Wednesday, September 7, 2011

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment)-3

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း(Built Environment)-3


ပုံပြင်လေးနှစ်ပုဒ်ကိုသေခြာဖတ်ဖြစ်ကြပါသလား...။ ပုံပြင်လေးတွေမှာ ဗိသုကာနှင့်ပတ်သတ်ပြီး ဘာထူးခြားတာတွေ ပါလာသလဲဆိုတာ စဉ်းစားမိကြပါသလား...။ ပထမပုံပြင် ဝက်ဝံသုံးကောင်ကို ဗိသုကာတစ်ယောက် အနေနဲ့ မြင်ကြည့်ရင် ပုံပြင်ထဲမှာ တံခါးတွေ၊ ပြူတင်းတွေ ပရိဘောဂတွေ အစုံပါလာပါတယ်...။ အိမ်တစ်လုံးအတွက်ရှိသင့်တဲ့ အချက်တွေ ပတ်ဝန်းကျင်တွေ ပါလာတယ်...။ နောက် ဝက်ကလေးသုံးကောင် ပုံပြင်မှာတော့ အာခီဗျူးအနေနဲ့ ဘာမှမှတ်သားဖွယ်မတွေ့ရဘူးဗျ...။ သူ့ရဲ့ အဓိကပေးချင်တာက အာခီအမြင်ထက် ဝက်ကလေးတွေရဲ့ အမူအကျင့် အလုပ်အကိုင်ကို အဓိကဖော်ပြချင်တာမျိုးပါ...။ အထူးသဖြင့် ကိုယ်ကျင့်ဆိုင်ရာ အတုယူလေ့လာဖို့သာ အဓိကထားတာပါ့....။ အဲဒီတော့ ဗိသုကာပိုင်းဆိုင်ရာ လွှမ်းမိုးမှုဘာမှမပါတဲ့ ပုံပြင်လေးတစ်ခုပေ့ါ...။ အဲဒီပုံပြင်နှစ်ပုဒ်ကနေ ကျနော်တို့ လူသားတွေအတွက် အဓိကအခြေခံလိုအပ်ချက်တွေကို ထုတ်နှုတ်နိုင်ပါတယ်...။ ဘာတွေလဲဆိုတော... ၁ ။ အစားသောက် (စားရေး) ၂ ။ ခိုအောင်းနေထိုင်ရာ (နေရေး) ၃။ အဝတ်အထည် (ဝတ်ရေး) ၄။ အန္တရာယ်ကင်းရှင်းမှု (လုံခြုံရေး) စတာတွေဟာ အဓိက အခြေခံလိုအပ်ချက်တွေဆိုတာ လေ့လာနိုင်ပါတယ်...။ အဲဒီအခြေခံ အချက်တွေကိုမှ အလှဆင်မှုဘက်ကနေ အစားအစာတွေ အမျိုးမျိုးပြုလုပ်ပြသခြင်းများ၊ စားချင့်စဖွယ်ဖြစ်အောင် ပြုပြင်ဖန်တီးခြင်းများ၊ နေထိုင်စရာများကိုလည်း အမျိုးမျိုးလှပအောင်ပြုလုပ်ခြင်းများ၊ ကာကွယ်ရေး လက်နက်ကိရိယာများကိုလည်း (ဥပမာ... ဆောင်ဓါးများ) အလှချိပ်ခြင်း၊ ကိုင်ဆောင်ခြင်းများကို ကျနော်တို့လူသားတွေ လုပ်ဆောင်တတ်ကြ ပြန်ပါတယ်။ အဲဒီလိုလုပ်တတ်ကြတာကို သတိပြုမိကြမယ် ထင်ပါတယ်...။ အဲဒီတော့ စဉ်းစားကြည့်မယ်ဆိုရင် အဲဒီလို အနုပညာဆန်စွာ ပြုလုပ်ဖန်တီးတတ်ခြင်းများဟာ အခြေခံလိုအပ်ချက်တွေပြီးရင် နောက်ကလိုက်လာတဲ့ အရေးပါတဲ့ အချက်တစ်ခုအဖြစ် တွေ့ရမှာပါ....။ ဥပမာ အားဖြင့် အဝတ်အစားဆိုရင်လည်း ကျနော်တို့တွေ ကောင်းကောင်း အလှဆုံးဖြစ်အောင် ဒီဇိုင်းဖန်တီးလို့ ရနိုင်ပါတယ်..။ အဲလိုလုပ်လို့ရနိုင်ခြင်းဟာ ဗိသုကာပညာပါပဲ... တနည်းပြောရရင် အာခီတတ်ချာပဲပေါ့နော်...။ အခြေခံ လိုအပ်ချက်တွေကို လူတွေနှင့် အဆင်ပြေအောင်၊ ပိုမိုလှပအောင်၊ အသုံးဝင်အောင်၊ ဆွဲဆောင်မှုရှိအောင် ဖန်တီးမှုတွေကို အာခီတတ်ချာ လို့ဆိုနိုင်မယ်...။ အခြားနေရာများကို ဥပမာပြောရရင် ခြောက်ကမ်းပါးကြီးတွေ မြစ်ကြီးတွေကို ဖြတ်ကျော်ပြီး ထိုးထားတဲ့ တံတားကြီးတွေမှာရှိတဲ့ ဗိသုကာဖန်တီးမှုပညာတွေ...။ ပန်းခြံကြီးတွေမှာ တည်ဆောက်ထားတဲ့ ဖန်တီးမှုတွေ...