိတ်အပိုင်းတစ်ခု၏ ရောင်ခြည်တန်း အဖြစ်ကိုယ်စားပြုသည်။

စားချင့်စဖွယ်စဉ်းစားရန်အကြောင်း။

ဖြူပြာရောင်သည် လူကြိုက်အများဆုံးအရောင်သာမက အနည်းဆုံး စားချင့်စဖွယ်အရောင်လည်း ဖြစ်သည်။ သဘာဝအစားစာများတွင် အပြာရောင်သည် ရှားပါးသည်။ အစားအစာသုတေသနရှင်များ၏အဆိုအရ အဆိပ်ဖြစ်သော အစားစာများ၊ ပုပ်သိုးသောအစားစာများ ရှောင်ကြဉ်ရန် သိနားလည်ရမည်။
အပြာ၊ အမဲ(သို့)ခရမ်းရောင်စသည့် မည်သည့်အရောင်ဖြစ်စေ၊ ဆိုးဆေးကိုအသုံးပြုထားသော အစားအစာများကို စားသုံးသောအ
ခါစားချင်စိတ်ကိ ုလျော့နည်းစေကြောင်းကို လေ့လာသင့်သည်။
အစိမ်းရောင်၊ အညိုရောင်နှင့် အနီရောင်များသည် လူကြိုက်အများဆုံးအစားစာများ၏ အရောင်များဖြစ်သည်။
စားသောက်ဆိုင်များတွင် အစားအသောက်တည်ခင်းရန် အစားအစာများ၏ အစီအစဉ်ကို အနီရောင်ကိုသုံးခြင်းဖြင့် စားချင်စဖွယ်အာသီသကိ ုဖြစ်ပေါ်စေပါသည်။



MTZO

အိမ်တွင်းအလှဆင် ဒီဇိုင်းပညာရှင်






အဆောက်အဦးတစ်ခု၏နံရံ၊ ပြတင်းပေါက်၊တံခါး အတွင်းပိုင်းမည်သည့် နေရာမျိုး မဆိုတွေ့ရသော ပရိဘောတပ်ဆင်ခင်းကျင်းပြသမူ နှင့် အလင်းရောင်အလှဆင်ခြင်းတို့သည် အိမ်တွင်းအလှဆင် ပညာ၏ အဓိကလုပ်ငန်းပင်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် သုံးစွဲသူ အဆောက်အဦးပိုင်ရှင်များအတွက် ပိုမိုလှပ ခေတ်မှီအောင် အိမ်တွင်းအလှဒီဇိုင်းပညာရှင်များက အသက်ဝင်အောင် အသေးစိတ် စိတ်တိုင်းကျဖန်တီး တီထွင်ပေးနေပါသည်။
အများပြည်သူများနေထိုင်ရာဂေဟာများ၊ ဆေးရုံများ ၊ကျောင်းများ၊အသင်းအဖွဲနှင့်ဆိုင်သောနေရာများ နှင့်ဟိုတယ်၏ အတွင်းပိုင်းနေရာများကို အိမ်တွင်းအလှဒီဇိုင်းပညာရှင်များက ဒီဇိုင်းရေးဆွဲပေးနေကြပါသည်။ အိမ်တွင်းအလှ တန်ဆာဆင်မှု ဆိုသည်မှာ ပရိဘောဂ၊ ကြမ်းခင်း၊ ပြတင်းပေါက်ဖွဲစည်းပုံ၊ အလင်းရောင် ၊စသည့်ဖြင့် ပြီးပြည့်စုံအောင် အလှဆင်ရာတွင်၊ အနေအထားနှင့် ကာလာရွေးချယ်မှု ရှုပ်ထွေးမှု မရှိအောင် တိကျပြတ်သားသော အနုပညာလက်ရာဖြစ်ပါသည်။ ယခုအခါအဆောက်အအုံများ၊ ကြမ်းခင်းနှင့် အိမ်တွင်းပြုပြင်မွှမ်းမံခြင်းများ ဆောင်ရွက်ရာတွင် စံသတ်မှတ်ချက်တစ်ခုအဖြစ် အိမ်တွင်းအလှဒီဇိုင်းပညာရှင်များက ဗိသုကာဆိုင်ရာ အနုစိတ်မွှမ်းမံမှုတွင ပါဝင်ရာမည့်အချက်အလက်များကို မဖြစ်မနေ အကျွမ်းတဝင် ယဉ်ပါးရမည်ပင်ဖြစ်ပါသည်။ ထုတ်လုပ်မှုပုံစံကို ရသပညာနှင့် အလှအပဓလေ့ထုံးစံတို့နှင့် ဆိုင်သော ပြုပြင်မွှမ်းမံမှုအပြင် သဘာဝပတ်ဝန်းကျင်နှင့် ဗိသုကာပညာ၏ရှုထောင့်များဖြင့် အိမ်တွင်းအလှဒီဇိုင်းကို ရေးဆွဲကြပါသည်။ အိမ်တွင်းအလှဒီဇိုင်း ဖန်တီးမှုလက်ရာသည် အိမ်တွင်းအလှဒီဇိုင်းပညာရှင်များ၏ အလုပ်ပင်ဖြစ်ပါသည်။

မွမ်းမံမှုဒီဇိုင်း၏ လမ်းကြောင်းများ၊ ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်လုပ်မှုဒီဇိုင်း စာရွက်စာတမ်းများသည် အယူအဆပေါ်အခြေတည်သော ဦးတည်ချက်ကို အခိုင်အမာသက်သေပြသည့် အိမ်တွင်းအလှဒီဇိုင်းဖန်တီးနိုင်မှု၏ လက်တွေ့ လုပ်ငန်းဖြစ်သော ပိုင်းခြားစိတ်ဖြာညွှန်ကြားချက်ဖြင့် သတင်းအချက်အလက် ပေးနိုင်သည့်ပရိုရမ်တစ်ခုဖြစ်သည်။

