Wednesday, September 7, 2011

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment)-1

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment)-1

ဗိသုကာဆိုင်ရာ အဆောက်အဦးများ အိမ်များဟာ ကျနော်တို့ အားလုံးအပေါ်မှာ အင်မတန်လွှမ်းမိုးမှုရှိပါတယ်...။ အဲလို လွှမ်းမိုးအောင်လုပ်ဆောင်နိုင်ခြင်းကပဲ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်တည်ဆောက်ခြင်း (Built Environment) ပင်ဖြစ်ပါတယ်...။ အဲဒီအကြောင်းကို အကျယ်မပြောခင်မှာ ကျနော်ပုံပြင်လေးနှစ်ပုဒ်ကို ရှေးဦးတင်ပြချင်ပါတယ်....။ ဗိသုကာအကြောင်းမပြောခင် ပုံပြင်လေးတွေ ပြောတော့ စိတ်ဝင်စားကြမယ်ထင်ပါတယ်...။ တချို့လည်းသိဖူး ကြားဖူး ဖြစ်ချင်ဖြစ်ပါမယ်...။ ပထမပုံပြင်လေးက "The Three Bears" ဆိုတဲ့ ပုံပြင်လေးပါ...။
 

တခါတုန်းက ဂိုဒီလော့ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့...။ တနေ့မှာ သူတောထဲကိုလမ်းလျှောက်ထွက်လာရင်း မကြာခင်မှာ အိမ်လေးတစ်လုံးကိုတွေ့ရတယ်...။ အဲဒီတော့ ဂိုဒီလော့လေးဟာ အသံပေးခေါ်ကြည့်၊ တံခါးခေါက်ကြည့်တာ ဘယ်သူမှမတွေရဘူး..။ ဒါနဲ့ အိမ်ထဲကိုဝင်လာခဲ့တယ်လေ...။ အိမ်ထဲရောက်တာနဲ့ မီးဖိုချောင်ထဲက စားပွဲပေါ်မှာ ဆန်ပြုတ်သုံးပန်းကန်ကိုတွေ့တာပေါ့...။ အဲဒီတော့ သူလည်းဆာဆာနှင့် စားမယ်ဆိုပြီး ပထမပန်းကန်လုံးကို မြည်းကြည့်လိုက်တယ်...။ “ အားလား...ပူလိုက်တာ” သူမအလန့်တကြားအော်လိုက်မိတယ်....။ နောက်တော့ ဒုတိယ ခွက်ကိုလှမ်းလိုက်တယ်....။ “ အာ... ဒီခွက်ကအေးစက်နေတာပဲ...”လို့သူမရေရွတ်ပြီး နောက်ဆုံးခွက်ကို ထပ်မြည်းလိုက်တော့တယ်...။ “အိုး... ဒါမျိုးမှ... ငါ့အကြိုက်ပဲ....” လို့ အော်ပြောလိုက်ပြီး ဝမ်းသာအားရ အကုန်သောက်ပစ်လိုက်တာပေါ့...။ အဲဒီလို ဝက်ဝံသုံးကောင်ရဲ့ မနက်စာကို စားပြီးသူမဗိုက်တင်းသွားတာနှင့် အနားယူဖို့ ဆုံးဖြတ်လိုက်တယ်...။ အိမ်ခန်းထဲကိုထပ်လျှောက်လာခဲ့လိုက်တယ်...။ ဧည့်ခန်းကိုရောက်တာနဲ့ ထိုင်ခုံသုံးလုံးကိုတွေ့ပါလေရော...။ ဒါနဲ့ ပထမထိုင်ခုံမှာ ခြေညောင်းလက်ဆန့်နားအုံးမယ်ဆိုပြီး ဝင်ထိုင်ပစ်လိုက်တာပေါ့...။ “ထိုင်ခုံကလည်း ကြီးလိုက်တာ...” ထိုင်ပြီးမှသူမအဆင်မပြေလို့ မြည်တွန်မိသွားပြန်တယ်...