။ မြို့ကြီးတွေတည်ဆောက်ရာမှာ ပြုလုပ်တဲ့ မြို့ကွက်ဖော်ဆောင်မှုတွေဟာ အထူးအရေးပါတဲ့ ကျနော်တို့ ပတ်ဝန်းကျင်ကို တည်ဆောက်ထားခြင်းတွေပါပဲ...။ Build enviironment နှင့်ပတ်သတ်ပြီး Elementry စာအုပ်ရဲ့ မိတ်ဆက်မှာ ရေးထားတဲ့ မူရင်းစာလေးတွေ ကျနော်ဖော်ပြချင်ပါတယ်...။ ဖတ်ရှုပြီး ပိုမိုနားလည်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်...။ "One of the basic maturities of education is " enviromental". The root words of environment declare it to mean the sum total of influences which modify and determine the developement of life or character. In all of the earth's history, no culture_ no time _ has been more in need , been more concerened with environment. We want to preserve rare species, to have clean air and pure water, to enjoy rich forests and wilderness areas. The build environment is one of the major environmental concerns of the twentieth and twenty-first centuries. အင်း ဒါဆို....ပိုမိုနားလည်ကြမယ်ထင်ပါတယ်...။ Build environment ကို အဓိက ထိခိုက်စေတာကတော့ သမိုင်းဆိုင်ရာထိန်းသိမ်းမှုနှင့် အလှအပဖြစ်အောင်ပြုလုပ်မှု တွေပါပဲ...။ historical နှင့် aesthetic လို့ ဆိုထားပါတယ်...။ ဘာကြောင့်လည်းဆိုတော့ ကြီးကျယ်ထင်ရှားပြီး အင်မတန် ကောင်းမွန်လှတဲ့ အဖိုးတန်ရှားပါး အဆောက်အအုံအတော်များများကို ကျနော်တို့ ကာကွယ်ထိန်းသိမ်းဖို့လိုအပ်နေပါတယ်...။ အဲဒီအခါမှာ ကျနော်တို့ရဲ့ Build environment ကိုထိခိုက်နိုင်စေတာမျိုးဖြစ်နိုင်ပါတယ်...။ ဘယ်လိုဖြစ်ဖြစ်ပါ ကျနော်တို့တွေရဲ့ မျိုးဆက်တိုင်းမှာ လက်ရှိပတ်ဝန်းကျင်ကို တိုးတတ်အောင် ထိန်းသိမ်းရင်း အနာဂတ်ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် စောင့်ရှောက်ရမယ့် တာဝန်ရှိနေပါတယ်...။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ကျနော်တို့တွေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း Build environment ကို အချက်နှစ်ချက်နှင့် အဓိကထားစောင့်ရှောက်သင့်ပါတယ်...။ ပထမအချက်က မူလအခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့ပါ...။ ဒုတိယအချက်ကတော့ ပတ်ဝန်းကျင်အသစ်ကိုလည်း လှပတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးတည်ဆောက်နိုင်ဖို့ပါပဲ....။ အဲဒီအချက် နှစ်ချက်ဟာ အများပြည်သူနှင့်သက်ဆိုင်တဲ့ ဒီဇိုင်းတွေ ပြုလုပ်ရာမှာ အထူးအရေးထား ထိန်းသိမ်းရမယ့် အချက်တွေ ဖြစ်ပါတယ်...။ ဘာကြောင့်ဆိုရင် ကျနော်တို့တွေရဲ့ ဗိသုကာဆိုင်ရာ အမွေအနှစ်တွေကို တန်ဖိုးမဲ့တဲ့ အဖြစ်မျိုး မဖြစ်စေအောင် အထူးဂရုပြုသင့်လို့ပါပဲ ခင်ဗျား...။
 