ရုံးခန်းများ၊ ကျောင်းအတွင်းတည်ဆောက်ပေးခြင်း၊ ဆေးရုံအတွင်းအခန်းများပြုလုပ်ပေးခြင်း၊ ဧည်ခံပြုစုခြင်း၊ ဆေးကုသမှု ဌာနနှင့်ဆိုင်သော အဖွဲအစည်းပုံစံများံ၊ နေရာကောင်းတစ်ခု၏ ပုံစံအကျယ်အဝန်းပမာဏအတွင်း အခြားအကြောင်းအရာများနှင့် အချို့ဖွံဖြိုးဆဲကျွှမ်းကျင်မှုများ ပေါင်းစပ်ပြီး အိမ်တွင်းအလှ ဒီဇိုင်းပညာရှင်များသည် လူနေထိုင်သောရပ်ကွက်၊ ကုန်သွယ်မှု နှင့်ဆိုင်သော နေရာပုံစံ စသဖြင့် ပိုင်းခြားသတ်မှတ်ပြီး အထူးပြူ အိမ်တွင်း အလှဒီဇိုင်း၏ပညာ၏ စည်ကမ်းများကို လိုက်နာ ဆောာင်ရွက်ခြင်းဖြင့် အကူအညီပေးကြပါသည်။
ဒီဇိုင်းပညာရှင်များသည် များပြားသော ကန်သတ်ချက်နှင့် ကျွမ်းကျင်မှု အစွမ်းအစကို အတတ်ပညာရှင် အားလုံး၏ အထူးပြုမှု နယ်ပယ်သာမက အုပ်ချုပ်မှုစည်းမျဉ်းအားဖြင့် စီရင်ပိုင်ခွင့်တွင် အတတ်ပညာရှင်က မည်သည့်နေရာမဆိုသိနားလည်ရမည်။ ဒီဇိုင်းပညာရှင်များသည် အကျိုးသက်ရောက်မှုရရှိရန် အထူးကျွှမ်းကျင်မှုထောက်ခံချက် ကိုယ်ပိုင်အဖွဲအစည်းအားဖြင့် ပေးနိုင်သည့် ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်။ အိမ်တွင်းအလှဒီဇိုင်းပညာရှင်များသည် ပတ်ဝန်းကျင်နှင့် စွမ်းအင်ဦးဆောင်မှု ဒီဇိုင်းပညာစစ်ဆေးခြင်းကို လက်ခံခြင်းအားဖြင့် အဆောက်အအုံ၏ ဆောက်လုပ်မှု ဧရိယာအတွင်း ခံနိုင်သော ဖြေရှင်းနည်းအတွက် တရားဝင်အသိအမှတ်ပြုမှု ရရှိရမည်။ အိမ်တွင်းအလှဒီဇိုင်း ပညာရှင်များသည် အဆက်မပြတ် ပြောင်းလဲတိုးတက်ကြီးထွားခြင်းကို စိတ်အာရုံမှာ အထူးသဖြင့် နစ်မြုပ်ထားနိုင်မှုနှင့်လည်း သက်ဆိုင်ရမည်။ တိုးတက်လာသည့် လူနေမှုအဆင့်အတန်းနှင့်အညီ အဆောက်အဦး၏ ပုံစံထုတ်ရာတွင် အကျိုးသက်ရောက်မှုရရှိစေရန် ကျန်းမာရေးဆိုင်ရာရှုထောင်မှ နားလည်ရန်လွယ်သောအကြောင်းအချက်များ ထည်သွင်းစဉ်းစားပြီး သက်ကြီးရွယ်အို လူဦးရေများ၏ နေထိုင်လျက်ရှိသောပတ်ဝန်းကျင်တိုးတက်မှု အချက်အချာ ကြအောင်နေရာချထားရမည်။ အိမ်တွင်းအလှ ဒီဇိုင်းပုံစံသည် သက်ရှိများနေထိုင်ရာအတွင်းပိုင်း နေရာဖန်တီးရာတွင် တိကျပြတ်သားသော အပြောင်းအလဲကို စိတ်ဝင်စားမှုကောင်းအောင်လည်းကောင်း၊ သက်ဆိုင်ရာရှုထောင့်မှ တိုးတက်ပြောင်းလဲလာသောခေတ်နှင့် ညီညွှတ် တင့်တယ်သော စွမ်းဆောင်မှု ကြောင့် လည်းကောင်း အားပေး ထောက်ခံမှုရရှိလာသည်။
အိမ်တွင်းအလှဒီဇိုင်းလုပ်ငန်း၏ နည်းလမ်းများအဆင့်အတန်းမှာ ကျယ်ဝန်း၏။ ပါဝင်သောအချိုနည်းလမ်းများမှာ ဖွဲစည်း တည်ဆောက်ပုံ၊ လုပ်းငန်း၊ အထူးစွမ်းဆောင်မှု၊ အထူးလိုအပ်သောအုပ်စု အသက်မွေးယဉ်ကျေးမှုနှင့်ဆိုင်သော ပါဝင်ပတ်ခြင်း၊ ရသပညာ၊ အတတ်ပညာဆိုင်ရာ၊ ကြော်ငြာ၊ လူမှုရေး၊ လက်မှုပညာ တင်ပြပုံ ကျွမ်းကျင်မှု ကွန်ပြုတာ နည်းပညာစီးပွားရေး လုပ်ငန်းအတွက် လိုအပ်သည့်စည်းကမ်း၊ သိပ်ပံနှင့်နည်းပညာ၊ ပညာရေး နှစ်ခုလုံးလိုအပ်သည့် ကွဲပြားခြားနားသော နည်းလမ်းများ အကျုံးဝင်စေသည်။ အောက်ပါစာရင်းသည် များပြားသောအိမ်တွင်းအလှဒီဇိုင်းကို ကောင်းကောင်းမွန်မွန်ဘယ်လိုဘယ်နည်းလုပ်ဆောင်ရမည်ကို ပြသသည်။ ၎င်းအပြင် အဆောက်အဦးပုံစံနှင့် စပ်လျဉ်းသော ထပ်တူဖြစ်သော လုပ်ငန်းလည်းဖြစ်ပါသည်။ ပထမအဆင့်မှာ ဖောက်သည်၏ ရည်မှန်းချက်ကို ဝင်ငွေထွက်ငွေစာရင်း၏ အချိန်အလျောက် လုပ်ရမည့်လုပ်ငန်းစဉ် ဖန်တီးသည်။ တစ်နည်းအားဖြင့် လုပ်ငန်းစဉ်စပ်လျဉ်းသော ရှင်းလင်းမှာကြားချက်ဟုလည်းခေါ်သည်။
အိမ်ပိုင်ရှင်ဖောက်သည်များအတွက် ဝင်ငွေတိုးတက်အောင် အမြဲတမ်းနီးပါး သူတို့၏အိမ်ကို ပြန်ရောင်းရမည့်ဈေးကို ထည့်သွင်းစဉ်းစားကာ ၎င်းတို့အတွက် ရည်မှန်းချက်ကိုထားရှိရမည်။ မည်သည့် ပုံကိုမဆို ပုံကြမ်းစီမံချက်၏ ကုန်ကျစရိတ်ကို အကြမ်းဖျင်းဖော်ပြရမည်။ ဖြည့်သွင်းရမည်အချက်အလက်များ စီစဉ်သတ်မှတ်ပြဌာန်းပြီးနောက ဒီဇိုင်းပညာရှင်များသည် လက်တွေ့ပစ္စည်းများဖြင့် အိမ်တွင်းအလှဆင်သောအခါ ၎င်းကုန်ကျစရိတ်ကိုခန့်မှန်းသည်။ အမြတ်အစွန်း နယ်နိမိတ်စီမံချက် အဖိုးအခကို ရှင်းလင်းပြုလုပ်ပေးရသည်။ ပုံဆွဲခြင်းလုပ်ငန်းသည် မြေတိုင်းပုံကြမ်း၏ အသေးစိတ်တည်ဆဲနေရာ မည်သည့်ဒီဇိုင်းမဆို ဦးစားပေးဖိုလိုအပ်ပါသည်။ ပထမဆုံး အလွန်အရေးကြီးစုံစမ်းရေးကော်မရှင်၏ စီမံကိန်းအပေါ် တည်ရှိသည့် နေရာမရှိခဲ့လျှင် ဖန်တီးဖို့ လိုအပ်ပါသည်။
ယနေ့ဒီဇိုင်းပညာရှင်များသည် ကွန်ပြုတာဖြင့်ဒီဇိုင်းထုတ်ခြင်းပြုလုပ်သော်လည်း လက်ဆွဲပုံကြမ်းပညာ၏ ထူးခြားသော ပင်ကိုအရည်အသွေးသည်လည်း တန်ဖိုး ရှိနေသေးပါသည်။ ကွန်ပြုတာဖြင့်ဒီဇိုင်းထုတ်ခြင်းသည် ပရိုရမ်သုံးနေကြဖြစ်သောဆက်သွေးခြင်း ဒီဇိုင်းအဖြေရှင်း လက်တွေကျခြင်း၊ သဘာဝကျခြင်း၊ ရှုခင်း၊ မြင်းကွင်းမျိုးစုံရှုထောင့်
ယင်းပရိုရမ် လက်ဆွဲပုံကြမ်း၏ အချိန်ကြာမြင်စွာရေးဆွဲရခြင်းကိုဖယ်ထုတ်ပေးသည်။
ဖော်ပြပါ မြေတိုင်းပုံစံနှင့် လုပ်ငန်း အစပိုင်းအယူအဆဖောက်သည်၏ ထောက်ခံချက်လည်း ရှိရမည်။ ၎င်းတို့၏ အတည်ပြူချက်ကို ရရှိခဲ့လျှင်ကြမ်းပြင်စီမံချက်စတင်လုပ်ဆောင်ပြီးနောက်အသေးစိတ်ဖော်ပြသော ပြင်ဆင်မှု အားလုံးကို ပရိဘောကတပ်ဆင်ခြင်းဖြင့် အချောသပ်သည်။ ပြတင်းပေါက်များ၊ တံခါးများကို သင့်တော်သောနေရာများတွင်နေရာပြန်လည်ချထားရမည်။ ထိုကြောင့်အိမ်တွင်းအလှဆင်ခြင်း နှင့်အတူ အပြင်ဘက်အတွက်လည်း အဆောက်အအုံ၏ အနီးစပ်ဆုံးသောအရာ ကိုလည်း ထည့်သွင်းစဉ်းစားရမည့် အဓိကအရေးကြီးသည်။ ပင်ကိုအားဖြင့် လက်တွေကိုင်တွယ်ဝယ်ယူခြင်း၊ ရယူခြင်း ကုန်ကျစရိတ်ကို ခန့်မှန်းကိုင်တွယ်ဖြေရှင်းရမည့် အခန်းတစ်ရပ်အဖြစ် နေရာယူလာသည်။ များပြားသော ဒီဇိုင်းတွေသည် အသေးစိတ်တိကျသော ဖော်ပြချက်ပါရှိသည်။ လုပ်ငန်းများဆောင်ရွက်ရန် ဈေးနှုန်းကမ်းလှမ်းချက် နောက်ဆုံးတွင် အဆောက်အဦးကန်ထရိုက်များက အသုံးပြုသည်။ ဖြည့်ဆည်းတပ်ဆင်ပေးသော ကန်ထရိုက်များ ဖောက်သည်များအတွက ်ပြီးပြည့်စုံသောဒီဇိုင်းဟု ခေါ်ပါသည်။
အသေးစိတ် ပြီးပြည့်စုံံအောင် ဒီဇိုင်း၏တည်နေရာအဆင့်တိုင်း မွမ်းမံပြီးရန် လများစွာ သို့မဟုတ် နှစ်များစွာကြာမြင့်ပါသည်။ အိမ်တွင်းအလှ ဒီဇိုင်းအသက်မွေးမှုလုပ်ငန်း၏ လုပ်ငန်းခွင်အခြေအနေနှင့် အလုပ်ခန့်ထားခြင်းနေရာ၏အပြောင်းအလဲသည် ြက်ီးမားသော စီးပွားရေးလုပ်ငန်းတွင် ဌားရမ်းထားသော ဒီဇိုင်းပညာရှင်များ ပုံမှန်နေ့စဉ် အလုပ်ချိန်အတွင်း လုပ်ဆောင်ခြင်းဖြင့် ပံပိုးပေးသည်။ အသေးစား စီပွားရေးလုပ်ငန်းများအတွက် သဘောတူစာချုပ်ဖြင့်လည်းကောင်း၊ ပုံမှန်လစာဖြင့်လည်းကောင်း၊ ဒီဇိုင်းပညာရှင်များကလုပ်ဆောင်ပေးသည်။ ဖောက်သည်များ၏လိုအပ်ချက်အပေါ်မူတည်ပြီး ရုံးပိတ်များ၊ ညနေပိုင်းတွင် အလုပ်ချိန်အပို ဆင်းပေးခြင်းဖြင့် ရလဒ်ကောင်းရရှိရန် သူတို့၏ အလုပ်ချိန်ကို သင့်တော်အောင်ညှိနှိုင်ပေးသည်။ ပုံမှန်အားဖြင့် ကိုယ်ပိုင်အလုပ်ချိန် အများဆုံး လုပ်ပေးရသည်။ လုပ်ငန်းအတွက် အပြန်အလှန် သတ်မှတ်ထားသော နောက်ဆုံးရက်အလေးပေးမှု အောက်မှာ ဖောက်သည်များနှင့် တွေဆုံပြီး လိုအပ်ချက်များ ဆောက်ရွက်ပေးရသည်။ ဖောက်သည်များ၏ ဝင်ငွေတိုးတက်အောင် စိတ်အပင်ပန်းခံပြီး အဆုံးအဖြတ်ပေးရသည်။ ထင်ရှားသောနေရာများကို ခရီးသွားခြင်းဖြင့်၎င်း၊ အလုပ်ခန်း သို့မဟုတ်၊ ဖောက်သည်၏ နေအိမ်နှင့်ရုံးခန်းများသို့ မကြာခဏသွားပေးရပါသည်။ ကွန်ပြုတာ၏ နည်းပညာအကူအညီရယူပြီး ဖောက်သည်များဖြင့် တိုက်ရိုက်ဆက်သွယ်ရာတွင် ရွေးချယ်စရာနည်းလမ်း ပိုမိုလွယ်ကူပြီး လိုအပ်ချက်ကိုရရှိခြင်းဖြင့် ခရီးသွားမှုကိုလျော့နည်းစေပါသည်။



