Wednesday, September 7, 2011

အစီအစဉ်ပြုလုပ်ခြင်း(Order)

အရာဝတ္ထုတွေကို ပုံဏ္ဍာန်အားဖြင့်ဖြစ်စေ၊ အရွယ်အစားအားဖြင့်ဖြစ်စေ၊ အရောင်အားဖြင့် ဖြစ်စေ အစုအဖွဲ့ တစ်စုတစ်စည်းတည်းအဖြစ် မျဉ်းတစ်ဖြောင့်တည်းအဖြစ်လည်းကောင်း (သို့) စက်ဝိုင်းကဲ့သို့လည်းကောင်း အစီအစဉ်တကျ ထားရှိခြင်းကို (Order) အစီအစဉ်ကျခြင်းလို့ခေါ်ပါတယ်။ 1,2,3,4,5,.... အစရှိတဲ့ နံပါတ်တွေကို အစဉ်လိုက် ရေတွက်ခြင်းကို ကျနော်တို့ အစီအစဉ်ကျတယ်၊ Order ဖြစ်တယ်လို့ပြောနိုင်ပါတယ်။ 1,2,5,3 စသဖြင့် ပြောင်းလဲ ရေတွက်ပါက အစီအစဉ်မကျတော့ပါဘူး။
 

ပုံကိုလေ့လာကြည့်လိုက်ပါ။ ဘယ်ပုံဟာ နောက်ဖြစ်လာနိုင်မယ့် အစီအစဉ်ဖြစ်ပါသလဲ...။ ဒီပုံလေးနှင့် အထက်ပါ ရှင်းလင်းချက်ကနေ (Order) အစီအစဉ်ဆိုတာကို သိနိုင်မယ်လို့ ထင်ပါတယ်။ ဗိသုကာအမြင်မှာ Order အစီ အစဉ် လှပခြင်းဟာ မရှိမဖြစ်အရေးပါ လိုအပ်လှပါတယ်။ ကျနော်တို့ တစ်ယောက်တည်း Order စနစ်ကျအောင်လေ့ကျင့်ချင်တယ်ဆိုရင် ကိုယ်ထိုင်နေတဲ့ စားပွဲပေါ်မှာ ရှိတဲ့ ပစ္စည်းလေးတွေကို စိတ်ကူးအမျိုးမျိုးနှင့် အစီအစဉ်တကျ Order ဖြစ်အောင် ပြုလုပ်လေ့ကျင့်ပေးခြင်းပါပဲ။ အဖန်ဖန်ပြုလုပ်ခြင်းဖြင့် ဆန်းသစ်လှပတဲ့ Order အစီအစဉ်တွေကို အတွေးအမြင် အိုင်ဒီယာတွေ ဖန်တီးတီထွင်လာနိုင်မှာပါ။ ဥပမာပြုလုပ်သင့်တာတွေက မျဉ်းတစ်ဖြောင့်တည်း ထားရှိခြင်း၊ စက်ဝိုင်းကဲ့သိ့ု ပြုလုပ်ဝိုင်းပတ်ထားရှိခြင်း အစရှိသဖြင့် လေ့ကျင့်ပေးနိုင်ပါတယ်။ နောက် အရွယ် အစားကိုလိုက်ပြီးလည်းကောင်း၊ အရောင်အသွေးကိုလိုက်ပြီးလည်း ကောင်း၊ အစုအဖွဲ့ပြုလုပ်ပေးကာ အစီအစဉ်တွေ အမျိုးမျိုးလုပ်နိုင်ပါတယ်။ အဲဒီနောက်မှ ပိုမိုကျယ်ပြန့်တဲ့ မိမိအိပ်ခန်းအတွင်းမှာရှိတဲ့ ပစ္စည်းတွေ (ဥပမာ စာအုပ်တွေ၊ စောင်၊ အိပ်ယာ၊ ကုတင်၊ စာကြည့်စားပွဲ၊ စာအုပ်စင်၊ စာရွက်စာတမ်းများ၊ အဆုံး အဝတ်အစားများ တင်ထားခြင်းအထိ) အစီအစဉ်ကျနမှုရှိမရှိ၊ လေ့လာလေ့ကျင့်သင့်ပါတယ်။ အဲလိုသာ စဉ်းစားလေ့ကျင့်မယ်ဆိုရင်ဖြင့် order အစီအစဉ်တကျပြုလုပ်တတ်ခြင်းကို