အင်း ကျနော်ခုပြောတဲ့ အချက်တွေမှာ Build environment ကိုကောင်းကောင်းနားလည် နိုင်လောက်မှာပါ...။ ဒါနဲ့ နောက်ဆုံး Build environment နှင့်ပတ်သတ်ပြီး သတိထား လေ့လာမှုလေးတွေ လုပ်နိုင်အောင် အတွေးလေးတွေ ပေးချင်ပါတယ်....။ ကျနော်တို့တွေ ကြားဖူးတဲ့ ဖတ်ဖူးတဲ့ ပုံပြင်လေးတွေ ဝတ္ထုလေးတွေမှာ အဆောင်အအုံဆိုင်ရာ အသိအမြင်တွေ ပါလာတတ်ပါတယ် ...။ အဲဒါလေးတွေကို ဂရုပြုမှတ်သားစေချင်ပါတယ်...။ ဥပမာ ... (Hansel and Gretel, Snow white, Cinderella, Rapunzel အစရှိတဲ့ ပုံပြင်လေးတွေပေါ့)... ကျနော်တို့ မြန်မာတွေဆိုရင်ရော ငယ်စဉ်ကကြားဖူးတဲ့ ကလေးကဗျာလေးတွေမှာ အဲလိုအကြောင်းလေးတွေပါတာလေးတွေရှိပါတယ်....။ “ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက်ကမ်းက မီးထိန်ထိန်၊ ဆီမီးထိန်ထိန်လင်းပါလို့ မနှင်းတို့အိမ်...။” “ဝါဝါထိန်ထိန်၊ ကြက်သွန်မိတ်တို့ အိမ်၊ ဝါးတစ်လုံးနှင့် ဆောက်တဲ့ အိမ် ကိုကိုကြီးတို့ အိမ်...။ စသဖြင့်ပေါ့လေ...။ နောက် ဦးပုညရေးထားတဲ့ လေးမောင့်စံကျောင်းကဗျာလေးဆိုရင်ရော... “မုလေးရုံ တောအစ၊ ဒေါနလမ်းမြေညီ လျှောကျစမ်းရေ သင်းကြည်တယ်...။ ရွှေနှင်းဆီ ကန်ချောင်း...။ လွမ်းမတတ်စကားဝါ အငူမှာ နံသာဖြူ လေးမောင့်စံကျောင်း” ဆိုတဲ့ ကဗျာလေး အကုန်တော့ မရတော့ဘူး...။ အဲဒီထဲမှာရော ပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ မြေခင်းအလှအကြောင်းလေးတွေ သရုပ်ဖော်ထားသလို စဉ်းစားစရာလေးတွေပေ့ါ...။ အင်း ကျနော်တို့တွေ Build environment အကြောင်းပြောရင်း ကိုယ့်ပတ်ဝန်းကျင်တွေကို လေ့လာစူးစမ်း ပြီး .... ကိုယ့်မြို့ ကိုယ့်ရွာရဲ့ အခြေအနေတွေ၊ အိမ်ယာ အဆေက်အအုံတွေရဲ့ တည်ဆောက်ထားမှုတွေ...။ နောက် အဲဒီမှာ တည်ဆောက်ထားမှုတွေမှာ ဘာတွေ ပြုပြင်သင့်သလဲ..၊ ဘာတွေကောင်းမွန်သလဲ...၊ ဘယ်လိုလုပ်လိုက်ရင် လှပသွားမလဲ...၊ ဘာတွေလုပ်လိုက်ရင် ဖြင့် လူတွေ နှစ်သက်ဖွယ်ဖြစ်သွားလိမ့်မလဲ...၊ ဆိုတာတွေ တွေးတောကြံစည်စဉ်းစားရင်း တော၊ တောင်၊ ရေ၊ မြေတွေရဲ့ သဘာဝတွေ အားလုံးကို ခြုံငုံလေ့လာမယ် ဆိုရင်ဖြင့် အကောင်းဆုံးသော Build environment ကိုထိန်းသိမ်းနိုင်တဲ့သူတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်မိကြောင်း...။




လေးစားစွာဖြင့်

MMO

No comments:

Post a Comment