MTZO

စကားပြောသော မျဉ်းကြောင်းလေးများ



ကျွန်တော့ဆရာတယောက်ကစကားတခွန်းပြောဖူးပါတယ် "သန့်ဇင် ကိုယ်ဆွဲလိုက်တဲ့ မျဉ်းတကြောင်းဟာ တည်ဆောက်တဲ့နေရာမှာ ခက်ခဲနိုင်သလို အဲဒီမျဉ်းတကြောင်းခြင်းစီမှာ အဓိပ္ပါယ်တမျိုးစီရှိတယ်။ အဲဒီမျဉ်းတကြောင်း စီမှာရှိတဲ့ နေရာအသီးသီးဟာ လူ့ရဲ့ ခံစားမှုအာရုံကြောင့် သရုပ်လက္ခဏာ တနည်းအားဖြင့် ခံစားမှု ဖြစ်ပေါ်လာတယ်" တဲ့။ ကျွန်တော်တို့ မျဉ်းတကြောင်းစီရဲ့ အဓိပ္ပါယ်တခုချင်းကို မစဉ်းစားခင် မျဉ်းဆိုတာကို အရင်စဉ်းစားကြည့်ရအောင်လားဗျာ။

မျဉ်းဆိုတာက ဟင်းလင်းပြင်မှာရှိတဲ့ အမှတ်နှစ်ခုကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတခုပါပဲ။ အဲဒီမျဉ်းတွေဟာ အကြမ်းအားဖြင့် တည်နေပုံ လေးမျိုးရှိကြတယ်။

၁/ အလျားလိုက်တည်နေခြင်း (Horizontal Direction)
၂/ ဒေါင်လိုက်တည်နေခြင်း (Vertical Direction)
၃/ ဝဲဖက်သို့ ယိုင်၍ တည်နေခြင်း (Left Oblique) နဲ့
၄/ယာဖက်သို့ ယိုင်၍ တည်နေခြင်း (Right Oblique) တို့ပဲ ဖြစ်ပါတယ်။

အဲဒီလေးမျိုးမှာမှ အခြေခံအားဖြင့် မျဉ်းနှစ်မျိုး ထပ်ပြီးခွဲနိုင်တယ်။
၁/ မျဉ်းဖြောင့် (Straight Line) နဲ့
၂/ မျဉ်းကောက် (Curve Line) တို့ပဲ ဖြစ်ပါတယ်။

မျဉ်းကြောင်းတွေဟာ အလွန်ရှင်းလင်းတိကျတဲ့ အကျိုးသက်ရောက်မှုတွေရှိကြတယ်။ တိကျတဲ့ အဓိပ္ပါယ် တနည်းအားဖြင့် ထင်မြင်ချက်မပါပဲ အဲဒီမျဉ်းတကြောင်းကို စာရွက်ပေါ်မှာ ရေးဆွဲလို့ မရပါဘူး။
ကဲ ဒါဆို အဲဒီမျဉ်းတကြောင်းစီရဲ့ အဓိပ္ပါယ်တွေကို လေ့လာကြည့် ကြရအောင်နော်။

မျဉ်းဖြောင့် (Straight Line)



လျင်မြန် သွက်လက် အားရှိ ခိုင်မာတတ်တဲ့ သဘောကိ ုဆောင်ပါတယ်တဲ့။

မျဉ်းမတ် (Vertical Line)


ဖြောင့်မတ် တည်ကြည်ခန့်ငြား ထည်ဝါခြင်း မြင့်မြတ်ခြင်း သက်ဝင်တည်ငြိမ်တဲ့သဘောတို့ ကို ဆောင်ပါတယ်တဲ့။

မျဉ်းစောင်း (ယိုင်) (Oblique Line)

လှုပ်ရှားဆွဲငင် တွန်းကန်ပေါက်ကွဲတတ်တဲ့သဘော ကျဆင်းလှုပ်ရှားခြင်း ခုန်ပြန်လှုပ်ရှားခြင်း ခုန်ခြင်းသဘော တို့ ကို ဆောင်ပါတယ်တဲ့။


မျဉ်းကာက် (Curve Line) 


ငိမ့်ညောင်းသာယာ ပျင်းရိ ငြီးငွေ့ လေးကန်နှေးကွေး ထိုင်းမှိုင်းတတ်တဲ့သဘော ပြင်းထန်တဲ့ လှုပ်ရှားမှုကို ဖော်ကျူးတဲ့ လေတိုက်ခံရတဲ့ သစ်ပင် တိမ်များ ကမ်းခြေကိုတိုက်ခတ်လာတဲ့ လှိုင်းများလို ပြင်းထန်လာမှု သဘောတို့ကို ဆောင်ပါတယ်တဲ့။

မျဉ်းခုံး (Concave Line)



အမြင့်သဘောဆောင် ငြိမ်သက်ငြိမ့်ညောင်းတဲ့သဘော တို့ ကို ဆောင်ပါတယ်တဲ့။

မျဉ်းခွက် (Convex Line)

အနက်သဘောဆောင် လှုပ်ရှားသွက်လက်မှုသဘောရှိ မှုတို့ ကို ဆောင်ပါတယ်တဲ့။
အဲဒီ မျဉ်းခုံးနဲ့ မျဉ်းခွက် နှစ်ခုကိုပေါင်းစပ်လိုက်မယ်ဆိုရင် တည်ငြိမ်ခန့်ငြား ဂုဏ်သရေရှိ စွမ်းအားပါပြီး အလှအပဖွဲ့ ပန်းချီဆန်သော (Hogarth's line of beauty) မျဉ်းကို ရရှိပါတယ်တဲ့။






စက်ဝိုင်း (Circle)

ဆုံးစမရှိ လည်ပတ်သောသဘော ကြီးမား ကျယ်ဝန်း ညီမျှချင်းသဘော တို့ ကို ဆောင်ပါတယ်တဲ့။

ပတ်ရစ်၍တက်သောမျဉ်း (Spiral)



ဆုံးစမရှိ ကွေ့ဝှိုက်၍တက်သွားသည်။

ဖြာထွက်သောမျဉ်း (Radiation Line)





သွက်လက်လှုပ်ရှားပြောင်းလဲမှု စုစည်းခြင်းသဘောဆောင် စမ်းရေပန်း(Fountain) ကြီးထွားပေါက်ရောက်မှု(Grow) နေရောင်ခြည် (Sunlight) ဘီးထောက်တံများ (Spokes of a wheel) အာရုံစူးစိုက်မှု (Concentration of a given spot)

မျဉ်းပြိုင် (Parallel Line)




မျဉ်းပြိုင်များဟာ တကြောင်းနဲ့တကြောင်းမဖြတ် ဖြတ်စရာနေရာမရှိ။

မြှားချွန်သဏ္ဍာန်ပါသောမျဉ်း (Pointed Arrow Line)




