Thursday, September 15, 2011

Designer မိတ်ဆက်


Interior Design ပညာရပ်ဟာလဲ အခြားသက်မွေးဝမ်းကျောင်းပညာရပ်တွေလိုပဲ လိုက်နာရမည့်ကျင့်ဝတ် စည်းကမ်းများရှိပါတယ်။ ဗိသုကာပညာရှင်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေလို ဒီဇိုင်းပညာရှင်များဟာလဲ အခြေခံကျကျ မလေ့လာမဆည်းပူးခဲ့ဘူးဆိုပါလျှင် အလုပ်အပ်နှံသူ (သို့) နေထိုင်သူများကို ခန္ဒာကိုယ် ထိခိုက်ဒဏ်ရာရနိုင်သလို ငွေကြေးဆုံးရှံးမှုများလဲ ရှိလာနိုင်မှာဖြစ်ပါတယ်။
ဥပမာ
ဆရာဝန်တစ်ယောက် ဆေးပေးမှားခဲ့ရင် လူတစ်ဦးသာ ဒုက္ခရောက်စေနိုင်ပါတယ်။ ရှေ့နေလျှောက်လွှဲချက်မှားခဲ့ပါကလဲ တစ်ဦးတစ်ယောက် (သို့) တစ်မိသားစုသာ ထိခိုက်နိုင်မှာဖြစ်ပါတယ်။ အင်ဂျင်နီယာ တွက်ချက်မှု လွှဲမှားခဲ့ပါက နစ်နာမှုတွေအများကြီးဖြစ်သွားနိုင်မှာဖြစ်ပါတယ်။
Interior Designers အများစုဟာ လုပ်ငန်းအပ်နှံသူများရဲ့ စီးပွါးရေး၊ အိမ်တွင်းရေးအခြေအနေများကို လုပ်ငန်းသဘာဝအရ သိရှိနေတတ်ကြပါတယ်။
ဥပမာ
လုပ်ငန်းအပ်နှံသူများဟာ သူတို့ရဲ့ စီပွါးရေးလုပ်ငန်းစီမံကိန်းသစ်တေ၊ွ စီပွါးရေးထိုဖောက်မှု နည်းလမ်းတွေကို လုပ်ငန်းနဲ့တိုက်ရိုက်ပတ်သက်နေသော Interior Designers များကို အသိပေးတတ်လေ့ ရှိပါတယ်။ Interior Designers များကလည်း လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကို အထူးအလေးထား လိုက်နာဆောင်ရွက်ရပါမယ်။ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများကို မလိုက်နာခဲ့ဘူးဆိုပါက နှစ်ဦးနှစ်ဖက် သံသယ ဝင်စရာကိစ္စရပ်များ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
ဥပမာ
Interior designers များဟာ ပွဲစားများ၊ Contractors များဆီမှ ခင်မင်မှုအရ အသေးစားလက်ဆောင် ပစ္စည်းများကို လက်ခံရယူခြင်းမှစ၍ လုပ်ငန်းအပ်နှံသူများ၏ စိတ်ထဲမှာ နားလည်မှုများလွဲမှားပြီး သံသယ ဝင်စရာ အခြေအနေများဖြစ်ပေါ်လာနိုင်ပါတယ်၊ လုပ်ငန်းအပ်နှံသူများအနေ ဖြင့်လည်း Interior Designers များဟာ ပွဲစားများ၊ အဝယ်တော်များ၊ Contractors များနှင့် ပူးပေါင်းပြီး အပေးအယူ ပြုလုပ်လာမှာကို စိုးရိမ်တတ် ကြပါတယ်။ အသေးစား လက်ဆောင်ပစ္စည်းများအား လက်ခံခြင်းဟာပြဿနာ မဟုတ်ပေမဲ့ တန်ဖိုးကြီးပစ္စည်းများကို လက်ခံလာခြင်းဟာ Interior Designers များရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာ စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စရပ်မျိုးကို အထူးရှောင်ရှားရမှာဖြစ်ပါတယ်။

ဒီလိုပါပဲ လုပ်ငန်းအပ်နှံသူရဲ့ အကြိုက်တွေ့မှု၊ စိတ်ဝင်စားမှုများကို Interior Designers များဟာ အထူးအလေးထားဆောင်ရွက်ပေးကြရပါမယ် ကုန်ကျစရိတ်အနည်းဆုံး နှင့် ဝန်ဆောင်မှု အကောင်ဆုံးဖြစ်အောင် တာဝန်ယူလုပ်ဆောင်ပေးရသည်မှာ Interior Designers ရဲ့ဲ စွမ်းရည်ဖော်ပြချက်ပဲဖြစ်ပါတယ်။
အလုပ်အပ်နှံသူမှ လုပ်ငန်းအပေါ် ဆက်လက်လုပ်ဆောင်ရန်ဆန္ဒမရှိတော့ဘူး၊ ဆက်လက်ပြီးလက်တွဲလိုစိတ်မရှိတော့ဘူး မိမိရဲ့ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုမရှိတော့ဘူးဆိုပါက လုပ်ငန်းအား အချိန်မရွေး ရပ်ဆိုင်းခဲ့လျှင် Interior Designers များဟာ လက်ခံနိုင်ရမှာဖြစ်ပါတယ်။ Interior Designers များဟာ ကိုယ်ဖန်တီးလိုက်တဲ့ မှန်ကန်တဲ့ဒီဇိုင်း၊ အပြင်အဆင်များကို လုပ်ငန်းအပ်နှံသူရဲ့ အကျိုးကိုမျှော်မှန်ပြီး ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အလုပ်အပ်နှံသူမှ နှစ်ခါပြန်စောဒက မတက်ရလေအောင် အထူးအလေးထား ဆောင်ရွက်ပေးနိုင်ရမှာဖြစ်ပါတယ်။
Professional ဆိုတဲ့ကျွမ်းကျင်မှုဆိုတာ လုပ်ဆောင်သူရဲ့ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မှုများက ထင်ဟပ်ဖော်ပြပါတယ်။ သာမန်အားဖြင့် ကျွမ်းကျင်မှုအဆင့် လိုင်စင် (သို့) အသိအမှတ်ပြုလက်မှတ်များ လိုအပ်ပေမဲ့လည်း အမှန်တကယ် ဒီဇိုင်းပညာရှင်ရဲ့ လိုအပ်ချက်တွေဟာ ဒီထက်မက အများကြီးသာလွန်ပါတယ်။


MTZO

No comments:

Post a Comment