ပိုင်နိုင်ကျွမ်းကျင်နိုင်ပါလိမ့်မယ်။ အစီအစဉ်ချခြင်းမှာ ကျားကွက်ပုံစံကဲ့သို့ အလွန်ပဲ အစီအစဉ်ကျနေခြင်းကို monotonous ဟုခေါ်နိုင်ပါတယ်။ အဲဒီလိုအစီအစဉ်ကတော့ ထပ်တူညီနေသဖြင့် ငြီးငွေ့ဖွယ်ခံစားရတတ်ပါတယ်။ ကျနော်တို့တွေစီးနေတဲ့ ရှုးဖိနပ်များကိုလေ့လာကြည့်မယ်ဆိုရင် သူ့မှာလည်း အစီအစဉ်တကျဖြစ်နေတာတွေ မြင်နိုင်ပါတယ်။ ဖိနပ်ကြိုးနှင့် ဖိနပ်ကြိုးတပ်တဲ့ အပေါက်တွေဟာ ဘယ်ဘက်နှင့်ညာဘက် အတိအကျ အစီအစဉ်တကျဖြစ်နေပါတယ်။ အကယ်လို့ အဲလို ဖိနပ်ကြိုးပေါက်ကလေးတွေ အညီအညာ အစီအစဉ်တကျမရှိရင် ဖိနပ်ကြိုးတပ်ရာမှာ တွန့်လိပ်ကာ မညီမညာ မလှမပဖြစ်နေမှာပါ။ အခြား ကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ အစီအစဉ်ကျသည့်ပစ္စည်းတွေကိုလည်း များစွာလေ့လာပေးသင့်ပါတယ်။ ဥပမာအားဖြင့် ကြယ်သီးပေါက်နှင့်ကြယ်သီးများ၊ စက်ဘီး၏ စပုတ်တံများနှင့် ဘီး၌ရှိသော အပေါက်ကလေးမှား စသည်ဖြင့် လေ့လာနိုင်သည်။ ဗိသုကာများ အဆောင်အအုံ Plan ပုံဆွဲသားရာတွင် Order ခေါ်အစီအစဉ်ကျနမှုကို ထည့်သွင်းစဉ်းစားပေးရမည်။ အထက်ပါ လှေကားထစ်ပုံကို လေ့လာကြည့်လျှင် အစီအစဉ် ကျ မကျကို တွေ့နိုင်ပါသည်။ လှေကား တဘက်နှင့် တဘက်ကွာခြားချက်ကို လေ့လာနိုင်ပါသည်။ လှေကားတစ်စင်း အကျော်အနင်း မညီညာပါက အတတ်အဆင်းပြုလုပ်သောသူများ လှေကားပေါ်မှာ လိမ့်ကျနိုင်ပါတယ်။ ဒါကြောင့် လှေကားဒီဇိုင်းပြုလုပ်ရာမှာ အကျော်အနင်း ပုံသေဖြစ်စေရန်စီမံပေးရပါတယ်။ လှေကားကဲ့သို့ပင် တချို့သော အရာများကို အစီအစဉ်ပြုလုပ်ကြရပါတယ်။
 
The stap pyramids in Mexico,
The earliest stap pyramids in Egypt အစီအစဉ်ကျခြင်းသည် ကျနော်တို့ ပတ်ဝန်းကျင်၌ များစွာလေ့လာနိုင်ပေသည်။ အမြင် သာမက၊ အကြားအာရုံတွင်လည်း ဂီတသံစဉ်ကဲ့သို့ အစီအစဉ်ကျနမှုများကိုလေ့လာနိုင်သည်။ စမ်းရေစီးသံများ၊ အင်ဂျင်စက်လည်ပတ်သံများ၊ စသည်တို့ အပြင် ကျနော်တို့ရဲ့ အသက်ရှုသံ သည်ပင် အစီအစဉ်ကျနခြင်း၌ ပါဝင်ပါသည်။ ယခု အခန်းတွင် အစီအစဉ် အကြောင်းကို သဘောပေါက်မည်ဟု ယူဆမိပါသည်။
 

MMO

No comments:

Post a Comment