၎င်းမျဉ်းသည် အမြန်ဆုံးနှင့် အမြန်ဆုံးသဘာဝကိုပြဆိုသည်။

ထောင့်ဖြတ်မျဉ်းကျိုး(Broken Diagonal)

လျင်မြန်စွာလုပ်ဆောင်မှုသဘောဆောင် ထောင့်ဖြတ်မျဉ်းတစ်ကြောင်းကို အခြားမျဉ်းတစ်ကြောင်းကဖြတ်သွားပြီး ထောင့်ဖြတ်မျဉ်းကျိုး ဖြစ်ပေါ်သည်။ လျှပ်စီးလက်ကြောင်း LIGHTING

စုစည်းစုဆုံသောမျဉ်း(Converging line)




၎င်းမျဉ်းများသည် စက္ခုအာရုံ အဆုံးတိုင်ရောက်အောင်(ခရီးလမ်းဆုံး) သယ်ဆောင်သွားနိုင်သည်။ ထိုးထွက်လာသောမျဉ်းများသည်အဆုံးအထိ တွန်းပို့ကာလက်စတုံးရက်စဲသည်။

ဆန့်ကျင်ဘက်မျဉ်းများ (opposite line)



၎င်းမျဉ်းများသည်တည်မြဲမှုရှိသည်။

ခုန်သောမျဉ်းများ (Jump Line)

၎င်းမျဉ်းများသည် အသိအာရုံရှုပ်ထွေးကာ လှုပ်ရှားပြောင်းလဲမှု ဖြစ်ပေါ်စေသည်။

ဒါတင်မကသေးပါဘူး။ မျဉ်းတွေမှာ ဝိသေသလက္ခဏာ (The Meaning Of Line) (၇) ရပ် ရှိပါသေးတယ်။

၁/ မျဉ်းကြောင်းတ့ိုသည် ၎င်းတို၏ သဘောသဘာဝ အနက်အဓိပ္ပါယ် တို့ကိုဖော်ဆောင်သည်။





၂/ ဧရိယာ အကျယ်အဝန်း ကွက်လပ် အရွယ်အစားတိုကို ပိုင်းခြား သတ်မှတ်သည်။



3/ မိမိဖော်ပြလိုသော စိတ်ကူး အကြံအစည်နှင့် အကြောင်းအရာအချက်အလက်များကို အမှတ်သကေတများဖြင့် ပုံဖော်နိုင်သည်။
    


၄/ သတ်မှတ်ထားသော အစွန်းအနားမျဉ်းကြောင်းများဖြင့် ပုံသဏ္ဍန်များ ထုထည်များကို သတ်မှတ်ပုံဖော်နိုင်သည်။


၅/ မိမိဖော်ပြလိုသောနေရာသို စိတ်အာရုံစူးရောက်စေရန် မျဉ်းကြောင်းများဖြင့် ဖော်ဆောင်နိုင်စွမ်းရှိသည်။



၆/ ဒီဇိုင်းပုံစံလှပမှုများကို မျဉ်းကြောင်းများဖြင့်စီစဉ်ချမှတ်၍ အလှဆင်ဖန်တီးတီထွင်နိုင်သည်။


၇/ အသွေးနုရင့်အဆင့်ဆင့် (Tone) ကို မျဉ်းကြောင်းများဖြင့် ဖော်ပြဆောင်ရွက်နိုင်သည်။
 




အခုလောက်ဆို မျဉ်း -----အကွေ့ အဝိုက် အဖြောင့် အကောက် အယိုင် အနွဲ့ အဝန်းအဝှိုက် သူ့ သဏ္ဍန် သူ့ဟန်အသီးသီးရဲ့ညွှန်းဆိုဖေါ်ပြမှု အတွင်းသဘောကို အတော်အသင့် တော့လေးကျက်မိကြလောက်ပါပြီ...
ကိုယ်တိုင်ဟာ..ဘယ်မျဉ်းလို အဓိပ္ပါယ်နဲ့ ဘယ်လိုလျှို့ဝှက်နေသလဲ ဆန်းစစ်ကြည့်ပြန်တော့ စိတ်ဝင်စားစရာကောင်းလွန်းနေပါတယ်..
သင်ရော.......
ဘယ်လို မျဉ်းတစ်ကြောင်းလဲ....... ? ? ?
ကျွန်တော်ရော...................... ? ? ?
ဘယ်လိုမျဉ်းများလဲ................. ? ? ?
ဘာပဲပြောပြော...ဘယ်လိုမျဉ်းပဲဖြစ်ဖြစ် ဥိးတည်ရာကတော့ဖြင့် ရှိနေခဲ့ကြပါတယ်လေ...။

လေ့လာမိသလောက် ပြန်လည်ဝေမျှတာပါ။ အသေးစိတ် လေ့လာမယ်ဆိုရင် အောက်က Links များမှာသွားရောက်လေ့လာနိုင်ပါတယ်။

References :1: Wikipedia
      2: အခြေခံပန်းချီပညာ (ဦးကျော်သူရိန်)
          ပန်းချီပန်းပုကျောင်း၊ရန်ကုန်
      3:  ပန်းချီးရေးရာနှင့်ပုံဆွဲအခြေခံများ
          (အောင်မြတ်ဌေး)
      4: http://ardictionary.com/Line/3381
      5: http://desktoppub.about.com/cs/designelements/a/linesintro.htm
      6: http://www.linearchitecture.com/blog
      7: http://raggedclothcafe.com/2008/02/21/hogarths-line-of-beauty/



MTZO 


အရောင်နှိုင်းယှဉ်ခြင်းဆိုတာ ဘာလဲ?


နှိုင်းယှဉ်ခြင်းဆိုသည့် စကားလုံးကို ရှုထောင့်အမြင်မျိုးစုံ မှ အဓိပါ္ပယ်ဖွင့်ဆိုထားကြပါတယ်။ အဘိဓာန်တွေထဲမှာ အရောင်နှိုင်းယှဉ်ခြင်း ကို မတူညီသော အရာဝထ္ထုများ၊ အရောင်များကို ကပ်ညှိထားခြင်း ( အရောင်၊ အသံ၊ ခံစားမှုအနုပညာ၊ ပန်းချီကားတစ်ချပ် ဓာတ်ပုံ ရုပ်မြင်သံကြား တို့ဧ။် အလင်းဆုံးနှင့် အမှောင်ဆုံး အပိုင်းများအကြား ကွာခြားမှု Degree) လို့ ဖွင့်ဆိုထားပါတယ်။ အရာဝထ္ထု နှစ်ခု ကိုကွဲပြားစွာ နှိုင်းယှဉ်ရန်အတွက် လူ သို့မဟုတ် အရာဝထ္ထု တို့၏  မတူညီသော အရည်အသွေးများကို နေရာချင်းနှိုင်းယှဉ်ခြင်းပဲ ဖြစ်ပါတယ်။



ဒီပုံမှာ လူအုပ်ရဲ့ အရောင်ဟာ မီးခိုးရောင် အခဲ အပြင်လို ဖြစ်နေတာကြောင့် ဒီအဖြူ ၊ အမဲ ဓာတ်ပုံဟာ အသေးစိတ်ဖတ်နိုင်ဖို့ ခက်ခဲတာကို တွေ့ရပါတယ်။ ကျွန်တော်တို့တွေ မြင်တွေ့ရတဲ့ နောက်ဆုံးရလဒ်ကတော့ အဖြူ၊ မီးခိုးရင့်ရောင် နဲ့ ရုပ်လုံးမကြွ တဲ့ စိတ်ဝင်စားစရာ မကောင်းသော ပုံတစ်ပုံ ပါပဲ။

နောက်တစ်ပုံ ကိုကြည့်မယ်ဆိုရင်တော့ ဖန်တီးရှင်က ဒီမီးဖိုချောင်ထဲက ရှုပ်ထွေးတဲ့ ဒီဇိုင်းနဲ့ ပုံဖော်ထားတဲ့ ဘီဒိုတွေကို ပေါ်လွင်စေဖို့ နံရံ နဲ့ ကြမ်းခင်းအတွက် မီးသွေးရင့်ရောင် ကိုသုံးထားပြီး ဘီဒိုတွေကိုတော့ နို့နှစ်ရောင် ခြယ်ပြီး မီးဖိုချောင်ရဲ့ ဖွဲ့စည်းမှုကို ထင်ရှားပေါ်လွင်စေတာ တွေ့ရပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ကောင်းမွန်မှန်ကန်တဲ့ အဖြူ၊ အနက် ပုံဟာ အရောင်နှိုင်းယှဉ်ထားတာကို အသိမှတ်ပြုစေတဲ့ ပြည့်စုံတဲ့ နည်းလမ်းပါ။ မှန်ကန်တဲ့ မှင်အရောင်တွေက ပုံရဲ့ အသေးစိတ်ကိုနှိုင်းယှဉ်ညှိနှိုင်း ရေးဆွဲပေးသွားခြင်း ဖြစ်ပါတယ်။