။ နောက်တစ်လုံးထိုင်မယ်ကြည့်လိုက်တော့ ... “အားပါး..ဒါက ပိုတောင်ကြီးသေး ...”ဆိုပြီး စူးစူးဝါးဝါးအော်ပစ်လိုက်မိတယ်...။ နောက်ဆုံးခုံလေးကိုကြည့်ပီးတော့ မှာ...။ “အလဲ့... ဒါလေးကမှ ငါ့အတွက်အကိုက်ပဲ...”တွေးပြီး အားပါးတရ ထိုင်ချပစ်လိုက်တယ်...။ဒါပေမယ့်သူမထိုင်ရုံ ရှိသေးတယ် ခုံလေးက တစ်စစီကျိုးပဲ့သွားတော့တာပါပဲ...။ အဲလိုဖြစ်သွားပြီး ဂိုးဒီလော့လေးအတော်ပင်ပန်းသွားရှာတယ်...။ တချိန်တည်းမှာပဲ သူမခြေလှမ်းတွေက အပေါ်ထပ်ကို လှမ်းနေပီပေါ့...။ အပေါ်ထပ်က အိပ်ခန်းတွေရောက်တာနဲ့... ပထမဆုံး အိပ်ယာမှာ ဝင်အိပ်ကြည့်လိုက်ပြန်တယ်..။ အဲဒီအိပ်ယာက အရမ်းမာနေတယ်...။ နောက်အိပ်ယာကို ဝင်ပြန်တော့လည်း အရမ်းနုညံ့နေပြန်ရော...။နောက်ဆုံး အိပ်ယာကိုတွေ့မှပဲ သူအကြိုက်အိပ်ယာဖြစ်တာနှင့် တခါတည်း ဝင်အိပ်နေလိုက်ပါလေရော...။ သူအဲလိုအိပ်ပျော်နေစဉ်မှာပဲ... အိမ်ပိုင်ရှင်ဖြစ်တဲ့ ဝက်ဝံသုံးကောင် ရောက်ချလာပါလေရော...။ ရောက်ရောက်ချင်းပဲ...ဖေဖေ ဝက်ဝံက ငါ့ဆန်ပြုတ်တစ်ယောက်ယောက်ယူသောက်လိုက်ပီ.. မေမေ ဝက်ဝံ ဆန်ပြုတ်လည်း ထိုနည်းလည်းကောင်း....။ သားသားဝက်ဝံလေးကတော့ သူ့ဆံပြုတ်အကုန်သောက်သွားတယ်ဆိုပီး ညည်းတွားမိတာပေ့ါ...။ နောက် ဧည့်ခန်းထဲရောက်တော့ ခုံတွေအကုန်ထိုင်ထားတာနှင့် ခုံတစ်လုံးကျိုးနေတာ တွေ့ပြန်ပါလေရော...။ ဒါနဲ့ အိမ်အပေါ်ထပ်ကို လိုက်ကြည့်ကြတော့ အိပ်ယာအကုန်လုံး ဖရိုဖရဲဖြစ်နေပြီး အိပ်ထားတာ တွေ့ရတော့တာပေါ့...။ နောက်ဆုံး သားသားဝတ်ဝံအိပ်ယာမှာ အိပ်နေတဲ့ ဂိုဒီလော့လေးကိုပါ တွေ့ပါလေရော...။ အဲဒီမှာ ဝက်ဝံသားသားလေးက “သားသား အိပ်ယာမှာ သူခိုး ဝင်အိပ်နေတယ်...”လို့အော်ပြောလိုက်တာပေါ့...။ အဲဒီအချိန်မှာ ဂိုဒီလော့လေးလည်း အိပ်ယာက နိုးလို့ ဝက်ဝံသုံးကောင်ကိုလည်းတွေ့ရော ကြောက်လန့်ပြီး အိမ်ပြူတင်းက ခုန်ချပြီးပြေပါလေရောဗျာ....။ အဲဒီအချိန်ကစပြီး ဂိုဒီလော့လေးတစ်ယောက် တောထဲကို ဘယ်တော့မှာ မသွားတော့ဘူးတဲ့...။
 

ဒါကပထမပုံပြင်လေးပါ....။ ဆက်မယ်နော် ဒုတိယပုံပြင်ကို... အဲဒါတွေပြီးမှ (Built Environment) အကြောင်းသွားတာပေါ့....။
 



MMO

No comments:

Post a Comment