Wednesday, September 7, 2011

တိုင်းတာခြင်း(Measuring)

တိုင်းတာခြင်း(Measuring)



တိုင်းတာခြင်း၊ အတိုင်းအတာ ဆိုတာကို ကျနော်တို့ အတော်များများ နားလည်ကြပါတယ်…။ အတိုင်းအထွာလုပ်တယ်ဆိုတာ နှိုင်းယှဉ်တာလို့ ဆိုနိုင်ပါတယ်…။ ပုံသဏ္ဍာန်အရွယ်အစား အမျိုးမျိုးရှိတဲ့ လူတွေ၊ အရာဝတ္ထုတွေ၊ အဆောက်အအုံတွေကို မျက်မှန်းနှင့် ဖြစ်စေ ပေတံနှင့်တိုင်းတာခြင်းဖြစ်စေ၊ အခြား တိုင်တာနိုင်သော အရာဝတ္ထုပစ္စည်းများနှင့် ဖြစ်စေ တိုင်းတာ ဆုံးဖြတ်နိုင်ပါတယ်….။ တိုင်းတာခြင်း measuring ကိုပြောခြင်းဟာ စကေး scale နှင့် အချိုးအစား proportion ကောင်းစွာနားလည်နိုင်စေဖို့ပါ…။ နှိုင်းယှဉ်တိုင်းတာနိုင်ဖို့ နှိုင်းယှဉ်စရာ အရာဝတ္ထုတွေ ပစ္စည်းတွေကို ကြိုတင်သိနေရပါမယ်…။ ဒါမှသာ အရာဝတ္ထုတစ်ခုကို အခြားအရာဝတ္ထုတစ်ခုနှင့် တိုင်းတာပြီး ခိုင်းနှိုင်းသတ်မှတ်နိုင်မှာပါ…။ နိုင်ငံတကာ စံအနေဖြင့် အလျားအတိုင်းအတာကို ပေ၊ လက်မ (သို့မဟုတ်) မီလီမီတာ၊ စင်တီမီတာ စတဲ့ စနစ်တွေကို အများသုံးသတ်မှတ်ထားပါတယ်…။ အဲဒီအတိုင်းအတာတွေကို သိမှသာ အခြားအရာဝတ္ထုတွေရဲ့ အတိုင်းအတာတွေကို ယှဉ်ထိုးတိုင်တာနိုင်မှာပါ…။ မည်သို့ဖြစ်ဖြစ် အတိုင်းအတာဆိုတာ သတ်မှတ်ထားတဲ့ အရာတစ်ခုကို အခြားအရာတစ်ခုနှင့် နှိုင်းယှဉ်ခြင်းပါ…။ ဗိသုကာပညာမှာ အရာဝတု္ထအတိုင်းအတာတွေ အချင်းချင်း နှိုင်းယှဉ်ခြင်းဖြင့် အတိုင်းအတာကို ပိုမိုနားလည်ခံစားသဘောပေါက်ပြီး စကေးနှင့် အချိုးအစားကို အဆင်ပြေအောင် ညှိုနှိုင်းလုပ်ဆောင်နိုင်မှာပါ…။ ကျနော်တို့ ကမ္ဘာမြေပေါ်မှာ ဘယ်တိရိစ္ဆာန်ကများ အရပ်အရှည်ဆုံးဖြစ်မလဲ….။ ဘယ်အကောင်ကရော အရပ်အပုဆုံးဖြစ်မလဲ…။ ဘယ်အကောင်ကများ အကြီးဆုံးဖြစ်မလဲ....။ ဘယ်အကောင်က အသေးဆုံး အငယ်ဆုံးဖြစ်မလဲ....။
 

ကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲကရော ဘယ်သူကများ အရပ်အရှည်ဆုံးဆိုတာ စဉ်းစားမိသလဲ…။ ဘယ်သူက အရပ်အပုဆုံးဆိုတာရော သေချာမှတ်သားမိပါရဲ့လား…။
 

ကျနော်တို့ နေထိုင်တဲ့ မြို့ရွာ ပတ်ဝန်းကျင်တွေမှာရော ဘယ်အဆောက်အအုံက အမြင့်ဆုံးပါလဲ…။
 

ဘယ်အဆောက်အုံကရော အမြင့်ဆုံးနီးပါး မြင့်တဲ့ အဆောက်အုံလဲ….။ အဲလို အမြင့်ဆုံး၊ အရှည်ဆုံးဆိုတာတွေကို ဘယ်လိုသိလိုက်ပါသလဲ..။ တကယ်တော့ အဲဒီအရာတွေကို အခြားအရာတွေနှင့် နှိုင်းယှဉ်လို့ပဲဖြစ်စေ၊ ပေကြိုး၊ မီတာကြိုး စသည်ဖြင့် တိုင်းတာခြင်းဖြင့်ဖြစ်စေ၊ အထပ်များကိုရေတွက်ခြင်းဖြင့်ဖြစ်စေ သိရှိနိုင်ခြင်းမဟုတ်ပါလား…။ ခုလက်ရှိကမ္ဘာပေါ်၌ အနိမ့်ဆုံး အဆောက်အုံ (The world shortest building)ဆိုတာ ဘာများဖြစ်မှာပါလိမ့်….။ ( ပုံကိုကြည့်ပါ… Earth-shelter building )
 

အမြင့်ဆုံးအဆောက်အအုံ (The world tallest building) ကိုရော သိပါသလား…။ (ပုံကိုကြည့်ပါ…. burj Dubai) ဒီနေရာမှာ အနိမ့်ဆုံးဆိုတာမှာ ဘယ်အတိုင်းအတာအထိ အနိမ့်ဆုံးလို့ ပြောရမလဲ…။ ကျနော်တို့လူတွေနှင့်သာ နှိုင်းယှဉ်ပြီး အဲဒီအဆောက်အအုံထဲမှာ လမ်းလျှောက်သွားလာနိုင်တဲ့ အဆောက်အအုံမျိုးကို ဆိုလိုခြင်းပါ…။ အကယ်၍ အဆောက်အအုံတစ်ခုဟာ လူတွေထက် သေးငယ်နေမယ်ဆို ကျနော်တို့လူတွေအတွက် နေထိုင်ဖို့ အသုံးဝင်ပါ့မလား…။ ကဲ ဒီလောက်ဆိုရင် Measuring (တိုင်းတာခြင်း) ဆိုတာကို သဘောပေါက်သလို အတိုင်းအတာတွေ ကို စိတ်မျက်စိထဲမှာ မှတ်သားနေမိအောင်လေ့ကျင့်ထား လေ့လာထားသင့်တယ်ဆိုတာ…. နှိုင်းယှဉ်တိုင်းတာနိုင်ခြင်းဆိုတာ ဗိသုကာပညာမှာ အရေးပါတဲ့ အသိအမြင်တစ်ခုဆိုတာလည်း သိနိုင်လောက်ပြီထင်ပါတယ်…။  



MMO

No comments:

Post a Comment