အရောင်နှိုင်းယှဉ်ခြင်း

စားကျက်စိမ်းကို နောက်ခံထားတဲ့ သိုးဖြူတစ်ကောင်၊ စိမ်းပြာရောင် ပင်လယ်ပြင်ပေါ် မှာ မြှုပ်ချည်ပေါ်ချည် ကစားနေသော တောက်ပတဲ့ လိမော်ရောင် အချက်ပြ ဘော်လုံးများ၊ ဆီးနှင်းတွေ ဖုံးအုပ်နေတဲ့ တောင်ကုန်းအောက်က ပေါ်ထွက်နေတဲ့ အနက်ရောင် ကျောက်ဆောင် အငူအစွန်းတွေ စသဖြင့် သဘာဝက နှိုင်းယှဉ်ပေးထားတဲ့ အရောင်တွေ ကို ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်တွေ့ နေရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့တွေ သင်ယူခဲ့ဖူးတဲ့ အရောင် နှင့် အရိပ် (အသံ) နှစ်ခု နှိုင်းယှဉ်ခြင်း ဖြစ်သလို အရာဝထ္ထု တစ်ခုရဲ့ ပုံစံ နဲ့ အသွင်အပြင်ကို နှိုင်းယှဉ်ခြင်း ဖြစ်ပါတယ်။


အနက်ရောင် ကျောက်တုံးများ နှင့် အဖြူရောင် ဆီးနှင်းများ အကြား မညီညာသော နှိုင်းယှဉ်မှု။

အကယ်လို့ အရာဝထ္ထု နှစ်ခုဟာ ပုံစံတူတဲ့ သွင်ပြင်သဏ္ဍန် ရှိပြီး တစ်ခုနဲ့တစ်ခု သိပ်နီးကပ် နေမယ်ဆိုရင် ပုံထွက် အရောင်ဟာ ပတ်ဝန်းကျင် က အရောင်တွေနဲ့ ရောစပ်သွားပြီး တခုကို တခု ခွဲခြား သိမြင်နိုင်ဖို့ အလွန်ကို ခက်ခဲပါတယ်။ ဒါဟာ နှိုင်းယှဥြ်ခင်း မဟုတ်ပါဘူး။ ဒါဟာ အိမ်တွင်းအလှဆင်မှု အပိုင်းမှာ ကျွန်တော်တို့ သဘောမတွေ့တဲ့ နေရာတွေကို ပုံဖျက်ဖို့အတွက်တော့ အလွန် အသုံးဝင်တာ တွေ့ရပါတယ်။



ကွန်ကရစ်ဖုံးလမ်း နှင့် အစိမ်းရောင်မြက်ခင်းပြင် နှစ်ခုကို နှိုင်းယှဉ်၍ သီးခြား ထိုင်ခုံနေရာ ဖန်တီးခြင်း။

ဥပမာ ။ ။ ခုန်တန်းလျားပေါ်မှ အညိုရောင် သစ်သားကြောင်အိမ် တံခါးရွက်ပုံ ပေါ်အောင် ဆေးသုပ်ထားခြင်း နဲ့ အရောင်ဖျော့ နံရံတွေ ဟာ အမြင်မှာ ကြီးမားတဲ့ ထားသိုစရာနေရာများ မှ နံရံ အတွင်း သို့ ဝင်ရောက်သွား သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေပြီး နှိုင်းယှဉ်ခြင်း လမ်းကြောင်းများကို ဖယ်ရှားထားပါတယ်။ ဒါကြောင့် အရောင်နှိုင်းယှဉ်ခြင်း ဟာ ဒီဇိုင်း နဲ့ တစ်စုံတစ်ရာ ကို ဖမ်းဆုပ် ပုံဖော်ညွှန်းဖို့ အတွက် အလွန် အသုံးဝင်သော ကိရိယာတန်ဆာပလာ တစ်ခု ဖြစ်ပါတယ်။



Reference: http://www.color.interiordezine.com/


MTZO



Designer မိတ်ဆက်


Interior Design ပညာရပ်ဟာလဲ အခြားသက်မွေးဝမ်းကျောင်းပညာရပ်တွေလိုပဲ လိုက်နာရမည့်ကျင့်ဝတ် စည်းကမ်းများရှိပါတယ်။ ဗိသုကာပညာရှင်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေလို ဒီဇိုင်းပညာရှင်များဟာလဲ အခြေခံကျကျ မလေ့လာမဆည်းပူးခဲ့ဘူးဆိုပါလျှင် အလုပ်အပ်နှံသူ (သို့) နေထိုင်သူများကို ခန္ဒာကိုယ် ထိခိုက်ဒဏ်ရာရနိုင်သလို ငွေကြေးဆုံးရှံးမှုများလဲ ရှိလာနိုင်မှာဖြစ်ပါတယ်။
ဥပမာ
ဆရာဝန်တစ်ယောက် ဆေးပေးမှားခဲ့ရင် လူတစ်ဦးသာ ဒုက္ခရောက်စေနိုင်ပါတယ်။ ရှေ့နေလျှောက်လွှဲချက်မှားခဲ့ပါကလဲ တစ်ဦးတစ်ယောက် (သို့) တစ်မိသားစုသာ ထိခိုက်နိုင်မှာဖြစ်ပါတယ်။ အင်ဂျင်နီယာ တွက်ချက်မှု လွှဲမှားခဲ့ပါက နစ်နာမှုတွေအများကြီးဖြစ်သွားနိုင်မှာဖြစ်ပါတယ်။
Interior Designers အများစုဟာ လုပ်ငန်းအပ်နှံသူများရဲ့ စီးပွါးရေး၊ အိမ်တွင်းရေးအခြေအနေများကို လုပ်ငန်းသဘာဝအရ သိရှိနေတတ်ကြပါတယ်။
ဥပမာ
လုပ်ငန်းအပ်နှံသူများဟာ သူတို့ရဲ့ စီပွါးရေးလုပ်ငန်းစီမံကိန်းသစ်တေ၊ွ စီပွါးရေးထိုဖောက်မှု နည်းလမ်းတွေကို လုပ်ငန်းနဲ့တိုက်ရိုက်ပတ်သက်နေသော Interior Designers များကို အသိပေးတတ်လေ့ ရှိပါတယ်။ Interior Designers များကလည်း လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကို အထူးအလေးထား လိုက်နာဆောင်ရွက်ရပါမယ်။ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကို မလိုက်နာခဲ့ဘူးဆိုပါက နှစ်ဦးနှစ်ဖက် သံသယ ဝင်စရာကိစ္စရပ်များ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
ဥပမာ
Interior designers များဟာ ပွဲစားများ၊ Contractors များဆီမှ ခင်မင်မှုအရ အသေးစားလက်ဆောင် ပစ္စည်းများကို လက်ခံရယူခြင်းမှစ၍ လုပ်ငန်းအပ်နှံသူများ၏ စိတ်ထဲမှာ နားလည်မှုများလွဲမှားပြီး သံသယ ဝင်စရာ အခြေအနေများဖြစ်ပေါ်လာနိုင်ပါတယ်၊ လုပ်ငန်းအပ်နှံသူများအနေ ဖြင့်လည်း Interior Designers များဟာ ပွဲစားများ၊ အဝယ်တော်များ၊ Contractors များနှင့် ပူးပေါင်းပြီး အပေးအယူ ပြုလုပ်လာမှာကို စိုးရိမ်တတ် ကြပါတယ်။ အသေးစား လက်ဆောင်ပစ္စည်းများအား လက်ခံခြင်းဟာပြဿနာ မဟုတ်ပေမဲ့ တန်ဖိုးကြီးပစ္စည်းများကို လက်ခံလာခြင်းဟာ Interior Designers များရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာ စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စရပ်မျိုးကို အထူးရှောင်ရှားရမှာဖြစ်ပါတယ်။

ဒီလိုပါပဲ လုပ်ငန်းအပ်နှံသူရဲ့ အကြိုက်တွေ့မှု၊ စိတ်ဝင်စားမှုများကို Interior Designers များဟာ အထူးအလေးထားဆောင်ရွက်ပေးကြရပါမယ် ကုန်ကျစရိတ်အနည်းဆုံး နှင့် ဝန်ဆောင်မှု အကောင်ဆုံးဖြစ်အောင် တာဝန်ယူလုပ်ဆောင်ပေးရသည်မှာ Interior Designers ရဲ့ဲ စွမ်းရည်ဖော်ပြချက်ပဲဖြစ်ပါတယ်။
အလုပ်အပ်နှံသူမှ လုပ်ငန်းအပေါ် ဆက်လက်လုပ်ဆောင်ရန်ဆန္ဒမရှိတော့ဘူး၊ ဆက်လက်ပြီးလက်တွဲလိုစိတ်မရှိတော့ဘူး မိမိရဲ့ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုမရှိတော့ဘူးဆိုပါက လုပ်ငန်းအား အချိန်မရွေး ရပ်ဆိုင်းခဲ့လျှင် Interior Designers များဟာ လက်ခံနိုင်ရမှာဖြစ်ပါတယ်။ Interior Designers များဟာ ကိုယ်ဖန်တီးလိုက်တဲ့ မှန်ကန်တဲ့ဒီဇိုင်း၊ အပြင်အဆင်များကို လုပ်ငန်းအပ်နှံသူရဲ့ အကျိုးကိုမျှော်မှန်ပြီး ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အလုပ်အပ်နှံသူမှ နှစ်ခါပြန်စောဒက မတက်ရလေအောင် အထူးအလေးထား ဆောင်ရွက်ပေးနိုင်ရမှာဖြစ်ပါတယ်။
Professional ဆိုတဲ့ကျွမ်းကျင်မှုဆိုတာ လုပ်ဆောင်သူရဲ့ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မှုများက ထင်ဟပ်ဖော်ပြပါတယ်။ သာမန်အားဖြင့် ကျွမ်းကျင်မှုအဆင့် လိုင်စင် (သို့) အသိအမှတ်ပြုလက်မှတ်များ လိုအပ်ပေမဲ့လည်း အမှန်တကယ် ဒီဇိုင်းပညာရှင်ရဲ့ လိုအပ်ချက်တွေဟာ ဒီထက်မက အများကြီးသာလွန်ပါတယ်။


MTZO

ဆန်းသစ်တီထွင် ဒီဇိုင်းပညာရှင်များ


ဗိသုကာပညာရပ်နှင့် ဒီဇိုင်း ပညာရပ်ကို လေ့လာတဲ့အခါမှာ ပညာရပ်ထဲကနေ ဒီဇိုင်းတွေကို လေ့လာရသလို ဒီဇိုင်နာ၊ ဗိသုကာများထံမှလည်း ဒီဇိုင်းတွေကို အပြန်အလှန် လေ့လာရကြောင်း ဖတ်မှတ်ဖူးပါသည်။
တိုးတက်လာသော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းနယ်ပယ်တွင် လူသားများသည် မိမိတို့ နေထိုင်လုပ်ကိုင်နေရသော အဆောက်အဦးများအား အမိုးအကာ လုံရုံဟူသော အနေအထားမျိုးတွင် ရောင့်ရဲ တင်းတိမ် မနေတော့ပဲ တစ်နေ့ထက်တစ်နေ့၊ တစ်ရာသီထက်တစ်ရာသီ ပိုမိုဆန်းသစ်သော အဆင်တန်ဆာ ဒီဇိုင်းများဖြင့် ဖန်တီးပြုလုပ်ရန် ဆန္ဒရှိလာကြပေသည်။ ရှေးခေတ် အတီတေကလည်း ရှေးခေတ်အလျောက်၊ တိုးတက်သော နည်းပညာခေတ်တွင်လည်း နည်းပညာ ဖန်တီးမှုများအလျောက် လူသားတို့၏ လိုအပ်ချက် စိတ်ဆန္ဒတို့မှာလည်း တစ်ဆထက်တစ်ဆ မြင့်မားလာကြပေသည်။ စင်စစ်အားဖြင့် ထိုအရာသည် ခေတ်၏ လိုအပ်ချက် မဟုတ်၊ စနစ်အတွက် လိုအပ်ချက်မဟုတ်၊  "လူ"ဆိုသော အသစ် အသစ်ကိုမှ ခုံမင်တတ်သော သဘောထားကြောင့် ဖြစ်ပေသည်။ လူသားတို့၏ အသစ်၊ အသစ်သော ဆန္ဒများနှင့် လိုလားချက်များအတွက်  ထိုထို လိုအပ်ချက်များကို ဝန်ဆောင်မှု အပြည့်အ၀ ပေးနိုင်ရန် မည်သည့်အရာများ လုပ်ဆောင်ရန် လိုအပ်ပါသနည်း...။
လုပ်ငန်းခွင်၏ စံသက်မှတ်ချက်များနှင့် ကိုက်ညီကာ ကျွမ်းကျင်သော အလုပ်သမားများ လိုအပ်လာပါသည်။ စနစ်တကျ လေ့လာသုံးသပ်မှုများဖြင့် ဝန်ဆောင်မှု ပေးနိုင်သော ပညာရှင်များ လိုအပ်လာပါသည်။  ဆန်းသစ်မှုသည် ကွဲလွဲမှု မဟုတ်၊ ကွဲလွဲခြင်းသည် ဆန်းသစ်ခြင်းမမည်။ နေရာ၊ ဒေသ၊ ကာလအလိုက် ကွဲပြားခြားနားလာသော လူသားတို့၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခြင်းသာ ဖြစ်ကောင်းဖြစ်ပါမည်။ လုပ်ငန်းရှင်များမှာလည်း အလားအလာရှိကာ လုပ်ငန်းခွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီသင့်တော့သည့် အလုပ်သမားများကို ရှာဖွေလာတတ်ကြသည်။ ၎င်းတို့သည် တိုးတက်လာသည့် အမြင်တို့နှင့်အညီ လူသားတစ်ဦးချင်းစီ၏ သီးသန့် ရွေးချယ်ခြင်းဟူသော သဘောထားကွဲလွဲခြင်းများကို သည်းခံညှိနှိုင်းကာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှု ရှိသော အဆောက်အုံများကို ဖန်တီးပေးနိုင်ကြရမည်။
ယခုလက်ရှိ ပြောင်းလဲနေသော နည်းပညာရပ်များက ဒီဇိုင်းပညာရှင်များအား အမြဲတစ်စေ တီထွင်ကြံဆနေစေရန် ဖိအားပေးလျှက်ရှိသည်။ ထို့ကြောင့် ဒီဇိုင်းပညာရှင်များသည် ပြောင်းလဲနေသော ခေတ်စနစ် အခြေအနေများကို မျက်ခြေအပျက်မခံပဲ အဆောက်အအုံတို့၏ ပြောင်းလဲခြင်းပုံစံ၊ ဖွဲ့စည်းတည်ဆောက်ပုံ ဆန်းသစ်မှု၊ ထပ်မံဖြည့်စွက်မည့် ပစ္စည်းများကို လူသားတို့၏ လိုအပ်ချက်နှင့် ထပ်တူကျအောင် အစဉ်တစိုက် ကြိုးပမ်းနေသင့်သည်။ ထို့အပြင် ဒီဇိုင်းပညာရှင်တစ်ယောက်သည် တစ်ခုခုကို ဖန်တီးသောနေရာတွင် တစ်ထပ်တည်းဖြစ်နေသော ရှုခင်းကိုပင် အမြင်ပြောင်းလဲပေးနိုင်စွမ်း ရှိရမည့်အပြင် စွန့်ပစ်ပစ္စည်းထဲမှပင် ဆန်းပြားသော အသစ်အဆန်းတစ်ခု အသွင်ကို ဖန်တီးကာ အစားထိုး အသုံးပြုနိုင်ရပေမည်။
ဒီဇိုင်းဆွဲသားခြင်းဟူသော အတတ်ပညာသည် အလျား၊ အနံ၊ အမြင့် ဟူသော ထုထည် ပမာဏများနှင့် ဆက်စပ်တွေးတော ကြံဆခြင်းဖြစ်သော်လည်း အချိန်ဟူသည့် အတိုင်းအတာ ပမာဏနှင့် အဆောက်အအုံများ၏ ဆက်စပ်မှုကိုလည်း ထည့်သွင့်စဉ်းစားနိုင်ရမည်။ သို့မှသာ သတ်မှတ်ထားသော အချိန်ကာလအတွင်း စိတ်ကြိုက် ဒီဇိုင်းကို တီထွင်နိုင်မှာ ဖြစ်သည်။
အဆောက်အအုံတစ်ခု၏ ထင်ရှားသော လက္ခဏာ အစိတ်အပိုင်း ( ၆ )ရပ်မှာ တည်နေရာ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကိုယ်ထည်အခွံ၊ ဝန်ဆောင်မှု၊ နေရာလွတ်နှင့် စီမံချက်တို့ ဖြစ်ပါသည်။ အိမ်တွင်းအလှဆင် ဒီဇိုင်းပညာရှင်များသည် နေရာလွတ်လပ်မှုနှင့် စီမံချက်အနေအထားတို့ကို အာရုံစူးစိုက်နေစဉ် ကျန်သော အချက်အလက်များအတွက် ကျိုးကြောင်းခိုင်လုံစွာ အကျိုးသက်ရောက်မှု ရှိစေရန်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေသည်။ ထိုသို့ စဉ်းစား တွေးခေါ်မှုများသည် လက်တွေ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အကောင်အထည် ဖော်နိုင်ရန်အတွက် အမြဲတစ်စေ လေ့လာ လေ့ကျင့်ထားရန် လိုအပ်ပါသည်။
ဒီဇိုင်းပညာရှင်တစ်ယောက်သည် စွယ်စုံရသော အတတ်ပညာရှင် တစ်ယောက်ဖြစ်ရန် မလိုအပ်သော်လည်း မိမိ၏ ဒီဇိုင်းနှင့် ပတ်သတ်ကာ အရာရာ အားလုံးကို ခြုံငုံ သုံးသပ်တတ်နိုင်ရပေမည်။ တိုးတက်နေသော ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ တိုးတက်လာသည်နှင့်အမျှ အဆောက်အဦးများ ပြွတ်သိပ်လာမှုကြောင့် လက်တွေ့အသုံးကျသော အယူအဆ၊ သဘောတရား နည်းများကို စဉ်းစားတွေးခေါ် နိုင်မှသာ ထူးချွှန်သော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ပေမည်။ ဒီဇိုင်းပညာရှင်တစ်ယောက် အနေဖြင့် ၅နှစ်စာအတွက် ပြသနာများကို ကြိုတင်တွေးတော အဖြေရှာဖွေရာတွင် ၅မိနစ်အတွင်း ဖြေရှင်းလိုက်သော ဖြစ်ကတတ်ဆန်း လုပ်ရပ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံမှာ မရှိမဖြစ် အရေးပါနေသော ဒီဇိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်ဖို့ ဆန်းပြားမှုကို ခုံမင်တတ်သော လူသားတို့၏ စံသတ်မှတ်ချက်များကို ပြည့်စုံအောင် ဖန်တီးပေးစေနိုင်ရန် ဆန်းသစ်သော အတတ်ပညာများကို ကျွမ်းကျင်မှုရှိရန် ကြိုးပမ်းရန် လိုအပ်လာပါသည်။
အထက်တွင် ဆိုထားခဲ့သော စကားလေးဖြင့် နိဂုံးချုပ်လိုပါသည်။
ဗိသုကာပညာရပ်နှင့် ဒီဇိုင်း ပညာရပ်ကို လေ့လာတဲ့အခါမှာ ပညာရပ်ထဲကနေ ဒီဇိုင်းတွေကို လေ့လာရသလို ဒီဇိုင်နာ၊ ဗိသုကာများထံမှလည်း ဒီဇိုင်းတွေကို အပြန်အလှန် လေ့လာရကြောင်း ဖတ်မှတ်ဖူးပါသည်။
ကျွန်တော်တို့ရဲ့ အရှေ့ အရှေ့မှ ပညာရှင်တွေ၊ သူရဲကောင်းတွေရဲ့ သမိုင်းတစ်နေရာမှာ ချန်ထားခဲ့တဲ့ ဒီဇိုင်းများကို လေ့လာရင်း ကျွန်တော်တို့တွေလည်း နောင်တစ်ချိန်မှာ စစ်မှန်တဲ့ ဒီဇိုင်းများကို ချန်ထားနိုင်ခဲ့သူများ ဖြစ်အောင် ကြိုးစားခြင်းဖြင့်  ကမ္ဘာကြီးအား လှသထက်လှအောင် အလှဆင်ကြပါစို့.....။   





 MTZO


Wednesday, September 7, 2011

သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)

သဘာဝမှ ပုံသဏ္ဍာန်များ(Shapes from nature)


ဗိသုကာ ဆိုင်ရာ ထုသွင် Forms များနှင့် ပုံသဏ္ဍာန် Shapes များဖြစ်တဲ့ အမျိုးမျိုးသော Cone, Cube, cylinder, sphere နှင့် pyramid အစရှိတဲ့ ပုံများအတွက် သဘာဝလောကကြီးဟာ စံပြုစရာ Model တစ်ခုလိုပါပဲ။ ထို့အပြင် ဂျီသြမေတြီ ပုံမဟုတ်တဲ့ ဗိသုကာ Forms များအတွက်လည်း သဘာဝတရားကြီးသာ အတုယူစရာ၊ နမူနာယူစရာ၊ Model ဖြစ်နေပါတယ်။ (ယူကလစ်ဒီရမ်) သဘာဝတရားဆိုတာ ဘာများပါလိမ့် ဆိုတဲ့ အမေးများရှိလာခဲ့မယ်ဆိုရင်... ဒီနေရာမှာ ရုပ်ဝတ္တုပိုင်း အားဖြင့် လူသားတို့ ဖန်တီးထားတာ မဟုတ်တဲ့ ကမ္ဘာမြေပြင်နှင့် ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်း အားလုံးကို ဆိုလိုပါတယ်။ ဥပမာ ဆိုရရင် နေ၊ လ၊ နက္ခတ် တာရာများ အပါအဝင် ကောင်းကင်ပြင်ကြီး နှင့် မိုးသား တိမ်လိပ်၊ တိမ်စိုင်များ။ ကမ္ဘာမြေပြင်ပေါ်ရှိ သစ်ပင်၊ ပန်းပင်၊ သစ်သီး၊ သစ်ဥ၊ သစ်ရွက်၊ သစ်ဖက် အစရှိတဲ့ အရာများ၊ ကျောက်တုံး၊ ကျောက်စိုင်၊ ကျောက်ခဲ အစရှိတဲ့ အရာများ၊ ပင်လယ်သမုဒ္ဒရာအတွင်း မှီတင်းနေထိုင်ကြတဲ့ ခရုခွံ၊ ကမာခွံ အစရှိတဲ့ သက်ရှိ နှင့် သက်မဲ့ရုပ်ကြွင်းများ။ လူသားနှင့် သက်ရှိတို့၏ ဖန်တီးမှုကြောင့် မဟုတ်ပဲ ဆန်းကြယ်သော သဘာ၀ ဖြစ်စဉ်အရ အလိုအလျှောက် ဖြစ်ပေါ်တည်ရှိနေတဲ့ အထက်ပါ အရာအားလုံးပါပဲ။ အဲဒီလို သဘာ၀ ပစ္စည်းတွေကနေ ကျနော်တို့အတွက် သစ်ဆန်းတဲ့ ဒီဇိုင်းတွေ ဖန်တီးနိုင်လာပါတယ်။ သေးငယ်တဲ့ အရာတွေကို အနီးကပ်လေ့လာကြည့်ခြင်း၊ ကြီးမားတဲ့ အရာတွေကို ဝေးကွာတဲ့ နေရာကနေ ကြည့်ခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေကနေ Shape, color, texture နှင့် Form အစရှိတဲ့ အရာတွေအတွက် အတွေးအမြင်တွေ ပုံဖော်ရရှိနိုင်ပါတယ်။
ကျနော်တို့ရဲ့ အင်္ကျ ီအဝတ်အစားများပေါ်သို့ကျရောက်လာတဲ့ နှင်းပွင့် နှင်းစက်ကလေးများကို မှန်ဘီလူးဖြင့် အဆချဲ့ကြည့်မည်ဆိုလျှင် အဲဒီနှင်းပွင့်လေးတွေဟာ တစ်ခုနှင့် တစ်ခု မတူညီပေမယ့် တူညီတဲ့ သဏ္ဍာန်ရှိနေတာကို တွေ့နိုင်မှာပါ။ ဥပမာဆိုရရင် ခြောက်ထောင့် ကြယ်ပုံစံကဲ့သို့သော ပုံစံလေးများ ဖြစ်ပေါ်နေတတ်ပါတယ်။ အဲဒီပုံလေးတွေဟာ ဗဟိုကနေ အပြင်ကို ဗဟုဂံပုံ အချိုးညီ ဖြာထွက်နေတဲ့ ပုံများလည်း ဖြစ်နေပါမယ်။ အဲဒီလို နှင်းပွင့် သဏ္ဍာန်လေးလိုပဲ ၁၂ ရာစုအလယ်ပိုင်းက Gothic cathedrals ဂိုးသစ် ဘုရားကျောင်းများမှာ (နှင်းဆီ ပြူတင်း) Rose windows များကို တပ်ဆင်ခဲ့ကြပါတယ်။
အောက်ကပုံမှာ ပြထားတဲ့ အီရက်နိုင်ငံမှာရှိတဲ့ Great Mosque of Samarra ဗလီဘုရားရှိခိုး ကျောင်းကြီးရဲ့ ခွေလိမ်ရစ်တတ်သွားသော ခရုပတ်ပုံ နှင့် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒေးလတ်စ် မြို့ (Dalas)ရှိ ဗိသုကာ Phillip Johnson နှင့် John Burgee တို့တည်ဆောက်ထားတဲ့ Thankisgiving square chapel ရဲ့ အပြင်ဒီဇိုင်းနှင့် အတွင်း ဒီဇိုင်းတို့ဟာ သဘာဝတရားက ဖန်တီးထားတဲ့ ပင်လယ်ခရု တစ်ခုရဲ့ သဏ္ဍာကို ရယူတည်ဆောက်ထားခြင်းပါ။
Great Mosque of Samarra
Thankisgiving square chapel
seashells(ပင်လယ်ခရုများ) အမေရိကန်လူမျိုး အင်ဂျင်နီယာ engineer, စာရေးဆရာ author, ဒီဇိုင်နာ designer, တီထွင်သူ inventor နှင့် စက်မှုစွမ်းအားနှင့် ပြင်းပြင်းထန်ထန် လှုပ်ရှားမှုကို အသားပေးသရုပ်ဖေါ်သော (၂ဝရာစု နှစ်ဦးပိုင်းမှ ) ပန်းချီပန်းပုအနုပညာရှင်(futurist) အစရှိတဲ့ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံတဲ့ Richard Buckminster “Bucky” Fuller (July 12, 1895 – July 1, 1983) ဟာ အဲဒီလို သဘာဝတရားရဲ့ပုံစံမှာ အိုင်ဒီယာ ရယူပြီး Godesic dome လို့ခေါ်တဲ့ Structure တစ်ခုကို ဒီဇိုင်းပြုလုပ်ခဲ့ပါတယ်။ သူရဲ့ ဒီဇိုင်းဟာ Alveoli cell တွေနှင့် ပုံသဏ္ဍာန် ဆင်တူတယ်လို့ ဆိုပါတယ်။ (ကျနော့အမြင်တော့ ပျားအုံပုံသဏ္ဍာန့် နဲ့ တူတယ်ထင်မိပါတယ်...။) သူ့အနေနဲ့ သူ့ရဲ့ ထုလုံးခုံးသံဗရာခြမ်းကြီးရဲ့ အခြေခံ အလုံးပုံစံရဖို့ ဖြောင့်တန်းတဲ့ ဆောက်လုပ်ရေး Material တွေ အသုံးပြုပြီး အလွယ်တကူ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေ ကြံဆတီထွင် စီစဉ်ပြုလုပ်ခဲ့ပါတယ်။
နောက်တစ်ခုက သြစတြီးယား နိုင်ငံရှိ ဆစ်ဒနီပြဇတ်ရုံ (The Opera House in Sydney, Austrila) ရဲ့ အမိုးတွေဟာ ခရုခွံနှင့် သဏ္ဍာန်တူ တည်ဆောက်ထားပါတယ်။
Andre' Morisseau တည်ဆောက်ထားတဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဈေးတစ်ခုမှာတော့ သမုဒ္ဒရာထဲမှာ တွေ့နိုင်တဲ့ ပင်လယ်ခရုဖြူတစ်မျိုးနှင့် သဏ္ဍာန်တူ ပါတယ်။ အောက်က ပုံတွေကို နှိုင်းယှဉ်ကြည့်ပါ။
White Shell
Market Place ,Royan, France; Andre' Morisseau ကျောက်တုံးကျောက်ဆောင်တွေဟာ သဘာ၀၀န်းကျင်မှာ အရေးပါတဲ့ အရာတခု ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်သားတွေကို အဆောက်အအုံ ဆောက်လုပ်တဲ့ ပစ္စည်းအဖြစ် အသုံးပြုထားတဲ့ အဆောက်အအုံတွေဟာ ပိုပြီး သဘာဝဆန်ပါတယ်။


အပေါ်က ပုံလေးက တော့ ရှေးဦးသဘာဝကျောက်တုံးအိမ် ရိုးရိုးလေး တစ်လုံးပါ။ အဲဒီပုံဟာ အခြေခံ သေတ္တာ တစ်လုံးပုံသဏ္ဍာန်ပဲ ရှိနေပါသေးတယ်။ ကျောက်တုံး မျက်နှာပြင်တွေက တော့ ဘေးက သစ်ပင်တွေ၊ သစ်ကိုင်းတွေ အစရှိတဲ့ သဘာ၀ အရာတွေနှင့် ဟာမိုနီကျလိုက်ဖက် တင့်တယ်နေပါတယ်။ အောက်က ပုံမှာ မြင်ရတဲ့ ဆက်ပြာဘူဘောင်းလေးတွေ ဆပ်ပြာမြှုပ်လေးတွေကို တွေ့ဖူးကြမှာပါ။

အဲဒီလိုပဲ ဆပ်ပြာပူပေါင်းလေးတွေ ကို သေချာ ဂရုစိုက်ကြည့်မယ်ဆိုရင် တစ်ခုနှင့် တစ်ခု တူမယောင်နှင့် ကွဲနေတာကို သတိထားမိနိုင်ပါတယ်။
 
သလင်းကျောက်လို့ ကျနော်တို့တွေ သိနေတဲ့ Crystal ကျောက်ကလေးတွေမှာ သဘာဝမှာရှိတဲ့ ပုံသဏ္ဍာန်တွေ အတော်များများ ရဲ့ ပုံသဏ္ဍာန်ပုံသွင်တွေကို တွေ့နိုင်ပါတယ်။ ဂျီသြမေတြီပုံတွေဖြစ်တဲ့ regular shape, straight line အစရှိတဲ့ ပုံသဏ္ဍာန်လေးတွေ အဲဒီသလင်းကျောက်မှာ တစ်ခုနှင့် တစ်ခု တူညီသယောင်နှင့် မတူညီပဲ ကွဲပြားစွာတွေ့နိုင်ပါတယ်။ ဗိသုကာတွေဟာ သူတို့ရဲ့ ဒီဇိုင်းတွေ ပြုလုပ်ရာမှာ Boxes ပုံသဏ္ဍာန်နှင့်သာ အများအားဖြင့် ပြုလုပ်ကြခြင်းဟာ အဆင်ပြေလွယ်ကူစွာ လုပ်နိုင်ကြလို့ပါ။ T-square၊ Compasses အစရှိတဲ့ ပုံဆွဲ ကိရိယာများနှင့် အလွယ်တကူ အဖြောင့်မျဉ်းများ အမတ်မျဉ်းများ ဆွဲသားနိုင်သောကြောင့် ပြုလုပ်ကြခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် များသော အားဖြင့် သဘာဝရဲ့ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပုံသဏ္ဍာန်တွေ မှီးယူခြင်းကို တတ်နိုင်သမျှ လစ်လျှူရှုတတ်ကြပါတယ်။ လွယ်ကူတဲ့ အဖြောင့် ဒီဇိုင်းများဖြင့်သာ အဆောက်အအုံများကို တည်ဆောက်တတ်ကြပါတယ်။
 
သို့သော်လည်း အထက်က ပုံမှာ ပြထားတဲ့ အီတလီနိုင်ငံ(Italy), Cisternino အနီးနား မှာရှိတဲ့ Rural community, Trulli ဆိုတဲ့ အဆောက်အအုံများ တည်ဆောက်ထားမှုကတော့ တစ်ခုလုံးအတွက် ကျွမ်းကျင်မှုတွေ၊ ကိရိယာတန်ဆာပလာတွေ နှင့် အသိအမြင် နည်းပညာ အသစ်တွေ လို့အပ်နေပါလိမ့်မယ်။ ဒီလိုအိမ်မျိုးတွေကတော့ ပျော့ပြောင်းတဲ့ဟန်၊ မာကြောကြမ်းတမ်းမှုမရှိတဲ့ သဏ္ဍာန်တွေကြောင့် သဘာဝတရားနှင့် ပိုမို နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။ အဆောက်အအုံ တစ်ခုနှင့် တစ်ခု ဆင်တူသဏ္ဍာန်ရှိသော်လည်း အကုန့်အသတ် မရှိတဲ့ အလွှဲအပြောင်းတွေကြောင့် နှစ်သက်စဖွယ်ဖြစ်နေပါတယ်။ တခါတလေမှာ ကျနော်တို့တွေရဲ့ အဆောက်အအုံမှာ သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်စေလိုသောစိတ်ခံစားမှုအတွက် တစ်ခုတည်းသော ဖန်းတီးနိုင်တဲ့ ပညာကတော့ Landscape Architecture မြေခင်းဗိသုကာ ပညာပဲ ဖြစ်ပါတယ်။ ပန်းပင်တွေ၊ မြက်ခင်းတွေ၊ ချုံပင်တွေ၊ သစ်ပင်တွေ၊ သစ်ကပ်နွယ်ပင်တွေ အစရှိတဲ့ အပင်များ စိုက်ပျိူးပြုပြင်ခြင်းဖြင့် နေထိုင်တဲ့သူတွေကို နွေးထွေးမှု၊ စိတ်ချမ်းသာမှု၊ ဆွဲဆောင်နိုင်မှု၊ သာယာကြည်နူးမှုစတဲ့ စိတ်ကျေနပ်စေမှုများကို သာမန် အကြမ်းထည် အဆောက်အအုံထက် ပိုမိုပေးစွမ်းနိုင်ပါတယ်။ အချုပ်အားဖြင့် ဆိုရရင် ကျနော်တို့ အနီးပတ်ဝန်းကျင် အိမ်အနီးတဝိုက်၊ ရပ်ကွက်၊ မြို့ရွာ အနီးတဝိုက်၊ တောတောင်ရေမြေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်ကမ်းခြေ အစရှိတဲ့ နေရာများကို သွားရောက်လေ့လာ စူးစမ်း၍လည်းကောင်း၊ ဇီဝဗေဒနှင့် ခန္ဓာဗေဒ အစရှိသော စာအုပ်စာတမ်းများမှ ပုံစံများ ကိုလေ့လာခြင်းဖြင့်လည်းကောင်း သဘာဝတရားမှ ဖန်တီးထားသော သက်ရှိသက်မဲ့အရာဝတ္ထုများမှ ထူးခြားဆန်းသစ်သော ဒီဇိုင်းများပြုလုပ်နိုင်စေကြောင်း။


လေးစားစွာဖြင့်
MMO